In partnership with  logo
ခုနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေကို အွန်လိုင်းကနေပဲ ရှာဖွေနေကြတာများပါတယ်။

အလုပ်လိုချင်နေတဲ့သူ၊ အလုပ်လျှောက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လိုနေရာတွေမှာ ရှာဖွေရမှန်းမသိ အခက်တွေ့နေကြတဲ့သူတွေအတွက် အွန်လိုင်းကနေ အလွယ်တကူအလုပ်ရှာလို့ ၊ အလုပ်လျှောက်လို့ ရနိုင်မယ့် နေရာတွေအကြောင်းတွေ ပြောပြပေးချင်ပါတယ်။



၁။ ဖေ့ဘွတ်

အသုံးပြုဖို့လွယ်ကူပြီး လူအများအပြား အသုံးပြုနေကြတဲ့ ဖေ့ဘွတ်လိုနေရာမျိုးကတော့ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖို့ အလွယ်ကူဆုံးပါပဲ။ ကိုယ်လျှောက်ထားချင်တဲ့ နယ်ပယ်အလိုက် ဂရုတွေကို ဝင်ဂျွိုင်းပြီး အလုပ်အကိုင်တွေ ရှာဖွေလို့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေသာမက သိသင့်တဲ့ ဗဟုသုတတွေကိုပါ မျှဝေပေးတတ်ကြလို့ အလုပ်ရှာနေတဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။ 

၂။ အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်တွေ 

Myjobs လိုမျိုးအလုပ်အကိုင်ရှာဖွေ‌ရေးဝက်ဆိုက်တွေကလည်း အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် အရမ်းကို အဆင်ပြေလွယ်ကူစေတဲ့ ဝက်ဆိုဒ်ပါပဲ။ google မှာ myjobs ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အလမ်းလို့ ရိုက်ထည့်ရုံနဲ့ myjobs သာမက အလုပ်အကိုင်အခွင့်အလမ်းဝက်ဆိုဒ် တော်တော်များများကျလာမှာပါ။ myjobsမှာဆိုရင်လည်း တစ်ခါတည်း အလုပ်တိုက်ရိုက်လျှောက်လို့ရအောင် ပြုလုပ်ပေးထားတာကြောင့် ပိုပြီး လွယ်ကူချောမွေ့စွာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

Myjobs လိုမျိုးအလုပ်အကိုင်ရှာဖွေ‌ရေးဝက်ဆိုက်တွေကလည်း အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် အရမ်းကို အဆင်ပြေလွယ်ကူစေတဲ့ ဝက်ဆိုဒ်ပါပဲ။ 

၃။LinkedIn

နောက်ထပ်ပြောပြချင်တဲ့ နေရာကတော့ LinkedIn ပဲဖြစ်ပါတယ်။ သူကတော့ အကောင့်တစ်ခုဖွင့်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်သလို ကိုယ် လုပ်ကိုင်ကျင်လည်နေတဲ့ နယ်ပယ်နဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကိုလည်း ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ အသုံးပြုသူတွေ အများကြီး ရှိနေပြီဖြစ်ပေမယ့်လည်း တချို့သောသူတွေကတော့ LinkedIn ကို သိပ်အသုံးမပြုတတ်ကြသေးတာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့ နယ်ပယ်အလိုက် ရှာဖွေလိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဝင်ရောက်ရှာဖွေလို့ ရနိုင်တာဖြစ်တဲ့အတွက် LinkedIn အကောင့်ကို ဖွင့်ထားကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ 

၄။ ချိတ်ဆက် 

မြန်မာနိုင်ငံ အွန်လိုင်းပလက်ဖောင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ့ဆုံဖို့ ချိတ်ဆက်ပေးတဲ့ ချိတ်ဆက် ဝက်ဆိုဒ်ဟာလည်း အလုပ်ရှာဖွေနေတဲ့သူတွေအတွက် အရမ်းကို ထိရောက်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ချိတ်ဆက်ကတော့ အထူးသဖြင့် Freelancers တွေကို ရည်ညွှန်းပြီး ချိတ်ဆက်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Freelance အလုပ်ကို စိတ်ဝင်စားပြီး ရှာဖွေနေတဲ့သူဆိုရင်တော့ ချိတ်ဆက် လို့ ရိုက်ထည့်ပြီး ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အလွယ်တကူရှာဖွေလို့ရပါတယ်။ 

ဒီနေရာလေးနေရာကတော့ အွန်လိုင်းကနေ အလွယ်တကူ အလုပ်ရှာချင်နေတဲ့သူတွေအတွက် အချိန်တိုတိုအတွင်း အကျိုးရှိရှိ အလုပ်ရှာဖွေနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ 

အလုပ်ရှာနေသူတွေအနေနဲ့ ကိုဗစ်ကာလအလွန် ခေတ်စားလာနိုင်‌သော အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရာထူးနေရာများ နဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြောက်တဲ့သူတွေနဲ့ အသင့်တော်ဆုံး အလုပ်(၉)နေရာတွေမှာ ဆက်လက် လေ့လာနိုင်ပါတယ်။ 

အလုပ်လျှောက်လိုသူတွေအတွက်လည်း https://bit.ly/2I27Jxu ကနေတစ်ဆင့် တိုက်ရိုက်‌လျှောက်ထားနိုင်ပါတယ်။ 




Share

Loading Next Article...
က္က