In partnership with  logo
ဝန်ထမ်းတွေအဖို့ အရင်ကလို ကွန်ပျူတာသုံးတတ်ရုံနဲ့တင် မလုံလောက်တော့ဘဲ နည်းပညာတတ်ကျွမ်းကို မြှင့်တင်ဖို့ လိုလာပြီလည်း ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါမဖြစ်ခင်ကတည်းက တောင်းဆိုမှုမြင့်မားခဲ့တဲ့ လုပ်ငန်းခွင်နည်းပညာ တတ်မြောက်မှုဟာ ကပ်ဘေးအတွင်းမှာ မရှိမဖြစ် တတ်ကျွမ်းရမယ့် Mandatory Skills တွေ ဖြစ်လာခဲ့ပါတယ်။

           ၂၀၁၉ နှစ်ကုန်ပိုင်းက စတင်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ လုပ်ငန်းခွင်အလေ့အထ ပုံစံသစ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဖန်သားပြင်ပေါ်ကနေ တွေ့ဆုံရတဲ့ ပုံရိပ်ယောင် အစည်းအဝေးများ ၊ အဝေးရောက် စုပေါင်းအလုပ်လုပ်ရတဲ့ ပုံစံသစ်များ နဲ့ Digital Tools နဲ့ ပလက်ဖောင်းများ သုံးပြီး သတင်းအချက်အလက်များ ပေးပို့ရယူဖန်တီးခြင်း စတဲ့အလုပ်တွေကို လုပ်‌ဆောင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုဟာ အခရာကျလာခဲ့ပါတယ်။



           ဝန်ထမ်းတွေအဖို့ အရင်ကလို ကွန်ပျူတာသုံးတတ်ရုံနဲ့တင် မလုံလောက်တော့ဘဲ နည်းပညာတတ်ကျွမ်းကို မြှင့်တင်ဖို့ လိုလာပြီလည်း ဖြစ်ပါတယ်။ မဖြစ်မနေတတ်မြောက်ထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကတော့ -


(၁) Communication


           အရင်က အလုပ်တွေမှာ ဆက်သွယ်ရေးစနစ်အတွက် အီးမေးလ်ပို့တာ ၊ Microsoft Office tools တွေ သုံးတတ်တာနဲ့ တင် လုံလောက်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ Digital Conferencing လို့ ခေါ်တဲ့ အွန်လိုင်းအစည်းအဝေးပလက်ဖောင်းမျိုးစုံလည်း အသုံးပြုတတ်ဖို့ လိုလာပြီ ဖြစ်ပါတယ်။

           COVID-19 ကပ်ဘေးအတွင်းမှာ လူသုံးများတဲ့ Zoom Meetings ၊ Google Meet ၊ Microsoft Team ၊ Skype နဲ့ Slack စတဲ့ ဝန်ဆောင်မှုတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် လေ့ကျင့်သင်ယူဖို့ လိုပါတယ်။ အသုံးပြုနည်းအဆင့်ဆင့်ကို YouTube မှာ Tutorial ဗွီဒီယိုတွေအနေနဲ့ ရှာပြီး လေ့လာနိုင်ပါတယ်။


(၂) Social Media


           Social Media ပလက်ဖောင်းတွေ မသုံးတတ်ရင်လည်း အလုပ်ခွင်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ Social Media ဟာ သတင်းအချက်အလက်သစ်တွေ စီးဆင်းရာ ပလက်ဖောင်းဖြစ်တဲ့အပြင် ဖောက်သည်တွေကို ဆွဲဆောင်ဖို့နဲ့ ဈေးကွက်ထိုးဖောက်ရာမှာပါ အရေးပါတဲ့ လက်နက်တစ်ခု ဖြစ်လာနေပါတယ်။ Social Media Skills ကောင်းတဲ့သူဟာလည်း လုပ်ငန်းခွင်မှာ သူများထက် အရည်အချင်းပိုပြနိုင်ပြီး အခွင့်အလမ်းပိုရနိုင်ပါတယ်။

Social Media ပလက်ဖောင်းတွေ မသုံးတတ်ရင်လည်း အလုပ်ခွင်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။


           Social Media ပိုင်းနဲ့ ပတ်သက်ရင် Facebook ၊ TikTok တို့အပြင် Instagram ၊ Twitter ၊ LinkedIn ၊ Snapchat နဲ့ Pinterest စတဲ့ ပလက်ဖောင်းတွေလည်း အကျွမ်းတဝင်ဖြစ်အောင် လေ့လာထားသင့်ပါတယ်။ ဖုန်းတစ်လုံးရှိရုံနဲ့ Social Media app တွေကို သုံးနိုင်ပါတယ်။ ကိုယ်မသိတဲ့ Tips & Tricks လေးတွေကိုတော့ သူငယ်ချင်းတွေကို မေးမြန်းပြီး ဖြစ်စေ အွန်လိုင်းမှာ Search လုပ်ပြီး ဖြစ်စေ လေ့လာနိုင်ပါတယ်။

(၃) Productivity Apps


           လုပ်ငန်းခွင်သုံး Apps တွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Microsoft နဲ့ Google services တွေ တတ်ကျွမ်းဖို့ လိုပါတယ်။ စာရင်းအင်းတွေအတွက် Microsoft Excel နဲ့ Google Sheets ၊ Presentation လုပ်ဖို့အတွက် Google Suite ၊ Microsoft Office PowerPoint နဲ့ စာစီစာရိုက်အတွက် Microsoft Word ၊ Google Docs စတဲ့ ပလက်ဖောင်းတွေ သုံးတတ်ရမှာပါ။

           တချို့လုပ်ငန်းခွင်တွေအတွက် Slack ၊ Trello ၊ To Do List နဲ့ Calendar စတဲ့ လုပ်ငန်းသုံး Productivity apps တွေ အသုံးပြုနည်းလည်း လေ့လာထားသင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရုံးတွေမှာ ဒီလို Productivity Apps သစ်တွေ အသုံးပြုနည်းကို Training ပေးလေ့ရှိကြပါတယ်။

Digital Tools တွေကို အသုံးမပြုတတ်သူတွေအတွက် Digital Tools တွေကို လွယ်လွယ်ကူကူအသုံးပြုတတ်သွားစေမယ့် နည်းလမ်း (၃) သွယ်

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9 ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က