In partnership with  logo
အထက်လူကြီးနဲ့ ကိုယ်နဲ့ အမြင်မတူတဲ့ အခါမျိုးတွေ ရှိလာနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့အခါ တစ်ဦးနဲ့ တစ်ဦး အမြင်မတူတာတွေ ရှိလာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအချင်းချင်း အမြင်မတူတာက နှစ်ဦးနှစ်ဖက်သေချာ တိုင်ပင်ဆွေးနွေးလိုက်လို့ အဆင်ပြေပေမယ့် အထက်လူကြီးနဲ့ အမြင်ချင်း ၊ သဘောထားချင်း မတူညီ မတိုက်ဆိုင်တဲ့အခါမှာ အခက်တွေ့နိုင်ပါတယ်။ ဒီနေ့မှာတော့ အထက်လူကြီးနဲ့ ကိုယ်နဲ့ လုပ်ငန်းကိစ္စတစ်ခုမှာ စိတ်သဘောထားအမြင်ချင်း မတူတဲ့အခါ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ပြဿနာအရင်းခံကို အရင်ရှာဖွေပါ

အရင်ဦးစွာ မပြောဆိုမဆွေးနွေးခင် ဘယ်ကိစ္စကို ဆွေးနွေးညှိနှိုင်းမှာလဲ၊ ကိုယ့်ဘက်က ဘယ်လိုအမြင်မျိုး ရှိနေတာလဲဆိုတာကို အပြုသဘောဘက်ကနေ အရင်ဆုံး စဉ်းစားဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်ကနေလည်း ပြောဆိုဆွေးနွေးရမယ့် ကိစ္စရပ်နဲ့ သက်ဆိုင်သမျှ အကြောင်းအရာတွေကို စုဆောင်းဖို့ လိုပါတယ်။ ဘယ်လိုအကြောင်းအရာတွေက အထက်လူကြီးနဲ့ ကိုယ့်ကို အမြင်ကွဲလွဲစေတာလဲဆိုတာကို ကိုယ့်ဘက်က ကောင်းစွာ သိနားလည်နေမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ပိုမိုလွယ်ကူသွားစေပါတယ်။

၂။တခြားသူတွေရဲ့ အမြင်ကိုလည်း တောင်းခံပါ

ကိုယ့်တစ်ယောက်တည်းရဲ့ အမြင်က မှန်ကန်နေတာမျိုး၊ အထက်လူကြီးရဲ့ အမြင်ကသာ မှန်ကန်နေတာမျိုးတွေထက် အလုပ်လုပ်ရာမှာ အဖွဲ့အစည်းနဲ့ လုပ်ရတာဖြစ်တဲ့အတွက် တခြားအဖွဲ့ဝင်တွေရဲ့ အမြင်လည်းလိုအပ်ပါတယ်။ လုပ်ငန်းအတူတကွပူးပေါင်းဆောင်ရွက်နေသူတွေကလည်း ဒီကိစ္စရပ်အပေါ်မှာ ဘယ်လိုအမြင်မျိုးရှိနေသလဲဆိုတာကို မေးမြန်းဆွေးနွေးကြည့်ပါ။ 

၃။ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို တင်ပြပါ

တချို့ဝန်ထမ်းတွေက ကိုယ့် ထင်မြင်ယူဆချက်ကို ပြောပြဖို့ ကြောက်ရွံ့တတ်ကြပါတယ်။ ဝန်ထမ်းတိုင်း ကိုယ့် ရဲ့ ထင်မြင်ယူဆချက်ကို တင်ပြခွင့်ရှိတာဖြစ်တဲ့အတွက် ကြောက်စရာမလိုပါဘူး။ အထက်က (၁) နဲ့ (၂) ကိုယ့်ဆီမှာ သေချာပြည့်စုံစွာ ရှိနေပြီဆိုရင် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်နဲ့ ပတ်သက်ပြီး အထက်ကို တင်ပြလို့ ရပါပြီ။ 

ကိုယ့်ဘက်ကနေ ပြောဆိုဆွေးနွေးရမယ့် ကိစ္စရပ်နဲ့ သက်ဆိုင်သမျှ အကြောင်းအရာတွေကို စုဆောင်းဖို့ လိုပါတယ်။

၄။အထက်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ 

ကိုယ်က အထက်လူကြီးနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်တိုင်း အတင်း ငြင်းခုန်တာမျိုးတော့ မပြုလုပ်သင့်ပါဘူး၊ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာက အထက်လူကြီးရဲ့ နေရာဖြစ်တဲ့အတွက် လုပ်ငန်းကိစ္စ ပိုမို‌ေကာင်းမွန်စေဖို့ ကိုယ့်ရဲ့ အမြင်တွေ ၊ အချက်အလက်တွေ တင်ပြခဲ့ပြီးပြီဖြစ်တဲ့အတွက် ကိုယ့်ရဲ့ တာဝန်ကျေပွန်သွားပါပြီ။ အထက်က ကိုယ်နဲ့ မတူတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်တယ်ဆိုရင်လည်း အဲဒီအပေါ်ကို လေးစားလိုက်နာရပါမယ်။ 

၅။အလွယ်တကူခေါင်းမညိတ်ပါနဲ့

အထက်က ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ ဆိုတာ အလွယ်တကူ ပြောသမျှ ခေါင်းညိတ်ဖို့တော့ မဟုတ်ပါဘူး။ အထက်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုသလို ကိုယ့်ရဲ့ အမြင်ကိုလည်း လေးစားလိုက်နာဖို့ လိုပါတယ်။ အထက်လူကြီးနဲ့ ကိုယ်ဟာ အမြင်ချင်း မတူတဲ့အကြောင်းကိုလည်း တခါတည်း ဆွေးနွေးစဉ်မှာ အေးဆေးသက်သာစွာ ဝန်ခံပြောဆိုထားလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အမြင်ကိုလည်း လေးစားကြောင်း ပြသရာရောက်ပါတယ်။ 

၆။ပုဂ္ဂိုလ်ရေးမဆန်ပါနဲ့၊ ရလဒ်ကောင်းကိုသာ အာရုံစိုက်ပါ

အလုပ်လုပ်တဲ့နေရာမှာ ငါကသာလျှင် အမှန်၊ ငါ့အမြင်ကသာ အကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ စိတ်မျိုးနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကိုယ့်ရဲ့ အမြင်ကသာ အောင်မြင်မှာလို့ ထင်နေတဲ့ စိတ်မျိုးနဲ့တော့ အလုပ်လုပ်လို့ မရပါဘူး။ Professional ကျကျ အလုပ်လုပ်မယ်ဆိုရင် လုပ်ငန်း တိုးတက်ကောင်းမွန်အောင်မြင်ဖို့၊ ရလဒ်ကောင်းဖို့ကိုသာ အာရုံစိုက်သင့်ပါတယ်။ အမြင်မတူတာတွေ ငြင်းခုန်တဲ့အခါ ပုဂ္ဂိုလ်ရေးဆန်တာတွေကို ဘေးချိတ်ထားသင့်ပါတယ်။

၇။နောက်ဆုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါ

ဆုံးဖြတ်ချက်ချမှတ်ပြီးတဲ့ အဆင့်ရောက်သွားခဲ့ပြီဆိုရင်တော့ အထက်လူကြီးက ဘာ့ကြောင့် ဒီလို ဆုံးဖြတ်ချက် ချမှတ်သလဲဆိုတာကို မေးမြန်းခွင့် ကိုယ့်မှာ ရှိပါတယ်။ ကိုယ့်အမြင် နဲ့ အထက်လူကြီး ရဲ့ အမြင်ကိုလည်း ယှဉ်တွဲသုံးသပ်ကြည့်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ရလာတဲ့ ရလဒ်အထိ စောင့်ကြည့်ပြီး ဘာက ဟာကွက်အနေနဲ့ ရှိနေတာလဲဆိုတာကိုပါ ကိုယ့်အတွက် သင်ယူသွားမယ်ဆိုရင် အထက်လူကြီးနဲ့ ကိုယ်နဲ့ အမြင်မတူတာတွေကနေတစ်ဆင့် ကိုယ့်အတွက် ပညာတွေ၊ အတွေ့အကြုံတွေပါ ရသွားနိုင်ပါတယ်၊ 

တစ်ချိန်ချိန်မှာ ကိုယ်ဟာလည်း အထက်လူကြီးဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ရမယ့် နေရာကို ရောက်ရှိလာမှာဖြစ်တဲ့အတွက် ကိစ္စရပ်တိုင်းကို ဘယ်လိုအမြင်နဲ့ ဆုံးဖြတ်ချက်ချသင့်သလဲဆိုတာကို ကိုယ့်ဘက်က ကောင်းကောင်းသိထားဖို့ လိုအပ်ပါတယ်။ 

ဆက်လက်ပြီး HR လောကထဲဝင်မယ်ဆိုရင် မဖြစ်မနေသိထားရမယ့်အရာများ နဲ့ လက်ရှိအလုပ်ကနေ နောက်အလုပ်တစ်ခုကို လျှောက်ဖို့လိုအပ်လာတဲ့ အခြေအနေ ( ၅ ) ရပ် စတာတွေကို ဖတ်ရှုလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း  https://bit.ly/34ydLi9 ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က