In partnership with  logo
၂၀၂၁ မှာ ပိုမို ပွင့်လန်းလာနိုင်တဲ့ လုပ်ငန်းနယ်ပယ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

၂၀၂၁ မှာမှ အလုပ်လျှောက်ဖို့အတွက် ၊ လုပ်ငန်းခွင်ဝင်ဖို့အတွက် တာဆူနေကြသူတွေအနေနဲ့ ဘယ်လိုအလုပ်အကိုင်၊ ဘယ် လုပ်ငန်းနယ်ပယ်က အလုပ်လျှောက်လို့ ကောင်းပြီး အလုပ်ရဖို့ အခွင့်အလမ်းများတဲ့ လုပ်ငန်းနယ်ပယ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။HR လုပ်ငန်းနယ်ပယ်

လက်ရှိမှာ အရမ်းခေတ်စားနေတာကတော့ HR လုပ်ငန်းနယ်ပယ် ပဲဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါများသလို HR Management ပိုင်းကိုလည်း လူတွေ အရမ်းကို စိတ်ဝင်စားလာကြတာတွေ့ရပါတယ်။ သင်တန်းတွေ အမြောက်အမြားဖွင့်လှစ်ထားတာကိုလည်း အားလုံးသိကြမှာပါ။ HR လုပ်ငန်းနယ်ပယ်ကတော့ ဝန်ထမ်းရေးရာစီမံခန့်ခွဲရတဲ့ဌာနမို့ လုပ်ငန်းတိုင်းမှာ မရှိမဖြစ်လိုအပ်ပါတယ်။ 

၂၊Digital Marketingလုပ်ငန်းနယ်ပယ် 

HR နဲ့အပြိုင်ခေတ်စားနေတဲ့ လုပ်ငန်းနယ်ပယ်ကတော့ Digital Marketingလုပ်ငန်းနယ်ပယ်ပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် လုပ်ငန်းအတော်များများ Digital Platform ကနေ သွားနေရပြီဖြစ်တာကြောင့် Digital Marketing ပိုင်းဟာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာပါတယ်။ ဖန်တီးရတာ ၊ ဉာဏ်ကို လွှာသုံးရတာတွေ ကြိုက်နှစ်သက်ကြတဲ့သူတွေအနေနဲ့တော့ Digital Marketing ပိုင်းမှာ ဝင်ရောက်လုပ်ကိုင်တာ ပိုကောင်းပါတယ်။ 

Accounting ဟာလည်း HRနည်းတူ လုပ်ငန်းတိုင်းမှာ မရှိမဖြစ်လိုအပ်နေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ 
freepik

photo-freepik

၃။Accounting လုပ်ငန်းနယ်ပယ်

စာရင်းအင်းလုပ်ရတာ ကြိုက်နှစ်သက်သူတွေ၊ သင်္ချာကို အရမ်းသဘောကျသူတွေအနေနဲ့ Accounting လုပ်ငန်းနယ်ပယ်ကို ဝင်ရောက်တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Accounting ဟာ ၂၀၂၁ အတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းပေါများနေမယ့် လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်နေလို့ပါ။ နောက်ထပ်တစ်ချက်ကတော့ Accounting ဟာလည်း HRနည်းတူ လုပ်ငန်းတိုင်းမှာ မရှိမဖြစ်လိုအပ်နေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ 

၄။Service လုပ်ငန်းနယ်ပယ် 

နောက်ပိုင်းမှာ အားကောင်းလာနိုင်တဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကတော့ Service ပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ပဲဖြစ်ပါတယ်။ လူတွေဟာ ကိုဗစ်ကြောင့် အိမ်မှာ အနေများလာတဲ့အခါမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ယခင်ကထက် ပိုမို အသုံးပြုလာကြတာကို တွေ့ရပါတယ်။ လူတွေ ပိုမို အသုံးပြုလာတာနဲ့အမျှ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း အလုပ်သမားလိုအပ်မှုတွေဟာ ပိုမိုများပြားလာပါတယ်၊ ဒါ့ကြောင့် လူတွေနဲ့ ပြောဆိုဆက်ဆံရတာ သဘောကျတဲ့သူ၊ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူ ၊ ဝန်ဆောင်မှု ပြုလုပ်ရတာ ကြိုက်နှစ်သက်သူတွေအတွက် Service လုပ်ငန်းနယ်ပယ်ကို ဝင်ရောက်လုပ်ကိုင်တာက သင့်လျေ်ပါတယ်။ 


အလုပ်ဝင်ရောက်မယ့်သူတွေအတွက် အကြံပေးစကား 

ဘယ်လိုနယ်ပယ်ကို ဝင်ရောက်မယ့်သူပဲဖြစ်ဖြစ် ကိုယ်ဝင်ရောက်မယ့် လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် သင်တန်‌းတွေ တက်ရောက်ထားပါ။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်ပြီး သိလိုသမျှကို အင်တာနက်မှာ ရှာဖွေပါ။ အရေးကြီးဆုံးအချက်ကတော့ ဘယ်နယ်ပယ်ကို ဝင်ရောက်သည်ဖြစ်စေ၊ Digital Tools တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လေ့လာပါ။ ဒီကာလဟာ အိမ်မှာ အလုပ်လုပ်ရတဲ့ ကာလဖြစ်တဲ့အတွက် Digital Toolsတွေ အသုံးပြုတတ်သူ နည်းပညာဗဟုသုတရှိသူတွေက အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ 

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေနေသူတွေအနေနဲ့ လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းရဖို့ ဘာတွေလုပ်ရမလဲ နဲ့ Work from Home လုပ်လို့ ရနိုင်မယ့် အလုပ်တွေကို လျှောက်ကြမယ် တွေကို ဆက်လက်လေ့လာဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9 ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။



Share

Loading Next Article...
က္က