In partnership with  logo
ခုနောက်ပိုင်းမှာ HR ဟာ ရေစီးကြောင်းတစ်ခုအနေနဲ့ အလုပ်ဝင်ချင်သူတွေများနေပါတယ်။

အလုပ်လျှောက်ထားတော့မယ်ဆိုရင် ကိုယ်က ဘယ်လို အသက်မေွးဝမ်းကျောင်းကို ရွေးချယ်လျှောက်ထားမှာလဲဆိုတာကို ပထမဆုံး စဉ်းစားဖို့လိုပါတယ်။ ဘယ်လိုအလုပ်ဖြစ်ဖြစ် လစာရရင်ပြီးရောဆိုတာထက် ကိုယ့်နဲ့ ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်းကိုသာ ရွေးချယ်လုပ်ကိုင်သင့်ပါတယ်။ ဒီနေ့မှာတော့ HR လောကကို ဝင်ချင်တဲ့သူတွေအတွက် သိထားသင့်တဲ့ အခြေခံအကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။ 



HR တစ်ယောက်ဟာ ဘာတွေ သိထားသင့်သလဲ 

ရုံးပိုင်းဆိုင်ရာတွေကို တာဝန်ယူဆောင်ရွက်ရတဲ့ HR ဟာ သိထားရမယ့် အချက်တွေ များပြားပါတယ်။ ဒီအချက်တွေထဲက တချို့အချက်တွေကတော့ 

၁။HR ရဲ့ လုပ်ငန်းဆောင်တာတွေ 

၂။HR & Admin ​ရဲ့ လုပ်ဆောင်ရန်လုပ်ငန်းစဉ်တွေ 

၃။အလုပ်ခန့်စာချုပ်ပါအချက်အလက်တွေ 

၄။အလုပ်သမားဥပဒေ၊ လူမှုဖူလုံရေးအာမခံ၊ ဝင်ငွေခွန်တွေ 

၅။ခွင့်ရက်အမျိုးအစားတွေ 

၆။ရုံးပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအဆင့်ဆင့်တွေ 

၇။ဝန်ထမ်းရှာဖွေခန့်ထားရေးတွေ စတာတွေကို အခြေခံသိထားမယ်ဆိုရင် အင်တာ‌ဗျူးမှာလည်း ကောင်းကောင်းဖြေဆိုကျော်လွှားနိုင်မှာဖြစ်သလို လုပ်ငန်းခွင်ရောက်တဲ့အခါမှာလည်း ကိုယ်က တခြားရာထူးတူသူတွေထက် ပိုပြီး တော်တဲ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်မှာ သေချာပါတယ်။ HR နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ရှုရင်း လေ့လာနိုင်သလို HR နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သင်ကြား‌ပေးတဲ့ သင်တန်းတွေလည်း အများကြီး ရှိနေပြီဖြစ်ပြီး ခုချိန်ကတော့ အွန်လိုင်းကနေတောင် သင်ကြားလို့ရနေတဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်တဲ့အတွက် HR လောကထဲဝင်ချင်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ အခွင့်အလမ်းကို လက်မလွှတ်သင့်ဘူးလို့ ပြောချင်ပါတယ်။ 

HR တစ်ယောက်ဟာ ဘာတွေ တတ်ထားသင့်သလဲ 

သိထားရမယ့် အပိုင်းတွေကို သိသွားပြီဆိုရင်တော့ တတ်ထားရမယ့် အပိုင်းတွေ ၊ ရှိထားသင့်တဲ့ အရည်အချင်းတွေကို ပြောပြပေးချင်ပါတယ်။ 

၁။စကားပြောဆိုမှုပိုင်းဆိုင်ရာ အရည်အချင်း 

HR ဆိုတာ ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက် စကားပြောဆိုမှုပိုင်းဆိုင်ရာ တုံ့နှေးနေလို့မရပါဘူး၊ စကားပြောဆိုမှုပိုင်းဆိုင်ရာမှာ သွက်လက်ဖျတ်လက်ပြီး ရည်မွန်နေဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေရတာ ပိုသဘောကျတယ်ဆိုရင်တော့ HR အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် မရွေးချယ်ပါနဲ့လို့ ပြောပါရစေ။ 

HR ဟာ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းဆွေးနွေးပေးတဲ့ ကြားခံနယ်တစ်ခုဖြစ်ပါတယ်။

၂။ကွန်ပျူတာနဲ့ နည်းပညာအခြေခံ 

ရုံးပိုင်းဆိုင်ရာတွေကို ဆောင်ရွက်တဲ့အခါမှာ အီးမေးလ်ပို့ဆက်သွယ်ရတာတွေ၊ ဝန်ထမ်းတွေရဲ့ ဒေတာအချက်အလက်တွေ၊ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကို စာရင်းလုပ်ရတာတွေမှာ ကွန်ပျူတာနဲ့ သိမ်းဆည်းရတာဖြစ်လို့ ကွန်ပျူတာပိုင်းအခြေခံကိုလည်း တတ်ကျွမ်းထားဖို့ လိုအပ်ပါတယ်။ Google Suit အသုံးပြုတတ်သူဆိုရင် ပိုတောင် အဆင်ပြေပါသေးတယ်။ 

၃။Market Price ကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ 

HR ဟာ ဝန်ထမ်းတွေကို ရှာဖွေစုဆောင်းရတဲ့ ဌာနဖြစ်တဲ့အတွက် Market Price ကို မျက်ခြေပြတ်လို့ မဖြစ်ပါဘူး၊ ဝန်ထမ်းတွေရဲ့ လစာကိုလည်း သတ်မှတ်ပေးရတာဖြစ်တဲ့အတွက် အပြင်က ဖြစ်ပေါ်နေတဲ့ Market Price ကိုမသိဘဲ ကုမ္ပဏီအတွင်းမှာ လစာပြောင်းလဲမှုမရှိ တသမတ်တည်း သွားနေမယ်ဆိုရင်လည်း ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးသွားနိုင်ပါတယ်။ 

HR ဟာ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းဆွေးနွေးပေးတဲ့ ကြားခံနယ်တစ်ခုဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ သဘော၊ အလုပ်ရှင်တွေရဲ့ သဘော ၊ ကိုယ့်ကုမ္ပဏီရဲ့ Culture ကိုလည်း နောကြေအောင်သိထားဖို့ အထူးလိုအပ်ပါတယ်၊ ဒါမှသာလျှင် လုပ်ငန်းဆောင်တာကိစ္စရပ်တွေကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 

ဘယ်ကုမ္ပဏီမှာမဆို ၊ ဘယ်လုပ်ငန်းခွင်မှာမဆို HR ဟာ မရှိမဖြစ် လိုအပ်တဲ့ ဌာနတစ်ခုဖြစ်တဲ့အတွက် HR ပိုင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် ‌ေရွးချယ်ထားသူအဖို့တော့ ဘယ်တော့မှ အလုပ်မရှားမှာ သေချာပါတယ်။ 

ဆက်လက်ပြီး ၂၀၂၁ မှာ အလုပ်အကိုင်တွေ ပိုမိုတိုးတ‌က်ကောင်းမွန်ဖို့ လုပ်ဆောင်သင့်တဲ့အချက် (၆) ချက် နဲ့ ၂၀၂၁ မှာ အလုပ်အကိုင်အခွင့်အလမ်းအကောင်းဆုံးဖြစ်လာနိုင်တဲ့ နယ်ပယ် (၄) ခု မှာ ဆက်လက် ဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/34ydLi9 ကနေ တိုက်ရိုက်လျှောက်ထားလို့ ရပါတယ်။ 


Share

Loading Next Article...
က္က