In partnership with  logo
Accounting & Finance အလုပ်အကိုင်ခေါ်ယူမှုတွေကတော့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ကတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ကာလအတွင်းမှာ ယခင်နှစ်တွေထက်တော့ အလုပ်ခေါ်ယူမှုတွေက နည်းပါးခဲ့ပါတယ်။ ဒီလို အလုပ်ခေါ်ယူမှု နည်းပါးခဲ့ပေမယ့်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ဆက်လက် ရှိခဲ့တာကိုတွေ့ရပါတယ်။ ၂၀၂၀ တစ်နှစ်တာအတွင်း ခေါ်ယူမှုအများဆုံးဖြစ်ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကုိ ပြောပြပေးချင်ပါတယ်။ 



၁။Accounting & Financeပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ 

၂၀၂၀ ခုနှစ်အတွင်းထိပ်တန်းအလုပ်ခေါ်ယူမှုအများဆုံးရှိခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ‌ထဲမှာ Accounting & Finance ပုိင်းက နံပါတ်တစ် နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Accounting & Finance ပိုင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ တခြားသော အလုပ်အကိုင်အခွင့်အလမ်းတွေထက် ပိုမို အခွင့်အလမ်းများပြားခဲ့သလိုလျှောက်ထားသူတွေလည်း အများကြီးအခွင့်အလမ်းရခဲ့ကြပါတယ်။

 

၂။Sales ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ 

ကိုဗစ်ကာလမှာ အလုပ်တွေ ရပ်တန့်ခဲ့ရတယ်ဆိုပေမယ့်လည်း လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့အတွက် Sales ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေကလည်း များပြားခဲ့တာကို တွေ့ခဲ့ရပါတယ်။ Sales ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ၂၀၂၀ ခုနှစ်မှာ ခေါ်ယူမှုအများဆုံး ဒုတိယနေရာမှာ ဗိုလ်စွဲခဲ့ပါတယ်။ 

၃။ Engineering and Technology ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ 

ကိုဗစ်ကြောင့် လုပ်ငန်းခွင်ဟာ Work from Home ကို ပြောင်းလဲလုပ်ကိုင်နေကြရတာဖြစ်တာကြောင့် နည်းပညာပိုင်းဆိုင်ရာဟာ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ဒီလိုနည်းပညာပိုင်း လိုအပ်လာတာနဲ့အမျှ အိုင်တီပိုင်းဆိုင်ရာ အလုပ်အကိုင်ခေါ်ယူမှုတွေဟာလည်း ပိုမို လိုအပ်လာတာကို တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အလုပ်အကိုင်ခေါ်ယူမှုအများဆုံး တတိယနေရာမှာ ချိတ်ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းကတော့ Engineering and Technology ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။ 

၄။HR ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ

ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်တိုင်းမှာ လိုအပ်နေတဲ့ ဌာနကတော့ ဝန်ထမ်းရေးရာတွေကိုစီမံကွပ်ကဲရတဲ့ HR ပိုင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် တချို့လုပ်ငန်းတွေရပ်တန့်လိုက်ရပေမယ့်လည်း HR ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ ၂၀၂၀ ရဲ့ အလုပ်အကိုင်အခွင့်အလမ်းခေါ်ယူမှုအများဆုံး နံပါတ်လေးက‌ေတာ့ HR ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေပါ။ 



၅။Delivery ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ

ကိုဗစ်ကာလမှာ အရမ်းကို အလုပ်ဖြစ်လာတာကတော့ သယ်ယူပို့ဆောင်ရေး Delivery လုပ်ငန်းတွေပဲဖြစ်ပါတယ်။ အိမ်မှာနေရတဲ့ ကာလအတွင်း လူတိုင်းရဲ့ စားသောက်မှု၊ လူနေမှုပုံစံတွေအတွက် အိမ်တိုင်ရာ‌ေရာက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာလည်း ၂၀၂၀အတွင်းမှာ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်တွေ ဖြစ်ခဲ့ပါတယ်။ 

၆။Service ပိုင်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ

ကိုဗစ်ကာလမှာ နောက်ထပ်ပိုမိုအလုပ်တွင်လာတဲ့ အရာကတော့ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ အိမ်ကနေ အရာအားလုံး ဆောင်ရွက်နေရတဲ့ အချိန်ကာလအတွင်းမှာ Customer Service and Communication အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ၂၀၂၀ အတွင်းမှာ ခေါ်ယူမှုအများဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။ 

ဒီအလုပ်အကိုင်(၆) ခုကတော့ ၂၀၂၀ ခုနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများခဲ့ဆုံး အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ၂၀၂၀ မှာ အလုပ်အကိုင်အခွင့်အလမ်း တဟုန်ထိုးတက်လာတဲ့ Digital Marketing နဲ့ ကိုဗစ်ကာလအတွင်း အချိန်ပိုင်း အလုပ်အဖြစ် ခေါ်ယူမှုအများဆုံး အလုပ်အကိုင်များ မှာ ဆက်လက်လေ့လာနိုင်ပါတယ်။

အလုပ်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/36AdEnကနေတစ်ဆင့်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က