In partnership with  logo
လစာကောင်းတဲ့ အလုပ်လိုချင်ကြတာကတော့ လူတိုင်းရဲ့ အိပ်မက်ပါပဲ။

လစာကောင်းကောင်းလိုချင်တယ် ဆိုတဲ့ စကားကို လူတိုင်းလိုလိုဆီက ကြားဖူးမှာပါ။ လစာကောင်းတဲ့ အလုပ်လုပ်ချင်တယ်၊ လစာကောင်းတဲ့ ကုမ္ပဏီမှာ လုပ်ချင်တယ် စတဲ့ စကားတွေကို ကိုယ်တိုင်လည်း ပြောဖူးသလို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေဆီကနေလည်း ကြားဖူးကြမှာပါ။ တကယ်တော့ လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ရရှိဖို့ ဆိုတာ ကိုယ်ကိုယ်တိုင်က လုပ်မှ ရမှာဖြစ်ပါတယ်။



လစာကောင်းဖို့ ဘာတွေလုပ်ကြမလဲ။

၁။ အလုပ်အကိုင်အတွေ့အကြုံကောင်းကောင်းရယူပါ။ 

ဝန်ထမ်းတိုင်း လစာကောင်းကောင်းလိုချင်တယ်ဆိုတာက သဘာဝပါ။ ဒီလို လစာကောင်းကောင်းရဖို့ဆိုရင် ကိုယ့်ဆီမှာ အတွေ့အကြုံ ကောင်းကောင်းတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့်မို့ ပထမဆုံး ကိုယ်က အလုပ်ခုမှ စဝင်သူဆိုရင် လစာ ဆိုတဲ့ အရာကို ဒုတိယနေရာမှာ ထားပြီး ဒီလုပ်ငန်းခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ လုပ်ငန်းအတွေ့အကြုံပေးနိုင်မလားဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ 

၂။သင်ယူလေ့လာပါ 

လုပ်ငန်းအတွေ့အကြုံယူနေရင်းက လုပ်ငန်းခွင်အတွင်း သင်ယူလေ့လာသွားဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့လုပ်ငန်းအတွေ့အကြုံတွေကနေတစ်ဆင့် ကိုယ့်လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့၊ လိုအပ်တဲ့ ဗဟုသုတတွေ ရနိုင်ပါတယ်။ ဒါ့ကြောင့်မို့ နေ့စဉ် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရင်း ကိုယ့်အတွက် လိုအပ်တဲ့ လုပ်ငန်းခွင်ဗဟုသုတတွေကိုလည်း ရှာဖွေလေ့လာသင်ယူသွားဖို့ လိုအပ်ပါတယ်။ 

၃။ သက်ဆိုင်ရာ သင်တန်းတွေ တက်ရောက်ပါ 

လုပ်ငန်းခွင်အတွင်းကနေ လေ့လာသင်ယူသလိုပဲ လုပ်ငန်းခွင်ပြင်ပကနေလည်း လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ အဲဒါတွေက‌တော့ သင်တန်းတွေပါပဲ။ ကိုယ့် လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့၊ ကိုယ့်လုပ်ငန်းခွင်အတွက် မရှိမဖြစ် လိုအပ်တဲ့ သင်တန်းတွေကိုလည်း တက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ အလုပ်ရှာနေသူဖြစ်ခဲ့မယ်ဆိုရင်လည်း ကိုယ်လျှောက်ထားမယ့် ကုမ္ပဏီဟာ လုပ်ငန်းခွင်Tranning တွေပေးတတ်တ့ဲ ကုမ္ပဏီမျိုးလားဆိုတာကို စုံစမ်းထားသင့်ပါတယ်။ 

၄။ လုပ်ငန်းအကြောင်း မျက်စိဖွင့်နားစွင့်နေပါ 

လုပ်ငန်းအကြောင်း သိနေတဲ့သူအတွက် လစာတိုးဖို့ မခက်ပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲနေတာမျိုးထက် ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ တခြားအရာတွေ၊ လုပ်ငန်းဆောင်တာတွေကို သိထားအောင် မျက်စိဖွင့် နားစွင့်ထားတာက ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ Skills တွေကို ဖြည့်ပြီးသားဖြစ်နေမှာပါ။ 

ကောင်းမွန်တဲ့လုပ်ငန်းအတွေ့အကြုံတွေကနေတစ်ဆင့် ကိုယ့်လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့၊ လိုအပ်တဲ့ ဗဟုသုတတွေ ရနိုင်ပါတယ်။

၅။ လုပ်ဖော်ကိုင်ဖက်များရဲ့ တုံ့ပြန်စကားကို လက်ခံပါ 

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲမြင်နေဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် တစ်ခါတရံမှာ ကိုယ်နဲ့ အလုပ်အတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး ၊ အောက်လက်ငယ်သားတွေရဲ့ အမြင်ကို သိဖို့ လိုအပ်ပါတယ်။ အလုပ်မှာ ပွင့်လင်းမြင်သာရှိပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်နေခြင်းက လုပ်ငန်းဆောင်တာ ဆောင်ရွက်ရာမှာလည်း လွယ်ကူမြန်ဆန်သလို ရာထူးလစာ တိုးဖို့လည်း လွယ်ကူစေပါတယ်။ 

ဒီ (၅) ချက်ကိုသာ သေချာ လုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းခွင်မှာ ဆက်ဆံရေးကောင်းသူ၊ အလုပ်ကြိုးစားသူ၊ ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို အမြဲကြိုးစားရှာဖွေနေသူအဖြစ် အလုပ်ရှင်က သဘောကျနှစ်ခြိုက်စေပါလိမ့်မယ်။ ဒီအချက်တွေ ဆောင်ရွက်ဖြည့်ဆည်းနေရင်းတောင် လစာ ၊ ရာထူး တိုးမလာခဲ့ဘူးဆိုရင်လည်း ကိုယ်ဟာ လစာ ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဆီကို အချိန်မရွေး ရွှေ့ပြောင်းနိုင်ပြီး လစာပိုမိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနိင်မှာဖြစ်ပါတယ်။ 

အလုပ်ရှင်တွေဆီက ဝန်ထမ်းတိုင်း လစာထက် ပိုမျှော်လင့်နေတဲ့အရာ (၆) ခု နဲ့ အလုပ်မှာ ရာထူးလစာကောင်းမွန်လာစေဖို့ မဖြစ်မနေရှိနေသင့်တဲ့ ကျွမ်းကျင်မှု (၅) မျိုး တွေမှာ ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်၊။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3g3Wr8A ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က