In partnership with  logo
ကိုဗစ်ကာလမှာ ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း များပြားလှပါတယ်။

ကိုဗစ်ကာလအကြပ်အတည်းမှာဝန်ထမ်းတွေရဲ့စိုးရိမ်ပူပန်မှုတွေများပြားနေသလို လိုလားတောင့်တနေတဲ့ အရာတွေလည်း ရှိနေပါတယ်။အလုပ်ရှင်တွေအနေနဲ့ ဒီလိုကိုဗစ်ကာလရဲ့အခက်အခဲတွေကြားမှာ လုပ်ငန်းဆောင်ရွက်မှုတေွပြုလုပ်ပေးနေကြတဲ့ ဝန်ထမ်းတွေရဲ့လိုလားတောင့်တမှုတွေကို ဖြည့်ဆည်းပေးုင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ လုပ်ငန်းခွင်ဖြစ်မှသာ ဝန်ထမ်းကောင်းတွေ မြဲဖို့ရာ ရာနှုန်းပြည့်သေချာမှာပါ။ဒီလိုလုပ်ငန်းခွင်ကိုပဲ ဝန်ထမ်းတွေက အလုပ်လျှောက်ချင်ကြပါတယ်။အလုပ်ရှာဖွေသူတွေအနေနဲ့ ဘယ်လိုအချက်တွေနဲ့ပြည့်စုံတဲ့ ကုမ္ပဏီတွေ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ချင်သလဲ၊ ဘယ်လို စံနှုန်းတွေနဲ့ အလုပ်လျှောက်ထားတတ်ကြသလဲ ဆိုတာကို မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ဖြစ်တဲ့ Myjobs က မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေနေသူ ၄၀၀၀ ကို စစ်တမ်းကောက်ယူရာမှာတော့ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ အချက်က (၆)ချက်ကို တွေ့ရှိခဲ့ရပါတယ်။



၁။အလုပ်ခိုင်မာမှု 

ကိုဗစ်‌ရောဂါ ပြန့်နှံ့နေပြီ အလုပ်ရုံတွေမှာ အလုပ်ဆင်းလို့ မရနိုင်တော့ဘူးဆိုတဲ့ အချိန်မှာ ဝန်ထမ်းအများစုရဲ့ စိုးရိမ်ပူပန်မှုဟာ ငါတော့ အလုပ်ပြုတ်တော့မှာလား မသိဘူးဆိုတဲ့ အရာပါပဲ။ ကိုယ့်ရဲ့ အလုပ်အကိုင်ရာထူးနေရာ ပြုတ်သွားပြီး အိမ်မှာပဲ နေရတော့မှာကို ဝန်ထမ်းတိုင်း ကြောက်ရွံ့ပူပန်ကြပါတယ်။ ဒီလို ကိုဗစ်ကာလမှာ ဝန်ထမ်းတွေ ပထမဆုံး လိုလားတောင့်တတဲ့ အရာက‌ေတာ့ အလုပ်မပြုတ်ဖို့ဖြစ်ပါတယ်။ 

၂။လစာဖြတ်တောက်မခံရမှု 

အလုပ်မပြုတ်တော့တာ သေချာသွားပြီဆိုရင်တော့ ဝန်ထမ်းတွေရဲ့ ဒုတိယ လိုလားတောင့်တတဲ့အရာကတော့ လစာဖြတ်တောက် မခံရရေးပါ။ ဒီလို ကိုဗစ်ကာလမှာ လစာ တစ်ဝက် ဖြတ်ခံရသူတွေ၊ လစာ ဖြတ်ခံရသူတွေ မနည်းတာကြောင့် လစာဖြတ်တောက်ခြင်းမခံရတဲ့ လုပ်ငန်းခွင်တွေအကြောင်း ကြားရတဲ့အခါ အားကျစိတ်နဲ့ အဲဒီလို အလုပ်ခွင်မျိုးကို ပိုမို လုပ်လိုကြပါတယ်။ လစာဖြတ်တောက်မခံရတဲ့ လုပ်ငန်းခွင်မှာ အလုပ်လျှောက်လိုကြတာကို စစ်တမ်းတွေအရ တွေ့မြင်ရပါတယ်။ 

၃။လုပ်ငန်းခွင်လုံခြုံမှု 

ကိုဗစ်ဖြစ်နေတဲ့ ကာလဖြစ်ပေမယ့်လည်း အလုပ်ရုံ (သို့) ရုံးကို သွားရောက် အလုပ်ဆင်းဖို့ လိုအပ်နေတဲ့အခါမျိုးမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကာကွယ်တားဆီးမှုတွေအပြည့်အဝပေးတာမျိုးကို ဝန်ထမ်းတွေက လိုလားကြပါတယ်။ လုပ်ငန်းခွင်ဟာ ရောဂါကူးစက်မှု မရှိစေဖို့ စနစ်တကျ ကာကွယ်ရေးပစ္စည်းတွေ အပြည့်အစုံ ထားရှိပေးဖို့ ကလည်း ဝန်ထမ်းတွေရဲ့ လိုလားတောင့်တမှုပါပဲ။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်လုံခြုံဖို့ နဲ့ ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို အထူးဂရုစိုက်ပေးတဲ့ လုပ်ငန်းခွင်မျိုးဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေတဲ့ လုပ်ငန်းခွင်ပဲ ဖြစ်ပါတယ်။ 

ကိုဗစ်ကာလမှာ အထူးလိုအပ်တဲ့အရာကတော့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ပဲဖြစ်ပါတယ်၊

၄။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု 

ကိုဗစ်ကာလမှာ အထူးလိုအပ်တဲ့အရာကတော့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ပဲဖြစ်ပါတယ်၊ များသောအားဖြင့် အိမ်မှာ အလုပ်လုပ်ရတဲ့ စနစ်ကို ပိုမိုကျင့်သုံးနေရတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု သာ မရှိဘူးဆိုရင် လုပ်ငန်းခွင်ဟာ ကမောက်ကမဖြစ်နေပြီး အလုပ်တွေကို စနစ်တကျ မလုပ်ကိုင်နိုင်တာ၊ လိုအပ်တဲ့ လုပ်ငန်းခွင်ပစ္စည်း၊ အထောက်အပံ့တွေ မရရှိတာကြောင့် အလုပ်ကောင်းမွန်စွာ မလုပ်နိုင်တာတွေ ဖြစ်နိုင်တဲ့အတွက် ကိုဗစ်ကာလမှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုမှာ လုပ်ငန်းတိုင်းမှာလိုအပ်ပါတယ်။ 

၅။နိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု 

ဝန်ထမ်းတွေအနေနဲ့ ကိုယ် အလုပ်လုပ်နေတဲ့ ကုမ္ပဏီဟာ နိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအပြည့်အဝရှိတဲ့ ကုမ္ပဏီဖြစ်စေချင်ကြပါတယ်။ ကိုဗစ်ကာလ ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို သေချာ လိုက်နာပြီး လုပ်ငန်းခွင်ကို လုံခြုံစိတ်ချတဲ့ လုပ်ငန်းခွင်ဖြစ်စေတာ ၊ နိုင်ငံတော် ကို ပေးဆောင်ရတဲ့ အခွန်တွေကို ဦးစီးဦးဆောင်ပြု ပေးဆောင်စေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ ရသင့်ရထိုက်တဲ့ SSB ကြေးလို ငွေကြေးမျိုးတွေ ရရှိစေတာ စတာတွေကလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေတဲ့ အရာတွေပါပဲ။  

၆။အသိအမှတ်ပြုလက်ခံမှု 

နောက်ဆုံးအချက်ကတော့ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုတွေ၊ အားထုတ်ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုလက်ခံတာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဟာ အိမ်ပြင်မထွက်ရဘဲ အိမ်ထဲမှာသာ နေထိုင်နေရတာဖြစ်တဲ့အတွက် လူတိုင်းလိုလို စိတ်ဖိစီးမှုဒဏ်ကို ခံစားကြရပါတယ်။ အိမ်မှာ အလုပ်တွေ လုပ်ကိုင်နေရတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ့်ရဲ့ ကုမ္ပဏီ (ဒါမှမဟုတ်) အလုပ်ရှင်က အသိအမှတ်ပြုလက်ခံတာကို ရရှိတဲ့အခါမှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်တာကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါတယ်။ 

ဝန်ထမ်းတွေ အလုပ်လုပ်ခွင့်ရချင်တဲ့ လုပ်ငန်းခွင်တွေအကြောင်းကို Myjobs.com.mm ရဲ့ Head of Marketing ဦးသူကြွယ်ခန့်စိုးက “တချို့ကုမ္ပဏီတွေဆို ကိုယ့်ဝန်ထမ်းတွေတင်မကဘူး၊ ကိုယ့်ဝန်ထမ်းတွေရဲ့ မိသားစုတွေ ၊ကိုယ့်ဝန်ထမ်းတွေရဲ့ ဘေးက Society တွေ ၊ ဉပမာ ကိုဗစ်နဲ့ ပတ်သက်ပြီး ထောက်ပံ့ကူညီတာတွေ ၊ ကိုယ့်လုပ်ငန်းတွေအနေနဲ့ ဦးဆောင်ဦးရွက် ပြုတဲ့လုပ်ငန်းတွေဆိုရင် ဝန်ထမ်းတွေက ကိုယ့်လုပ်ငန်းကို ပိုယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အလုပ်ရှင်က ငါတို့ကိုလည်း ဂရုစိုက်တဲ့အပြင် ငါတို့ရဲ့ ပတ်ဝန်းကျင် ၊ Community ကိုလည်း ဂရုစိုက်တယ်။ တရားဝင် အခွန်ဆောင်တာတွေလည်း ရှိတယ်။ နိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိူလည်း လိုက်နာတယ်။ ဒါတွေက ဝန်ထမ်းတွေ အလေးထားတဲ့အထဲမှာပါတာပေါ့။ လစာတွေ ပုံမှန်ရနေတာမျိုးတွေ ၊ အလုပ်တွေလည်း မပျက်ဘူး။ လစာတွေလည်း မဖြတ်ဘူး၊ အလုပ်တွေလည်း ပြုတ်ဖို့ အလားအလာမရှိဘူးဆိုရင် ဝန်ထမ်းတွေက ဒီအလုပ်အပေါ်မှာ ပိုယုံကြည်မှု ပိုရှိတာပေါ့။ တချို့အလုပ်တွေဆို ကိုဗစ်ဖြစ်လာတဲ့ကာလမှာ ကိုယ့်ရဲ့ လုပ်ငန်းခွင်ကို ဘယ်လို စီမံကွပ်ကဲမလဲဆိုတဲ့ မှန်ကန်တဲ့စီမံခန့်ခွဲမှု Plan တွေကြိုရှိနေတာမျုိးဆိုရင်လည်း ဝန်ထမ်းတွေအနေနဲ့လည်း ပိုပြီးတော့ အလုပ်လုပ်ရတာ အဆင်ပြေတယ်။"လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၂၀၂၁ မှာ အလုပ်အကိုင်အခွင့်အလမ်းအကောင်းဆုံးဖြစ်လာနိုင်တဲ့ နယ်ပယ် (၄) ခု  နဲ့ လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းရဖို့ ဘာတွေလုပ်ရမလဲတွေမှာ လေ့လာဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းပါရစေ။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း  https://bit.ly/3g3Wr8A မှာ လျှောက်ထားနိုင်ပါတယ်။ 

မြန်မာ့အကောင်းဆုံး ကုမ္ပဏီ လုပ်ငန်း ၁၀၀ အကြောင်းကို  ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


Share

Loading Next Article...
က္က