In partnership with  logo
လူတိုင်းက ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။

လက်ရှိအလုပ်လုပ်နေချိန်မှာပဲ နောက်အလုပ်တစ်ခုကို ဆက်လက်ရှာဖွေနေတဲ့သူတွေ ရှိသလို နောက်အလုပ်မရှာတော့ဘဲ လက်ရှိအလုပ်ကိုပဲအာရုံစိုက်လုပ်နေတဲ့သူတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို တော့ အမြဲမပြတ်ရှာဖွေနေသင့်ပါတယ်။အလုပ်လုပ်နေကြတဲ့သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းကတော့ ဘယ်လိုအချိန်မှာ အလုပ်သစ် စရှာသင့်ပြီလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒါဟာ နောက်အလုပ်တစ်ခုကို လျှောက်သင့်လားဆိုတဲ့ မေးခွန်းကို ဟုတ်ပါတယ်လို့ ဖြေလိုက်တာပါပဲ။ 



လျှောက်သင့်တယ်ဆိုရင် ဘယ်လိုအခြေအနေတွေမှာ အလုပ်သစ်လျှောက်သင့်လဲဆိုတာကို စဉ်းစားကြည့်ကြရအောင်။ 

၁။ကိုယ့်လက်ရှိအနေအထားကို မကျေနပ်တဲ့အချိန် 

ကုမ္ပဏီက ဘယ်လောက်ကြီးပြီး ရုံးခန်းက ဘယ်လောက် သားနားနေတာဖြစ်ဖြစ် လက်ရှိ ကိုယ် လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အနေအထားဟာစိတ်ကျေနပ်စရာမရှိဘဲ ကိုယ့်အရည်အချင်းတွေ ထုတ်သုံးခွင့်မရတဲ့ လုပ်ငန်းခွင်ဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရှိမယ့် တခြားလုပ်ငန်းခွင်အသစ်ကို သွားရောက်လုပ်ကိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်သင့်ပါပြီ။ ပထမဆုံးအနေနဲ့တော့ ကိုယ့်ရဲ့ အထက်လူကြီး (ဒါမှမဟုတ်) အလုပ်ရှင်နဲ့ ဒီကိစ္စကို ဆွေးနွေးညှိနှိုင်းကြည့်ပါ။ ဆွေးနွေးကြည့်တဲ့အခါ ကိုယ် စိတ်ကျေနပ်စေမယ့် အဖြေထွက်မလာဘူးဆိုရင်တော့ ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြသလို့ ရမယ့် အလုပ်တစ်ခုကို ပြောင်းလျှောက်ဖို့ စဉ်းစားပါတော့။ 

ရလာတဲ့ လခက ကိုယ့်လုပ်အားနဲ့ ဘယ်လိုမှ ကိုက်ညီမှုမရှိဘဲ ကွာခြားလွန်းနေတဲ့ အခါမျိုးမှာ နောက်အလုပ်တစ်ခုကို ပြောင်းလျှောက်ဖို့အတွက် စဉ်းစားသင့်ပါပြီ။

၂။အသိအမှတ်ပြုမခံရတဲ့အချိန် 

ကိုယ်ဟာ ကုမ္ပဏီမှာ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ကိုယ့်အနေအထားက ဘာမှမဟုတ်သလို ခံစားလာရပြီဆိုရင်လည်း ဒါဟာ အလုပ်သစ်လျှောက်ဖို့ အချက်ပြတာပါပဲ။ လုပ်ငန်းခွင်အတွင်းမှာ ဝန်ထမ်းတိုင်းဟာ သူ့ရာထူးအလိုက် အရေးပါအရာရောက်သူတွေဖြစ်ပါတယ်။ ဒါကို ကိုယ်က ဘာမှအရေးမပါသလို ခံစားနေရပြီဆိုရင် ဒါဟာ လုပ်ငန်းခွင်အတွင်း အသိအမှတ်ပြုမခံရတာ ၊ လေးစားမှုမရှိတာတွေရဲ့ နောက်ဆက်တွဲခံစားမှုတွေ ဖြစ်ပါတယ်။ 

၃။အဆိပ်အတောက်လုပ်ငန်းခွင်ဖြစ်နေတဲ့အချိန် 

ကိုယ့်လုပ်ငန်းခွင်က လူတွေက Teamwork စိတ်ဓာတ်နဲ့ အလုပ်ပူးပေါင်းလုပ်ဆောင်လို့ မရတဲ့အချိန် ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချင်းချင်း အဆင်မပြေတဲ့အချိန် ၊ အထက်လူကြီးနဲ့ မပြေလည်တဲ့အချိန်ဆိုတာ ဝန်ထမ်းတိုင်းလိုလို ကြုံတွေ့ဖူးကြပါတယ်။ ဒီလို သမရိုးကျ လုပ်ငန်းခွင်မပြေလည်မှုတွေမဟုတ်ဘဲ ကိုယ့်တစ်ယောက်တည်းနဲ့ အားလုံးနဲ့ အဆင်မပြေဖြစ်နေတာမျိုး၊ လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက်လို့ မရတာတွေက အမြဲလိုလို ဖြစ်နေတာမျိုး၊ အထက်လူကြီးကလည်း ကိုယ်တင်ပြသမျှ ဘယ်လိုမှလက်မခံတာမျိုးတွေ ကြုံနေရပြီဆိုရင်တော့ ဒီလုပ်ငန်းခွင်ကနေ တခြားအလုပ်သစ်တစ်ခုကို ပြောင်းလျှောက်ဖို့ လိုအပ်လာပါပြီ။ 

၄။လုပ်အားနဲ့ လစာ အလွန်အမင်းကွာခြားနေတဲ့အချိန် 

ကိုယ်က အလုပ်ကို ကြိုးစားပမ်းစား လုပ်ပေမယ့်လည်း ရလာတဲ့ လခက ကိုယ့်လုပ်အားနဲ့ ဘယ်လိုမှ ကိုက်ညီမှုမရှိဘဲ ကွာခြားလွန်းနေတဲ့ အခါမျိုးမှာ နောက်အလုပ်တစ်ခုကို ပြောင်းလျှောက်ဖို့အတွက် စဉ်းစားသင့်ပါပြီ။ တစ်ခါတလေမှာ ကိုယ့်ကုမ္ပဏီက ပေးတဲ့ လစာဟာ အပြင်က တကယ်တမ်း ရရှိနေတဲ့ လစာတွေနဲ့ အများကြီး ကွာခြားနေတတ်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အပြင်မှာ တကယ်တမ်းပေးနေတဲ့ Market Price ကို မလေ့လာဘဲ လစာကို အနည်းငယ်သာပေးပြီး လုပ်အားများများလိုချင်နေတဲ့ ကုမ္ပဏီမျိုးမှာ အလုပ်လုပ်နေတယ်ဆိုရင် တကယ် ရသင့်ရထိုက်တဲ့ လစာပေးတဲ့ ကုမ္ပဏီမျိုးကို ပြောင်းဖို့ တိုက်တွန်းချင်ပါတယ်။ 


၅။အသက်မွေးဝမ်းကျောင်းပြောင်းချင်တဲ့အချိန် 

တစ်ခါတရံမှာ ကိုယ် လက်ရှိလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းက ကိုယ် နဲ့ မကိုက်ညီတဲ့ အလုပ်အကိုင်မျိုးဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်နဲ့ ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်းကို ‌ပြောင်းလဲလုပ်ကိုင်ဖို့ လိုအပ်လာပါပြီ။ ကိုယ်က ဘယ်လိုအသက်မွေးဝမ်းကျောင်း ကိုက်ညီနိုင်မလဲ၊ ဘယ်လို အသက်မွေးဝမ်းကျောင်းမျိုးကို လုပ်ကိုင်ချင်တာလဲဆိုတာကို ဆန်းစစ်ပြီး အလုပ်သစ်ရှာဖွေရာမှာလည်း သေချာရှာဖွေလျှောက်ထားဖို့ လိုအပ်ပါတယ်။ 

သတိထားဖို့တစ်ခုကတော့ အလုပ်ကို မကြာခဏ ၆လ၊ တစ်နှစ်နဲ့ နောက်အလုပ်သစ်တွေ လိုက်လျှောက်နေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ့်ကို အလုပ်မမြဲသူအဖြစ် မြင်သွားနိုင်ပါတယ်။ 

လက်ရှိအလုပ်ရှိနေဆဲက‌နေ တခြားအလုပ်တစ်ခုကို လျှောက်ဖို့လုပ်တော့မယ်ဆိုရင် 

၁။ဘယ်လိုရာထူးအလုပ်အကိုင်က ကိုယ့်အရည်အချင်းနဲ့ကိုက်ညီမလဲဆန်းစစ်ပါ 

၂။လက်ရှိအလုပ်မှာလည်း ဆက်လက်ပြီး ဝန်ထမ်းကောင်းအဖြစ်လုပ်ကိုင်ပါ 

၃။အလုပ်ရှာနေတာကို ဘယ်သူကိုမှ အသိမခံဘဲနေပါ 

၄။အလုပ်ချိန်တွင်းမှာ အလုပ်သစ်ရှာနေတာမျိုး မလုပ်ပါနဲ့ 

၅။အလုပ်လျှောက်လွှာကို သေချာပြင်ဆင်ထားပါ 

၆။လက်ရှိအလုပ်အကြောင်း မကောင်းပြောတာမျိုး ရှောင်ကြဉ်ပါ 

၇။အရည်အချင်းတွေ ဆက်လက်မြှင့်တင်ပါ 

၈။လိုအပ်နေတဲ့ Skills တွေကိုလည်း ဖြည့်တင်းပါ 

ဒီအချက်တွေကိုသာ သေချာလိုက်နာမယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ အလုပ်သစ်ကို ရရှိနိုင်မှာဖြစ်ပြီး နောက်လုပ်ငန်းခွင်မှာ အသစ်ကနေ ပြန်လည် စတင်ရမယ်ဆိုရင်တောင် ကိုယ်ဟာ ဝန်ထမ်းကောင်းအနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ၂၀၂၁ မှာ အလုပ်အကိုင်တွေ ပိုမိုတိုးတ‌က်ကောင်းမွန်ဖို့ လုပ်ဆောင်သင့်တဲ့အချက် (၆) ချက် နဲ့ ၂၀၂၁ မှာ အလုပ်အကိုင်အခွင့်အလမ်းအကောင်းဆုံးဖြစ်လာနိုင်တဲ့ နယ်ပယ် (၄) ခု ဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/34ydLi9 ကနေ တစ်ဆင့် အလုပ်လျှောက်ထားနိုင်ပါတယ်။ 


 

Share

Loading Next Article...
က္က