ဂျိုးဘိုင်ဒန်ဟာ မဲန္ဒရှင်တွေရဲ့ ထောက်ခံမဲအများဆုံးရရှိတဲ့ ရွေးကောက်ပွဲအနိုင်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမှုနဲ့အတူ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်အတွက် အိမ်ဖြူတော်ကို သမ္မတအဖြစ် တစ်ကျော့ပြန် ခြေချနိုင်ရန် ကြိုးပမ်းအားထုတ်မှု အရာထင်ခဲ့ပြီး လက်ရှိမှာ အမေရိကန်သမ္မတအဖြစ် နိုင်ငံကိုဦးဆောင်နေပြီ ဖြစ်ပါတယ်။

(မဲဆွယ်စည်းရုံးပွဲတစ်ခုမှ ဂျိုးဘိုင်ဒန်)



ဂျိုးဘိုင်ဒန်က ၁၉၈၈ ခုနှစ် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့ပေမဲ့ ပြန်လည်ရုပ်သိမ်းခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိသမ္မတဒေါ်နယ်ထရန့်နဲ့ ယှဥ်ပြိုင်ရွေးကောက်ခံခဲ့အနိုင်ရခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ဂျိုးဘိုင်ဒန်ဟာ မဲန္ဒရှင်တွေရဲ့ ထောက်ခံမဲအများဆုံးရရှိတဲ့ ရွေးကောက်ပွဲအနိုင်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးဘဝ ဖြတ်သန်းမှုအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

(ဂျိုးဘိုင်ဒန်နှင့် ထောက်ခံအားပေးသူများ တွေ့ဆုံခဲ့စဥ်)

နိုင်ငံရေးမှာ စွဲစွဲမြဲမြဲရှိနေခဲ့သူ

ဂျိုးဘိုင်ဒန်က ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ယှဥ်ပြိုင်ရွေးချယ်ခံခဲ့သေးပြီး နောက်ပိုင်းမှာတော့ ယှဥ်ပြိုင်မှုရုပ်သိမ်းကာ ဘာရတ်အိုးဘားမားနဲ့ ပူးပေါင်းခဲ့ပါတယ်။ ထို့နောက် အိုးဘားမား သမ္မတဖြစ်လာပြီး သက်တမ်းနှစ်နှစ်ဆောင်ရွက်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး ဂျိုးဘိုင်ဒန်ကို ဒုတိယသမ္မတအဖြစ် သမ္မတရဲ့ဘေးမှာ အကြိမ်ကြိမ် တွေ့ခဲ့ကြရပါတယ်။

ဂျိုးဘိုင်ဒန်က ညီအစ်ကိုလို့ မကြာခဏ ခေါ်လေ့ရှိတဲ့ အိုဘားမားနဲ့ ၎င်းရဲ့ပေါင်းသင်းဆက်ဆံမှုက ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၎င်းအတွက် အာဖရိကန်-အမေရိကန်တွေ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရေးမှာ ကာလရှည်ကြာ ကျင်လည်နှံ့စပ်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အားထားရတဲ့ နိုင်ငံခြားရေးရာ အရည်အချင်းများရှိထားပြီး အိုဘားမားလက်ထက်မှာ ကူညီထိန်းညှိပေးနိုင်ခဲ့သူပါ။

(အိုဘားမားနှင့် ဂျိုးဘိုင်ဒန်)

'လူလတ်တန်းစားဂျိုး' လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ဂျိုးဘိုင်ဒန်က အိုးဘားမားအတွက် လူဖြူအလုပ်သမားထုရဲ့ ထောက်ခံမှုကို ရရှနိုင်ရန်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ၂၀၁၂ ခုနှစ်မှာ လိင်တူချင်းလက်ထပ်မှုူအပေါ် ၎င်းအနေနဲ့ လုံးအဆင်ပြေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ရာ ခေါင်းစီးပိုင်းကနေ သတင်းဖော်ပြခံခဲ့ရပါသေးတယ်။ ဂျိုးဘိုင်ဒန်က ထိုသို့ မှတ်ချက်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အိုဘားမားကလည်း အလားတူ ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတကို သက်တမ်းနှစ်နှစ်ကြာ ဒုတိယသမ္မတအဖြစ် အားဖြည့်ကူညီပေးခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အမှန်စင်စစ် အမေရိကန်နိုင်ငံရေးနယ်ပယ်မှာ နှစ်ကာလရှည်ကြာ ကျင်လည်ခဲ့သူတစ်ဦးပါ။ ဂျိုးဘိုင်ဒန်ဟာ ၁၉၇၂ ခုနှစ်ကတည်းက ဒီလာဝဲ (Delaware) ပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ပထမဆုံး ရွေးကောက်ခံရပြီး အမတ်သက်တမ်းခြောက်ကြိမ် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

(၁၉၇၄ ခုနှစ်က ဆီးနိတ်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန်)

အသက် ၃၀ အရွယ်မှာ လွှတ်တော်အမတ်ဖြစ်လာခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ ထိုစဥ်က အမေရိကန်သမိုင်းမှာ ခြောက်ဦးမြောက် အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ရန် စီစဥ်ကြိုပမ်းခဲ့ပေမဲ့ ထိုစဥ်က ဗြိတိန်လေဘာပါတီခေါင်းဆောင် Neil Kinnock ရဲ့ မိန့်ခွန်းတစ်ရပ်ကို ခိုးချခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ယှဥ်ပြိုင်မှု ရုပ်သိမ်းခဲ့ပါတယ်။

ထို့နောက် ၂၀၀၈ ခုနှစ်မှာလည်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့သေးပေမဲ့ နောက်ဆုံးမှာ ရုပ်သိမ်းလိုက်ပြီး အိုဘားမားရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲမှာပါဝင်လာခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အိုဘားမား အနိုင်ရရှိပြီးနောက် ဂျိုးဘိုင်ဒန်က သက်တမ်းနှစ်နှစ်ဆက်တိုက် ဒုတိယသမ္မတအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

(ဂျိုးဘိုင်ဒန်နှင့် ကွယ်လွန်သွားသည့် သားဖြစ်သူ Beau)

ချစ်ခင်သူတွေကို ဆုံးရှုံးခဲ့ရသူ

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ဘဝက ကြီမားတဲ့ ပုဂ္ဂိုလ်ရေး ကံဆိုးမိုးမှောင်ကျမှုနဲ့ ဆုံးရှုံးမှုကြီးတွေကို တွေ့ကြုံဖြတ်သန်းခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး မကြာမီမှာပဲ ဂျိုးဘိုင်ဒန်ဟာ ပထမဇနီးဖြစ်သူ Neilia နဲ့ တစ်နှစ်အရွယ် သမီးလေး Naomi တို့ကို ကားမတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ သားနှစ်ဦးကတော့ ကားမတော်တဆမှုအတွင်း အသက်ရှင်ခဲ့ကြပါတယ်။

အိမ်ဖြူတော်မှထွက်ခွာပြီးနောက် ဒေါ်နယ်ထရန့် လုပ်နိုင်တာတွေ ...

ဂျိုးဘိုင်ဒန်ဟာ ထိုစဥ်က ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ပထမဆုံးသက်တမ်း ကျမ်းသစ္စာကျိန်ဆိုမှုအား ၎င်းရဲ့ လမ်းလျှောက်တတ်စအရွယ် သားတွေဖြစ်ကြတဲ့ Beau နဲ့ Hunter တို့နဲ့အတူ ဆေးရုံအခန်းမှာ ပြုလုပ်ခဲ့ပြီး ကျော်ကြားခဲ့ပါတယ်။ သို့သော် ၂၀၁၅ ခုနှစ်မှာ ဂျိုးဘိုင်ဒန်ရဲ့ သားဖြစ်သူ အသက် ၄၆ နှစ်အရွယ် Beau ဟာ ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။ Beau ကို အမေရိကန်နိုင်ငံရေးမှာ ထင်ရှားလာမယ့် မျက်နှစ်သစ်တစ်ဦးအဖြစ် ရှုမြင်ထားခဲ့ကြပြီး ၎င်းဟာ ၂၀၁၆ ခုနှစ်မှာ ဒီလာဝဲပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ယှဥ်ပြိုင်ရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

(ဂျိုးဘိုင်ဒန်နှင့် ဇနီးဖြစ်သူ Jill)

ဂျိုးဘိုင်ဒန်ဟာ ၁၉၇၅ ခုနှစ်မှာ ဒုတိယဇနီး Jill Tracy Jacobs နဲ့ တွေ့ဆုံခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒန်နဲ့ ဒုတိယဇနီး Jill တို့မှာ Ashley Blazer Biden အမည်ရှိ သမီးတစ်ဦးရှိပြီး သူမဟာ ယခုအခါ အသက် ၃၉ နှစ်အရွယ် ဖြစ်ပါတယ်။ Ashley က လူမှုရေးဝန်ထမ်း၊ တက်ကြွလှုပ်ရှားသူ၊ ပရဟိတသမားနဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။

အမေရိကန်သမိုင်းရဲ့ အသက်အကြီးဆုံး သမ္မတ

ဂျိုးဘိုင်ဒန်ဟာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသက် ၇၈ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် စတင်ဆောင်ရွက်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source & Photo: AP, BBC, Getty Images, AFP, Reuters

Share

Loading Next Article...
က္က