In partnership with  logo
တစ်နေ့တာ ဆောင်ရွက်စရာရှိတာတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်တတ်ဖို့လိုပါတယ်။

မနက်မိုးလင်းကတည်းက လုပ်စရာအလုပ်တွေ များနေပြီး နေ့ရောညပါ မနားမနေ အလုပ်လုပ်နေရတယ်လို့ ခံစားနေရတယ်ဆိုရင် အဲဒါဟာအလုပ်ကို စနစ်တကျ မလုပ်ဘဲ ဝေဝါးနေတဲ့အတွက် ဖြစ်နေတာပါ။ ဒီလို အိမ်မှာအလုပ်လုပ်နေရတဲ့ ကာလမှာ နားချိန်ဆိုတာ ဘာမှန်းမသိအောင် ဖြစ်နေတယ်ဆိုရင် အိမ်မှာနေပေမယ့်လည်း ရုံးမှာ အလုပ်လုပ်နေသလို ဖြစ်အောင် ကိုယ့်ဘက်က စနစ်တကျ စီစဉ် လုပ်ကိုင်ဖို့တော့လိုအပ်ပါတယ်။ 



တစ်နေ့တာ အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ဘယ်လိုလုပ်ကြမလဲ။ 

၁။ To Do List တွေချရေးပါ။ 

မနက် ကိုယ့်အလုပ်ချိန်စတင်ပြီဆိုတာနဲ့ စာရွက်တစ်ရွက်မှာ ကိုယ် တစ်နေ့တာ လုပ်ရမယ့် To Do List တွေကို မချွင်းမချန် ချရေးလိုက်ပါ။ ဒီဘက်ခေတ်မှာတော့ အရင်လို စာနဲ့ ချရေးစရာမလိုတော့ဘဲ Mobile App တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် အဲဒီလို App တွေမှာလည်း တစ်ခါတည်း ဘယ်အချိန်မှာ ဘယ်အလုပ်တွေ လုပ်မယ်ဆိုတာကို သတ်သတ်မှတ်မှတ်လုပ်ထားလို့ ရပါတယ်။ 

၂။Google Calendar လို Calendar တွေအသုံးပြုပါ 

 To Do List ရေးပြီးပြီဆိုတာနဲ့ Google Calendarထဲမှာ ဒီနေ့ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလဲ၊ မီတင်ချိန်တွေက ဘယ်ချိန်လဲ၊ တစ်နေ့တာလုံးအတွက် အရေးကြီးတဲ့ စီစဉ်မှုတွေဘာတွေ ရှိသလဲစစ်ပါ။ Google Calendar တစ်ခါမှ အသုံးမပြုဖူးသေးဘူးဆိုလည်း ဒီနေ့ကစပြီး အသုံးပြုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Google Calendar မှမဟုတ်ပါဘူး၊ ပုံစံတူ App တေွ အသုံးပြုလို့ရပါတယ်၊

၂။ အရေးကြီးတဲ့ အလုပ်ဟုတ်မဟုတ်ခွဲခြားပါ။ 

To Do List တွေ ၊ Calendar တွေစစ်ပြီးရင်တော့ ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေထဲက ဘယ်အလုပ်ကတော့ အရေးကြီးဆုံး၊ ဘယ်အလုပ်ကတော့ သိပ်အရေးမကြီးဘူး စသဖြင့် ခွဲခြားလိုက်ပါ။ အဲဒီလို စိစစ်ခွဲခြားပြီးမှ အရေးကြီးတဲ့ အလုပ်တွေကို အရင်စလုပ်ဖို့အတွက် ဖယ်ထုတ်လိုက်ပါ။ အရေးတကြီး အလုပ်လုပ်ရမယ့် ကိစ္စတွေကို အရင်လုပ်ပါ။ 

ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေထဲက ဘယ်အလုပ်ကတော့ အရေးကြီးဆုံး၊ ဘယ်အလုပ်ကတော့ သိပ်အရေးမကြီးဘူး စသဖြင့် ခွဲခြားလိုက်ပါ။

ဓာတ်ပုံ-Freepik

၃။ မြန်မြန်ပြီးမြောက်မယ့်အလုပ်ကို အရင်လုပ်ပါ။ 

တချို့အရေးတကြီး ကိစ္စရပ်တွေက ကိုယ်တစ်ယောက်တည်းနဲ့ မပြီးတာမျိုး ၊ ဒါမှမဟုတ် ခုချက်ချင်း ထလုပ်လို့ မရနိုင်တာမျိုး ရှိတတ်ပါတယ်။အထက်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမှာမျိုး၊ ဒါမှမဟုတ် တခြားဒေတာအချက်အလက်တွေ ဖြည့်စွက်ရမှာမျိုးတွေ ရှိတတ်တာဖြစ်တဲ့အတွက် ချက်ချင်းလုပ်လို့ ရနိုင်မယ့် အ‌ေရးတကြီးကိစ္စတွေကို အရင်ဦးစွာလုပ်ပြီးမှသာ နောက်အရေးကြီးကိစ္စတွေကို လုပ်ပါ။ (ဒီနေရာမှာအခြေအနေအချိန်အခါအရ ဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။) 

၄။ တစ်ချိန်တည်းမှာ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ပါ။

အလုပ်တွေကို ဘယ်ချိန် ဘယ်အလုပ်လုပ်မယ်။ ဘယ်အလုပ်ကို အရင်လုပ်မယ်၊ ဘယ်အလုပ်ကို နောက်မှလုပ်မယ်ဆိုတာတွေ ခွဲပြီးသွားပြီဆိုရင်တော့ အလုပ်လုပ်တဲ့အခါမှာ အလုပ်တစ်ခုတည်းကိုသာလျှင် အာရုံစိုက်ပြီး လုပ်ဖို့ တိုက်တွန်းပါရစေ။ တစ်နေ့တစ်နေ့ လုပ်စရာတွေများပြီး ဘယ်အရာကိုမှ မပြီးစီးဘဲ အလျင်စလို ဖြစ်နေတယ်ဆိုတာ အလုပ်တွေအားလုံးအပေါ် အာရုံတွေများပြီးဖြစ်ရတာပါ။ ဒါ့ကြောင့်မို့ ဘယ်‌ေလာက်လုပ်စရာများပြားပါစေ၊ လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ထားဖို့ လိုပါတယ်။ 

၅။ နောက်တစ်နေ့ လုပ်စရာရှိသည်များ စာရင်းချရေးပါ 

တစ်နေ့တာ အလုပ်တွေ ပြီးမြောက်သွားသည်ဖြစ်စေ၊ ပြုလုပ်ထားတဲ့ အလုပ်တွေထဲက နောက်ရက် ဆက်လုပ်စရာရှိတာတွေကို ဖြစ်စေ၊စာရင်းချရေးထားဖို့လိုပါတယ်။ Mobile App အသုံးပြုသူတွေဆိုရင်လည်း တစ်ခါတည်း မှတ်သားထားဖို့ လိုပါတယ်။ ဒါမှသာ ဘယ်အလုပ်ကပြီးမြောက်သွားပြီ၊ ဘယ်အလုပ်က ဆက်လုပ်ရန်ကျန်ရှိနေသေးတယ်ဆိုတာတွေကို သိရှိပြီး နောက်တစ်ရက် စတင်ချိန်မှာလည်း ကိုယ်ဆောင်ရွက်ရမယ့် အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်းသိသွားပြီး အလုပ်တွေကို နေ့စဉ် စနစ်တကျဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ 

Work from Home ကာလမှာ အလုပ်ကောင်းကောင်းပြီးမြောက်စေမယ့် (၆) ချက် နဲ့ အိမ်မှာအလုပ်လုပ်နေမယ့် ဝန်ထမ်းတွေအနေနဲ့ ရုံးကနေမဖြစ်မနေတောင်းဆိုရမယ့်အရာတွေကို ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက် https://bit.ly/36GR62N ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က