အမေရိကန် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဝါး Remdesivir ဟာ COVID-19 လူနာများ ပြန်လည်သက်သာလာရန် ကြာမြင့်ချိန် လျှော့ချနိုင်တယ်လို့ မေ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ် အပြည့်အစုံမှာ ဖော်ပြထားကြောင်း သိရပါတယ်။
(Photo: AP)
Remdesivir ကို လူတွေမှာ စမ်းသပ်မှု သုတေသနကို National Institute of Allergy and Infectious Diseases (NIAID) က ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်အပြည့်အစုံကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ NIAID ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci ကလည်း Remdesivir ဆေးက COVID-19 လူနာတွေကို ပြန်လည်သက်သာစေရန် အကူအညီဖြစ်စေကြောင်း သိသာထင်ရှားတဲ့ အထောက်အထားရှိတယ်လို့ ဧပြီ ၂၉ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။
(Photo: AP)
ထို့အတူ ဂျပန်နိုင်ငံကလည်း Remdesivir ဖြင့် COVID-19 လူနာတွေကို ကုသရန် မေ ၇ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဥရောပမှာလည်း ထိုဆေးကို COVID-19 ကုသဆေးအဖြစ် အသုံးပြုရန် စဥ်းစားနေကြောင်း သိရပါတယ်။ NIAID ရဲ့ သုတေနသအရ Remdesivir ဆေးကို ၁၀ ရက်ကြာ နေ့စဥ် ထိုးပေးခဲ့ရာ ဆေးရုံတက် ကုသမှုခံယူနေရတဲ့ COVID-19 လူနာများ ပြန်လည်သက်သာလာမှု မြန်ဆန်လာခဲ့တာ တွေ့ရပါတယ်။
(Photo: AP)
"Remdesivir ဆေး အသုံးပြုပေမဲ့လည်း သေဆုံးမှုနှုန်းမြင့်နေတာကို ထည့်သွင်းစဥ်းစားမယ်ဆိုင်ရင် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတစ်မျိုးတည်းနဲ့ ကုသမှုက လုံလောက်ဖွယ်မရှိဘူးဆိုတာ ထင်ရှားပါတယ်" လို့ ၎င်းတို့က ပြောပါတယ်။ Remdesivir ဆေးဖြင့် ကုသခဲ့တဲ့ လူနာတွေရဲ့ ၇.၁ ရာခိုင်နှုန်း ၁၄ ရက်အတွင်း သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။