In partnership with  logo
၂၀၂၁ ဟာ ပိုပြီးတော့ ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်အောင် ဖြတ်သန်းသင့်ပါတယ်။

၂၀၂၀ ခုနှစ် ကုန်သွားလို့ ၂၀၂၁ခုနှစ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် ပိုပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်ဟာ ပိုမိုတိုးတက်ကောင်းမွန်တဲ့ နှစ်တစ်နှစ်အဖြစ် ဖြတ်သန်းနိုင်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် နှစ်ဟောင်းက တချို့အရာတွေကို သင်ခန်းစာယူဆန်းစစ်ဖို့ နဲ့ နှစ်သစ်မှာ လုပ်ငန်းခွင်အတွင်း  ဘယ်လိုကောင်းမွန်တဲ့အချက်တွေဆောင်ယူပြီး ဘယ်လိုအရာတွေကို ချန်လှပ်ထားခဲ့သင့်ပြီလဲဆိုတာကို ကောင်းကောင်းသိဖို့ လိုအပ်ပါတယ်။



၂၀၂၁မှာ ပိုမိုတိုးတက်ကောင်းမွန်အောင်မြင်စေဖို့အတွက် 

၁။ အရင်နှစ်ကထက် စာပိုဖတ်ပါ 

စာဖတ်ခြင်းကနေ ရတဲ့ အသိပညာ ဗဟုသုတတွေဟာ ဘဝအတွက် အရမ်းကို အရေးပါပါတယ်။ စာဖတ်ရတာ ဝါသနာမပါဘူးဆိုရင်တောင်မှ ကိုယ် လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ သိသင့်သိထိုက်တဲ့ အရာတွေကို ဖတ်ရှုလေ့လာဖို့ လိုအပ်ပါတယ်။ ဒါဟာ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ အရာတစ်ခုပါပဲ။ 

၂။ဘာသာစကားသင်ယူပါ 

ဒီဘက်ခေတ်မှာ ဘာသာစကားဟာ ကိုယ့်ရဲ့ တိုးတက်လမ်းကြောင်းအတွက် အရေးပါတဲ့ အရာတစ်ခုလိုဖြစ်နေပါပြီ။ တချို့လုပ်ငန်းခွင်တွေမှာဆိုရင် အင်္ဂလိပ်စကားဟာ မသုံးမဖြစ်စကားတစ်ခုဖြစ်လာတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ကောင်းမွန်စေဖို့ဆိုရင် ကိုယ်က မဖြစ်မနေ အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ကြားဖို့ လိုအပ်လာပါပြီ။ 

၃။ခေါင်းဆောင်မှုစွမ်းရည်ကို တိုးတက်အောင်ပြုလုပ်ပါ 

အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ကောင်းမွန်ဖို့ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကလည်း အထူးလိုအပ်ပါတယ်။ ခေါင်းဆောင်မှုစွမ်းရည်တိုးတက်ဖို့အတွက် ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကနေ သင်ယူလေ့လာဖို့ လိုအပ်သလို ကိုယ့်အထက်လူကြီး ၊ ကိုယ့်အလုပ်ရှင်ရဲ့ ခေါင်းဆောင်မှုပုံစံတွေကို လေ့လာရင်း ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝလာမှသာလျှင် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ 

၄။ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားပါ 

လုပ်ငန်းခွင်တိုင်းမှာ ပြဿနာဆိုတာရှိစမြဲပါပဲ။ ဒီပြဿနာတွေကို ကိုယ်က ဘယ်လိုဖြေရှင်းသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ပြောင်းလဲလာမှာပါ။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းခွင်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုဖြေရှင်းတာလဲ၊ ကိုယ့်အထက်လူကြီးက‌ရော ဘယ်လိုဖြေရှင်းတာလဲ စတာတွေကို လေ့လာကြည့်ရှုပြီး ငါဆိုရင်ကော ဘယ်လိုဖြေရှင်းမှာလဲဆိုတာတွေကို ကောင်းကောင်းအဖြေရှာတတ်ဖို့ လိုအပ်လာပါပြီ။

၂၀၂၁ မှာ တိုးတက်ကောင်းမွန်တဲ့ ဘဝကို ရရှိမယ်ဆိုရင်တော့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းကို လိုက်နိုင်ဖို့ လိုအပ်ပါတယ်။ 

၅။ပြောင်းလဲမှုရေစီးကြောင်းအတိုင်းလိုက်နိုင်အောင်ကြိုးစားပါ 

၂၀၂၀ က ကောင်းကောင်းကြီး နမူနာပြသသွားခဲ့ပါပြီ။ ကိုဗစ်ကာလမှာ လူတွေရဲ့ နေထိုင်မှုပုံစံ ၊ လုပ်ငန်းခွင်ပုံစံတွေဟာ ဟိုအရင်နှစ်တွေကနဲ့ မတူဘဲ ပုံစံသစ်တွေလုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် ပြောင်းလဲလာတဲ့ ရေစီးကြောင်းကိုသာ မလိုက်နိုင်ဘူးဆိုရင် ကိုယ်ဟာ နောက်ကောက်ကျန်ခဲ့မှာဖြစ်ပါတယ်။ ဒီတော့ ၂၀၂၁ မှာ တိုးတက်ကောင်းမွန်တဲ့ ဘဝကို ရရှိမယ်ဆိုရင်တော့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းကို လိုက်နိုင်ဖို့ လိုအပ်ပါတယ်။ 

၆။ပန်းတိုင်တွေ ချမှတ်ပါ 

ကိုယ့်ရဲ့ တစ်ကိုယ်ရည်ကိစ္စပဲဖြစ်ဖြစ် ၊ လုပ်ငန်းခွင်အတွက်ဖြစ်ဖြစ် ပန်းတိုင်တွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ ပန်းတိုင်ချမှတ်ရာမှာလည်း ရည်မှန်းချက်ပန်းတိုင် အကြီးကြီးတွေ ချမှတ်တာထက် ပန်းတိုင်အသေးလေးတွေချမှတ်ပြီး ကြိုးစားဆောင်ရွက်တာက ပိုမိုထိရောက်အောင်မြင်စေနိုင်တာမို့ ဒီ ၂၀၂၁ မှာ ပန်းတိုင်အသေးလေးတွေ ချမှတ်ဖို့ တိုက်တွန်းပါရစေ၊ 

ဒီအချက်လေးတွေကတော့ ၂၀၂၁ မှာဆောင်ရွက်သွားသင့်တဲ့အရာတွေ ဖြစ်ပြီး ၂၀၂၁ မှာချန်ထားသင့်တဲ့ အရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။ 

၁၊ အချိန်မတိကျတဲ့အကျင့်တွေ 

၂၊ အစီအစဉ်တကျ မပြုလုပ်ဘဲထားတာတွေ 

၃၊ အပျင်းကြီးနေတာတွေ 

၄၊ စိုးရိမ်ပူပန်စိတ်များတာတွေ 

၅၊ အသစ်သင်ယူဖို့ကြောက်စိတ်တွေ 

၆၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ 

၇၊ အချိန်ဆွဲနေတတ်တာတွေ 

ဒါတွေကိုသာ ထားခဲ့နိုင်မယ်ဆိုရင်တော့ လုပ်ငန်းခွင်ဟာ ၂၀၂၀ ကထက် ပိုမိုတိုးတက်ကောင်းမွန်စေဖို့ အာမခံနိုင်ပါတယ်။ 

ဆက်လက်ပြီး ၂၀၂၁ မှာ အလုပ်အကိုင်အခွင့်အလမ်းအကောင်းဆုံးဖြစ်လာနိုင်တဲ့ နယ်ပယ် (၄) ခု နဲ့ ဝန်ထမ်းတိုင်း မဖြစ်မနေ ရှိထားရတော့မယ့် နည်းပညာကျွမ်းကျင်မှုများ တွေမှာ ဆက်လက် လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/34ydLi9 ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က