In partnership with  logo
တကယ်တော့ ဒီအချိန်မှာ တော်တော်များများအလုပ်ခေါ်နေတာတွေက အိမ်မှာ လုပ်လို့ရတဲ့ အလုပ်တွေများပါတယ်။

ဒီလို ကိုဗစ်ကာလမှာ အလုပ်ခေါ်တာ ရှားသွားပြီလို့ ထင်နေကြပေမယ့် တကယ်တမ်းတော့ ကုမ္ပဏီတွေက အိမ်မှာ အလုပ်လုပ်နိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ခေါ်ယူနေကြတာဖြစ်ပါတယ်၊ 



အိမ်မှာ အလုပ်လုပ်လို့ ရနိုင်တဲ့ အလုပ်တွေ ခေါ်ယူနေတဲ့ ကုမ္ပဏီတွေကို သိရဖို့ဆိုရင် သင်လုပ်ရမယ့် အရာတွေကတော့ 

၁။ Work from Home လို့ ဆိုရှယ်နက်ဝက်မှာ ရိုက်ရှာပါ 

မြန်မာနိုင်ငံမှာတော့ Facebook ကို အသုံးပြုကြတာ များတဲ့အတွက် Facebook ရဲ့ Search Bar မှာ Work from Home လို့ ရိုက်ရှာလိုက်ရုံနဲ့ Work from Home နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဂရုတွေ၊ အိမ်မှာ အလုပ်လုပ်လို့ ရတဲ့ အလုပ်တွေကို ခေါ်ယူနေတဲ့ နေရာတွေ၊ Work from Home အတွက် ခေါ်ယူနေတဲ့ ကုမ္ပဏီပို့စ်တွေ အများကြီး ကျလာပါတယ်။ ဒီအထဲကမှ ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ Facebook က လူတိုင်း အခုအခါမှာအသုံးပြုနေကြတာဖြစ်တဲ့အတွက် အရမ်းကို လွယ်ကူပါတယ်။ 

၂။ အလုပ်အကိုင်ရှာဖွေရေးဆိုဒ်တွေကို follow လုပ်ထားပါ 

အလုပ်အကိုင်ရှာဖွေနေတဲ့သူတစ်ယောက်အနေနဲ့ Work from Home အလုပ်လိုချင်နေတာတင်မက ဘာအလုပ်ပဲ လိုချင်ချင် အလုပ်အကိုငရှာဖွေ‌ရေးဝက်ဘ်ဆိုဒ်တွေကို အမြဲကြည့်နေဖို့ လိုအပ်ပါတယ်၊ ဘယ်လိုအလုပ်အကိုင်တွေက လက်ရှိမှာ ခေါ်ယူနေသလဲ၊ Work from Home နဲပတ်သက်ပြီး ကိုယ် ဝင်ရောက်လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်တွေက ဘာတွေလဲဆိုတာကို သိစေဖို့အတွက် အမြဲမျက်စိဖွင့် နားစွင့်ထားဖို့လိုအပ်ပါတယ်။ 

freelancing platformတွေမှာ နယ်ပယ်စုံ အလုပ်မျိုးစုံကို ရှာဖွေလျှောက်ထားနိုင်တဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုသေသေချာချာ ရှာဖွေကြဖို့ တိုက်တွန်းချင်ပါတယ်။ 

၃။ Google မှာ freelancing platform လို့ရိုက်ရှာပါ 

မြန်မာနိုင်ငံမှာလည်း freelancing platform တွေ ရှိနေပါပြီ။ ဒီလိုကာလမှာ ပုံသေအလုပ်တစ်ခုမလုပ်ချင်ဘူး၊ freelance အလုပ် ဒါမှမဟုတ်Work from Home အလုပ်တစ်ခုဖြစ်တဲ့ Remote Working လုပ်ချင်သူတွေ အနေနဲ့တော့ freelancing platform တွေကတစ်ဆင့် ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းကို ရှာဖွေဖို့ အကြံပြုချင်ပါတယ်၊ freelancing platformတွေမှာ နယ်ပယ်စုံ အလုပ်မျိုးစုံကို ရှာဖွေလျှောက်ထားနိုင်တဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို သေသေချာချာ ရှာဖွေကြဖို့ တိုက်တွန်းချင်ပါတယ်။ 

ဒီအချက် ၃ ချက်ကို သေချာ လုပ်ဆောင်မယ်ဆိုရင်တော့ သင်ရှာဖွေနေတဲ့ သင်နဲ့ ကိုက်ညီတဲ့ Work from Home အလုပ်ကို ရရှိနိုင်မှာသေချာပါတယ်။ အချိန်ကလေးသေချာပေးပြီး ကိုယ့်ရဲ့ အလုပ်အကိုင်ရရှိဖို့ကို အားစိုက်ထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 

အိမ်မှာလုပ်လို့ရတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ မျိုး နဲ့ အွန်လိုင်းကနေ လွယ်လွယ်ကူကူအလုပ်ရှာနိုင်မယ့် နေရာ (၄)ခု မှာလည်း ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။ 

တိုက်ရိုက်အလုပ်လျှောက်လိုသူတွေအနေနဲ့လည်း https://bit.ly/3liruPk ဒီလင့်ကို ကလစ်ကလေးတစ်ချက်ထောက်ပြီး အလုပ်လျှောက်နိုင်ပါတယ်။ 


Share

Loading Next Article...
က္က