In partnership with  logo
ကိုဗစ်ကာလ လုပ်စရာတွေ အမြဲပုံနေတာလား။

ဒီလို အိမ်မှာလုပ်နေရတဲ့ ကာလအတွင်းမှာ ဝန်ထမ်းတွေဆီက ကြားရလေ့ရှိတဲ့ စကားကို အလုပ်တွေမပြီးသေးဘူး။ လုပ်စရာတွေ ပုံနေတယ်ဆိုတဲ့ စကားပါပဲ။ တစ်ရက်တလေ ပုံတာက ကိစ္စမရှိပေမယ့် ရက်တွေများလာတဲ့အခါ ကိုယ့်မှာ လုပ်စရာတွေ အများကြီးဖြစ်လာပြီး အလုပ်တွေ မနိုင်ဘူးလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်လာကာ စိတ်ဓာတ်ကျတဲ့အထိပါဖြစ်လာတတ်ပါတယ်။ 



ဒီလိုတွေ မဖြစ်ရလေအောင် တစ်နေ့တာအလုပ်တွေအားလုံး ချောချောမွေ့မွေ့ပြီးစီးသွားစေမယ့် လွယ်ကူအသုံးဝင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

၁။အလုပ်နေရာသတ်သတ်မှတ်မှတ်ထားပါ 

အိမ်မှာ အလုပ်လုပ်နေကြတဲ့ တချို့ဝန်ထမ်းတွေဟာ အလုပ်ကို ကိုယ့်ရဲ့ အိပ်ယာမှာ ယူလုပ်တတ်ကြတာမျိုးတွေ့ရတတ်ပါတယ်။ အဲဒီလိုအလုပ်နေရာ အတည်တကျမထားဘဲ ကြုံရာနေရာမှာ ဖြစ်သလို လုပ်တာက အလုပ်လုပ်ချင်စိတ်ကို ချိုးဖျက်စေတတ်ပါတယ်။ ဒါ့ကြောင့် Work from Home ဖြစ်နေပါစေ၊ ကိုယ့်ရဲ့ အိမ်မှာ ကိုယ်အလုပ်လုပ်မယ့်နေရာလေးကို သတ်သတ်မှတ်မှတ်ထားရှိပြီး အလုပ်အတွက် လိုအပ်မယ့်အရာတွေကို တစ်နေရာတည်း ရရှိနိုင်အောင်ထားပါ။ အလုပ်နေရာသတ်သတ်မှတ်မှတ်ရှိခြင်းက အလုပ်တွေကို ပြီးမြောက်စေဖို့ ကူညီပေးပါလိမ့်မယ်။ 

၂။လုပ်စရာရှိသည်များအားလုံးချရေးပါ 

မနက် အလုပ်ချိန်စတင်ပြီဆိုတာနဲ့ ကိုယ်လုပ်စရာရှိတဲ့ ကြီးကြီးမားမားတွေက စလို့ သေးသေးမွှားမွှားတွေအထိ အကုန်ချရေးပါ။ ကိုယ်ချရေးထားတဲ့ အလုပ်တွေထဲက တစ်ခုပြီးတိုင်းလည်း အဲဒီအလုပ်ကို မှင်နီနဲ့ အလုပ်ပြီးမြောက်သွားကြောင်း ခြစ်လိုက်ပါ။ အလုပ်တွေပုံနေရာကနေအလုပ်တစ်ခု ပြီးသွားတိုင်းမှာ စိတ်လက်ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။ ကျန်ရှိနေတဲ့ အလုပ်တွေကိုလည်း ဆက်လက် ပြီးမြောက်အောင်လုပ်ဆောင်ချင်နေတာမျိုး ခံစားရပါလိမ့်မယ်။ 

ကိုယ်ချရေးထားတဲ့ ကိစ္စတွေထဲက ဘယ်အလုပ်က ဘယ်အချိန်မှာ လုပ်ဖို့အသင့်တော်ဆုံးလဲဆိုတာတွေကိုပါ သတ်မှတ်ဖို့လိုပြီး ကိုယ်သတ်မှတ်ထားတဲ့အတိုင်း အတိအကျဖြစ်အောင် ကြိုးစား‌ဆောင်ရွက်ကြည့်ပါ။ 

၃။အချိန်ကန့်သတ်ချက် ထားပါ 

လုပ်စရာရှိတဲ့ ကိစ္စတွေကို အချိန်ဘယ်လောက်ယူပြီး လုပ်မှာလဲဆိုတဲ့ ကန့်သတ်ချက်မျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါ။ တစ်နာရီအတွင်း ပြီးအောင်လုပ်မှာလား၊ နာရီဝက်အတွင်း ပြီးအောင် လုပ်မှာလား စသဖြင့် ကိုယ်ချရေးထားတဲ့ ကိစ္စတွေထဲက ဘယ်အလုပ်က ဘယ်အချိန်မှာ လုပ်ဖို့အသင့်တော်ဆုံးလဲဆိုတာတွေကိုပါ သတ်မှတ်ဖို့လိုပြီး ကိုယ်သတ်မှတ်ထားတဲ့အတိုင်း အတိအကျဖြစ်အောင် ကြိုးစား‌ဆောင်ရွက်ကြည့်ပါ။ 

၄။Break Time ယူပါ 

အလုပ်နေရာမှာပဲ တစ်နေကုန်ထိုင်ပြီး တောက်လျှောက်လုပ်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စ နှစ်ခု ၊ သုံးခုလောက် ဆောင်ရွက်ပြီးတဲ့အခါ မိနစ် ၂၀ ခန့် ဒါမှမဟုတ် နာရီဝက်ခန့် ကိုယ့်ကိုယ်ကိုယ် ခဏနားချိန်ပေးဖို့ လိုပါတယ်။ အလုပ်တွေ ‌ေတောက်လျှောက်လုပ်လာတဲ့အခါ စိတ်ညစ်ညူးလာတာ ၊ အညောင်းထိုင်လာတာတွေ ရှိနိုင်တဲ့အတွက် ရုံးမှာ ကော်ဖီခဏသောက်ချိန်၊ Break Time ချိန်ပေးသလိုပဲ အိမ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ခဏ Break Time ပေးဖို့ လိုအပ်ပါတယ်။ 


၅။လိုအပ်တဲ့ အရာတွေကို တောင်းဆိုဖို့ မကြောက်ပါနဲ့ 

တစ်ခါတရံ ကိုယ်အလုပ်မပြီးမြောက်တာက ကိုယ့်အိမ်က မီးပျက်နေတာမျိုး၊ အလုပ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတချို့ ပျက်ယွင်းနေတာမျိုး၊အင်တာနက်မရတာမျိုး၊ ဆုံးဖြတ်ချက်ချရမယ့်သူနဲ့ အဆက်အသွယ်မရတာမျိုးတွေကြောင့် ဖြစ်နေတတ်ပါတယ်။ အထက်လူကြီး ဒါမှမဟုတ်ကုမ္ပဏီကို တောင်းဆိုရမှာ၊ တင်ပြရမှာ ကြောက်ပြီး ကိုယ့်အလုပ်တွေက မပြီးစီးဘူးဆိုတာကိုသာ ပြောနေရတဲ့ အခြေအနေဆိုရင်တော့ ကိုယ်အကူအညီလိုနေတာ ၊ ကိုယ်တင်ပြစရာရှိတာ ၊ ကိုယ်တောင်းဆိုစရာရှိတာကို ရဲရဲဝံ့ဝံ့တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ 

ဒီအချက်လေးတွေက ဘာမှမခက်ခဲဖူးဆိုပေမယ့် တကယ်လုပ်ကြည့်မယ်ဆိုရင် အသုံးဝင်ပြီးထိရောက်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ 

အိမ်မှာလုပ်လို့ရတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ မျိုး နဲ့ အိမ်ကနေ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ Team နဲ့ ရလဒ်ကောင်းတွေ ရရှိစေမယ့် အချက်(၄)ချက် မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်။ 

အလုပ်လျှောက်ချင်သူတွေအနေနဲ့လည်း https://bit.ly/32QTZgm ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က