In partnership with  logo
အလုပ်လုပ်နေသူတိုင်းအတွက် Social Media ပေါ်က သူ့ရဲ့ ပုံရိပ်ဟာ အလုပ်ရရှိရေးအတွက် သော့ချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။

Job Seeker တွေဟာ များသောအားဖြင့် အလုပ်ရှာတော့မယ်ဆိုရင် CV Form ကောင်းကောင်းပြင်ဆင်ထားမယ်။ အလုပ်တွေကို အွန်လိုင်း Job Portal တွေကနေ ရှာမယ်။ ဒီလိုပဲ သွားကြပါတယ်။ အခုခေတ်မှာတော့ Resume ကောင်းရုံနဲ့ LinkedIN လို Job Hunting Sites တွေ သုံးတတ်ရုံနဲ့ မဖြစ်တော့ပါဘူး။ ကိုယ့်ကို အလုပ်ခန့်မယ့်သူဟာ ကိုယ့်ရဲ့ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေကိုပါ ကြည့်လာပြီ ဖြစ်ပါတယ်။



        Social Media အားကောင်းလာတဲ့ ခေတ်မှာ အလုပ်အကိုင်ခေါ်ဆိုသူတွေဟာ Shortlisted စာရင်းဝင် အလုပ်လျှောက်သူတွေရဲ့ ပရော်ဖက်ရှင်နယ် ဖြတ်သန်းမှုအပြင် ပုဂ္ဂိုလ်ရေးဘဝကိုပါ သိနိုင်သမျှသိအောင် လုပ်လာကြပါတယ်။ ဒီတော့ အလုပ်သစ်လျှောက်မယ့်သူတွေကို Social Media ပေါ်မှာ အခုပြောမယ့် အမှားတွေ မလုပ်မိအောင် ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ရပါတယ်။

 

(၁) ကိုယ့် Profile နဲ့ မအပ်စပ်တဲ့ ပို့စ်တွေ မတင်ပါနဲ့

 

        အရင်ဆုံး ပြောချင်တာက Be Careful What You Post (ပို့စ်တင်တာတွေ သတိထားပါ။) ကိုယ့် Facebook အကောင့်နဲ့ တက်လာသမျှပို့စ်တွေဟာ ကိုယ့် Profile ၊ ကိုယ့်အသံနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ကြမ်းတမ်းရိုင်းစိုင်းတဲ့ ပို့စ်တွေ ၊ အဆိုးမြင်တဲ့စားသားတွေ ၊ ကိုယ့်ကို လူအထင်သေးစရာဖြစ်မယ့် အကြောင်းအရာတွေ နဲ့ ကိုယ့်အလုပ်ကို ထိခိုက်စေမယ့် Content တွေ Share တာ ၊ ပို့စ်တင်တာမျိုး မလုပ်ပါနဲ့။ တခြား လူမှုကွန်ရက်တွေ Twitter ၊ Instagram ၊ WeChat တွေ သုံးရင်လည်း ကိုယ့်အကောင့်ကနေ လူမှုကွန်ရက်ပေါ် ရောက်မယ့် အကြောင်းအရာတွေကို သေချာဂရုစိုက်ပါ။


(၂) Confidential ကိစ္စတွေ အွန်လိုင်းမှာ မဖြန့်ပါနဲ့

 

        အလုပ်နဲ့ဖြစ်စေ လူမှုရေးအရဖြစ်စေ လူသိမခံသင့်တဲ့ကိစ္စတွေကို လူမှုကွန်ရက်မှာ လျှောက်မဖွဖို့ အကြံပေးချင်ပါတယ်။ ဥပမာ- အရင်အလုပ်က အတွင်းရေးတွေအကြောင်း ၊ လစာဘယ်လောက် ရတဲ့အကြောင်းမျိုးက Confidential Case ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ် ဒီလိုမျိုးကိစ္စတွေ လိုက်တင်ခြင်းက နောက်အသစ်ရှာနေတဲ့ အလုပ်ရဖို့ အခွင့်အလမ်းနည်းသထက် နည်းသွားစေနိုင်ပါတယ်။

 

(၃) သူများပို့စ်တွေချည်း လိုက်ကူးမချပါနဲ့

 

        ဗဟုသုတမျှဝေတာ ကောင်းပါတယ်။ ဒါကြောင့်ပဲ လူမှုကွန်ရက်ပေါ်မှာ Sharing is Caring ဆိုတဲ့ စကားပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတ Content အရှည်ကြီးတွေကို ကိုယ်ရေးသယောင် ခပ်တည်တည်နဲ့ Copy ကူးပြီး ကိုယ့်ပို့စ်လိုလိုနဲ့ အောက်ဆုံးကျမှ Crd ဆိုပြီး မူရင်းရေးသူနာမည်တောင် မဖော်ပြဘဲ ရေးတာမျိုးက အရုပ်ဆိုးပါတယ်။ ကိုယ့်ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ စာတစ်ပုဒ်တောင် လူလည်လုပ်ပြီး ကူးတတ်သူကို အလုပ်ရှင်တစ်ယောက်အနေနဲ့ အလုပ်ခန့်ဖို့ အတော်စဉ်းစားသွားပါလိမ့်မယ်။

 အလုပ်နဲ့ဖြစ်စေ လူမှုရေးအရဖြစ်စေ လူသိမခံသင့်တဲ့ကိစ္စတွေကို လူမှုကွန်ရက်မှာ လျှောက်မဖွဖို့ အကြံပေးချင်ပါတယ်။
 

(၄) အရက်သောက်နေတဲ့ ပုံတွေ မတင်ပါနဲ့

 

        သောကြာနေ့လိုမျိုး အားလပ်ချိန်လေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ TGIF လုပ်ရင်း အမှတ်တရ ဓါတ်ပုံရိုက်ပြီး ဖုန်းထဲမှာ သိမ်းထားနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ့် Wall မှာ တက်လာတဲ့ ဓါတ်ပုံနဲ့ ပို့စ်တွေရဲ့ သုံးပုံတစ်ပုံလောက်က TGIF ပုံတွေချည်းဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် သင်ကြားရေးပိုင်းလို အလုပ်အကိုင်မျိုးဆို သဘာဝအားဖြင့်ကို စံပြပုဂ္ဂိုလ်အဖြစ် လူလေးစားအောင် နေထိုင်ရတာဖြစ်လို့ လူမှုကွန်ရက်ပေါ်မှာ အရက်သောက်နေတဲ့ပုံတွေ လုံးဝမတင်တာ အကောင်းဆုံးပါပဲ။

 

(၅) ကိုယ့်ဖောက်သည်တွေကို လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့

 

        ကိုယ့်ဖောက်သည်ကို ရှုံ့ချလှောင်ပြောင်တဲ့ပို့စ်မျိုး ရေးတာ ဒါမှမဟုတ် ကိုယ့်ဖောက်သည်ကို ထိခိုက်စေမယ့် ပို့စ်တွေ ၊ ဓါတ်ပုံတွေနဲ့ ၊ ဗွီဒီယိုတွေ လူမှုကွန်ရက်မှာ Share တာမျိုးကလည်း အလုပ်ရှာနေသူတွေအတွက် တင်းတင်းကြပ်ကြပ်ကို ရှောင်ကြဉ်ရမယ့်အရာဖြစ်ပါတယ်။ ဖောက်သည်ကို ရန်လိုစိတ်နဲ့ ပြန်တိုက်ခိုက်တဲ့ဝန်ထမ်းကို ဘယ်လိုကုမ္ပဏီကမှ အလုပ်ခန့်ထားချင်မှာ မဟုတ်ပါဘူး။

        ဆက်လက်ပြီးတော့လည်း ကိုဗစ်ကာလမှာ ဝန်ထမ်းတွေ တကယ်လိုလားတောင့်တနေတဲ့ အချက် ( ၆ ) ချက် နဲ့ ၂၀၂၁ မှာ အလုပ်အကိုင်တွေ ပိုမိုတိုးတ‌က်ကောင်းမွန်ဖို့ လုပ်ဆောင်သင့်တဲ့အချက် (၆) ချက် ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

 အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9ကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က