Remdesivir ဟာ စမ်းသပ်မှုတွေအရ COVID-19 လူနာတွေကို ကုသရာမှာ တိုးတက်မှုရှိတဲ့ ပထမဆုံးဆေး ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် Remdesivir ဆေးကို COVID-19 လူနာများကုသရာမှာ အရေးပေါ် အခြေအနေအတွက်သုံးရန် ခွင့်ပြုလိုက်ကြောင်း အိန္ဒိယအစိုးရက ယနေ့ (ဇွန် ၂ ရက်) ပြောပါတယ်။

(Photo: AP)

Remdesivir ဆေးဟာ စမ်းသပ်မှုတွေအရ COVID-19 လူနာတွေကို ကုသရာမှာ အခြေအနေ တိုးတက်မှုရှိတဲ့ ပထမဆုံးဆေးလည်း ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်



ထို့အတူ ဂျပန်နိုင်ငံမှာလည်း Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို ကုသရန် မေ ၇ ရက်က ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ "ဇွန် ၁ ရက်နေ့က Remdesivir ဆေးကို အရေးပေါ်အခြေအနေသုံးအဖြစ် ငါးကြိမ်အသုံးပြုခွင့်ပြုခဲ့ပါတယ်" လို့ Drugs Controller General of India က ပြောပါတယ်။

(Photo: AP)

အိန္ဒိယနိုင်ငံမှာ လတ်တလော ရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုများ မြင့်တက်နေခဲ့ပြီး ယနေ့ ညပိုင်းအထိ ကူးစက်ခံရသူ ၁၉၉,၀၀၀ ကျော်၊ သေဆုံးသူ ၅,၆၁၂ ဦးနဲ့ ပြန်လည်သက်သာသူ ၉၅,၈၇၅ ဦးရှိခဲ့ပါတယ်။ Remdesivir ဆေးကို အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့အပြင် ဥရောပနဲ့ တောင်ကိုရီးယားမှာလည်း COVID-19 ကုသဆေးအဖြစ် အသုံးပြုရန် စီစဥ်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Remdesivir ဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသရာမှာ ရောဂါလက္ခဏာပျောက်ကင်းရန် ကြာမြင့်ချိန်ကို လျှော့ချနိုင်ခဲ့ပြီး စောလျင်စွာ ပြန်လည်သက်သာခဲ့တယ်လို့ ဆိုပါတယ်။ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

(Photo: AFP)

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ Remdesivir ကို တောင်အာရှမှာ ထုတ်လုပ်ရန်အတွက် Gilead က အိန္ဒိနဲ့ ပါကစ္စတန်ရှိ ဆေးဝါးကုမ္ပဏီငါးခုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီး နိုင်ငံပေါင်း ၁၂၇ နိုင်ငံအတွက် ဆေးများထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က