In partnership with  logo
ဒီလိုကာလမှာ အိမ်မှာပဲ အလုပ်လုပ်တာက ပိုပြီး အန္တရာယ်ကင်းပါတယ်။

ဒီလို ကပ်ရောဂါအကြပ်အတည်းကာလမှာ အလုပ်လျှောက်ချင်တဲ့သူတွေအတွက်တော့ ကိုယ်နဲ့ ကိုက်ညီမယ့်အလုပ်အကိုင်တွေကို ရှာဖွေရာမှာ  အိမ်မှာ ထိုင်လုပ်ရတဲ့ အလုပ်အကိုင်တွေကို ပိုပြီးတော့ ရှာဖွေသင့်ပါတယ်။ အိမ်မှာပဲ နေပြီး အလုပ်လုပ်တာက ကိုယ့်ကို အန္တရာယ်ကင်းစေသလို အလုပ်လုပ်ရာမှာလည်း စိတ်ဖြောင့်ဖြောင့် လုပ်လို့ရမှာပါ။



အိမ်မှာ လုပ်လို့ရနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်း (၅) မျိုးကို ပြောပြပေးချင်ပါတယ်။ 

၁။ Customer Service 

Customer Service လို အလုပ်မျိုးက အိမ်မှာ လုပ်လို့ရတဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာ အလုပ်ခေါ်ယူမှုတွေလည်း ရှိနေသလို Customer Service လုပ်ငန်းဟာ အိမ်မှာပဲ ဖုန်းနဲ့ ပြောဆိုဆက်သွယ်လုပ်ဆောင်ရတာ၊ အွန်လိုင်းကနေ ဆက်သွယ်ပြောဆိုတာနဲ့ Application ကနေ ဝန်ဆောင်မှုပေးတာ စတဲ့ အလုပ်တွေ ဆောင်ရွက်ရတာဖြစ်ပါတယ်။ 

၂။Digital Marketing 

အိမ်ကနေ အလုပ်လုပ်လို့ ရတဲ့ နောက်အလုပ်တစ်ခုကတော့ Digital Marketing အလုပ်ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနေ ဈေးကွက်ရှာဖွေရတဲ့အလုပ်ဖြစ်ပြီး Facebook၊ Instagram၊ LinkedInစတဲ့ ဆိုရှယ်မီဒီယာတွေမှာ ကိုယ့်ရဲ့ ထုတ်ကုန်၊ ကိုယ့်ရဲ့ လုပ်ငန်း ၊ ကိုယ့်ရဲ့ ကုမ္ပဏီကို လူအများသိအောင် ပို့စ်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကနေတစ်ဆင့် ဈေးကွက်ရှာရတဲ့ အလုပ်ဖြစ်ပြီး အလုပ်ခေါ်ဆိုမှုတွေလည်း အများကြီးရှိနေပါတယ်။ 

အိမ်ကနေ ဆောင်းပါးရေးသားပြီး အွန်လိုင်းပေါ်တင်ရတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် ဒီအလုပ်ကလည်း Work From Home နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ 

၃။Content Writer 

နောက်အလုပ်တစ်ခုကတော့ Content Writer လို့ လူတွေသိကြတဲ့ ဆောင်းပါးတွေရေးသားတဲ့အလုပ်ပါ။ အလုပ်ခေါ်ဆိုမှုတွေလည်း ရှိနေပြီး အိမ်ကနေ ဆောင်းပါးရေးသားပြီး အွန်လိုင်းပေါ်တင်ရတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် ဒီအလုပ်ကလည်း Work From Home နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။  

၄။အွန်လိုင်းကနေ Live လွှင့် ဈေး‌ေရာင်းသူ 

ခုနောက်ပိုင်း ကိုဗစ်ကာလမှာ ပေါ်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကတော့ အွန်လိုင်းကနေ Live လွှင့် ဈေး‌ေရာင်းပေးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်၊ ဒီအလုပ်က တချို့ ရတနာအရောင်းအဝယ် နဲ့ တန်ဖိုးကြီးပစ္စည်းအရောင်းအဝယ်တွေကိုတော့ ဆိုင်တွေရှိရာကို သွားရောက် Live လွှင့် ရောင်းချပေးရပေမယ့်လည်း တချို့ဆိုင်ငယ်လေးတွေမှာတော့ ပစ္စည်းတွေကို အိမ်ကိုယူပြီး ရောင်းချလို့ရပါတယ်။ အလုပ်ခေါ်ယူမှုတွေလည်း ရှိနေပါတယ်။

 

၅။Data Analysts

အွန်လိုင်းကနေ အလုပ်လုပ်ရတာများလာတဲ့ ခုလိုကာလမှာ ဒေတာအချက်အလက်တွေကို သိမ်းဆည်းပေးရတဲ့ Data Analysts သမားတွေလည်းလိုအပ်လာပါတယ်။ အွန်လိုင်းပေါ်က ဒေတာအချက်အလက်တွေ သိမ်းဆည်းပေးတာ၊ စုဆောင်းပေးတာ ၊ လိုအပ်တဲ့အခါ မျှဝေပေးတာမျိုးတွေ လုပ်ရတဲ့ Data Analysts သမားတွေကိုလည်း ခုနေခါမှာ အလုပ်ခေါ်ယူမှုတွေ ရှိနေပါတယ်။ ဒါကြောင့် အိမ်မှာ အလုပ်လုပ်ရတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနေသူတွေအတွက် လျှောက်ထားသင့်တဲ့ အလုပ်အကိုင်တစ်ခုလည်း ဖြစ်ပါတယ်။ 

ဒီအလုပ်အကိုင် ၅ မျိုးကတော့ လက်ရှိလည်း ခေါ်ယူနေပြီး အလုပ်အကိုင်အတွေ့အကြုံသိပ်မရှိပေမယ့်လည်း ဝင်ရောက်လျှောက်ထားနိုင်တဲ့ အိမ်မှာ လုပ်လို့ရတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။ 

ဆက်လက်ပြီး ကိုဗစ်ကာလအလွန် ခေတ်စားလာနိုင်‌သော အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရာထူးနေရာများ နဲ့ Work from Home ကာလမှာ အလုပ်ကောင်းကောင်းပြီးမြောက်စေမယ့် (၆) ချက်တို့မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/327K0mz ဒီကနေ တစ်ဆင့်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 



Share

Loading Next Article...
က္က