In partnership with  logo
Salespersonတွေမှာလည်း တကယ်ကို တော်ပြီးထူးချွန်တဲ့သူတွေရှိပါတယ်။

အသက်မွေးဝမ်းကျောင်း အကြောင်း ပြောရမယ်ဆိုရင် အရောင်းသမားတွေကိုလည်း ချန်လှပ်ထားလို့တော့မရပါဘူး။ အောက်ခြေဈေးဆိုင်လေးတွေကစလို့ နာမည်ကြီးတံဆိပ်ကုမ္ပဏီတွေအထိ Salesperson သမားကောင်းကောင်းတွေရဲ့ အရည်အချင်းတွေ အထူးလိုအပ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ထူးချွန်ထက်မြက်တဲ့ Salesperson တွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာကို ပြောပြချင်ပါတယ်။



ဒီအချက် (၄) ချက်ကိုသာ ကောင်းကောင်း လိုက်နာနိုင်ရင် အရည်အချင်းရှိတဲ့ Salespersonသမားကောင်း ဖြစ်လာပါလိမ့်မယ်။ 

၁။ အပြောအဆိုမှုပိုင်းရည်ကျွမ်းကျင်ခြင်း 

Salesperson တစ်ယောက်မှာ ပထမဦးဆုံး ကျွမ်းကျင်ပိုင်နိုင်ရမယ့် အရည်အချင်းကတော့ စကားပြောဆိုမှုအပိုင်းပါပဲ။ ဝယ်ဖို့ မဟုတ်ပါဘဲ ခဏတဖြုတ် လှည့်လည်ကြည့်တဲ့သူတွေကိုတောင်မှ ဈေးဝယ်ချင်သွားအောင် စွမ်းဆောင်နိုင်ဖို့အတွက် Salesperson တွေဟာ အပြောအဆိုပိုင်းမှာ ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ 


၂။ လိမ်မာပါးနပ်ခြင်း

Salesperson တစ်ယောက်ဟာ ဈေးဝယ်သူကို လိမ်မာပါးနပ်စွာကိုင်တွယ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီဈေးဝယ်သူဟာ တကယ်ဈေးဝယ်မယ့်သူလား၊ ဘယ်လောက် ပမာဏထိ သူသုံးမှာလဲ စတဲ့ အမေးတွေကို ဈေးဝယ်သူစိတ်ထဲ ဆက်လက်ပြီး ကိုယ့်ရဲ့ Product တွေကို ဆက်လက် ကြည့်ရှုချင်စိတ်ရှိနေအောင် လိမ်လိမ်မာမာ ပါးပါးနပ်နပ် ထိန်းထားဖို့ လိုအပ်ပါတယ်။အရောင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်ဆိုင်လာတဲ့သူဟာ ဘယ်လောက်ပမာဏအထိသုံးပြီး ကိုယ့်ရဲ့ ပစ္စည်းတွေကို ဝယ်ယူမယ့်သူမျိုးလဲဆိုတာကို အကဲခတ်နိုင်သည်ထိ လိမ်မာပါးနပ်ဖို့ လိုအပ်ပါတယ်။ 

Salesperson တစ်ယောက်ဟာ ဈေးဝယ်သူကို လိမ်မာပါးနပ်စွာကိုင်တွယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

၃။ ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ကောင်းကောင်းသိနိုင်ခြင်း 

ဝယ်သူရဲ့ အဖြေတွေကို နားထောင်လိုက်တာနဲ့ ဒီဝယ်သူဟာ ဘာကို လိုအပ်နေတာလဲဆိုတာကို ကောင်းကောင်းသိနားလည်နိုင်တဲ့ စွမ်းရည်မျိုးလဲလိုအပ်ပါတယ်။ ဒါမှသာ ဝယ်သူရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကိုယ့် Product ကို ရောင်းချနိုင်မှာပါ။ 

၄။ Productတွေအကြောင်း သေချာရှင်းပြနိုင်ခြင်း 

Product ရောင်းသူအဖို့တော့ ကိုယ်ရောင်းချရမယ့် Product တွေကို ဝယ်သူတွေ ဝယ်ချင်စိတ်ပေါ်လာအောင် ပြောဆိုစည်းရုံးရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့် Product တွေအကြောင်း ကောင်းကောင်း သိနားလည်နေအောင် လုပ်ထားရမှာဖြစ်ပါတယ်။ ကိုယ့် Product နဲ့ ပတ်သက်ပြီး ဝယ်သူမေးသမျှကို ချက်ကျလက်ကျနဲ့‌ ဖြေနိုင်လေလေ ဝယ်သူက ကိုယ့်ရဲ့ ပစ္စည်းပေါ် အာရုံကျပြီး ဝယ်ယူဖို့ အလားအလာပိုရှိလေပါပဲ။ ဝယ်ယူသူက ကိုယ့်ပစ္စည်းကို တခြားပြိုင်ဘက်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြောဆိုလာချိန်မှာလည်း ကိုယ့်ပစ္စည်းရဲ့ အားသာချက်တွေကို ဝယ်ယူသူ သိမြင်သွားရလေအောင် ရှင်းပြပြောဆိုနိုင်တဲ့ အရည်အချင်းမျိုးရှိရပါမယ်။

အရည်အချင်းရှိတဲ့ Salesperson တစ်ယောက်မလုပ်သင့်တဲ့ အပြုအမူများ 

အထက်က ထူးချွန်တဲ့ အရောင်းသမားဝန်ထမ်းတိုင်း ရှိသင့်တဲ့ အရည်အချင်းတွေကို ပြောပြီးပြီ ဖြစ်တဲ့အတွက် အခု မပြုသင့်တဲ့ အပြုအမူတွေကို ပြောပြပေးချင်ပါတယ်။ 

၁။ ပြဿနာပေါ်ပေါက်လာတဲ့အခါ ဝယ်သူအပြစ်ဆိုတာမျိုးဖြစ်အောင် ပြောဆိုတာမျိုးရှောင်ပါ 

၂။ ဝယ်သူနဲ့ အရမ်းငြင်းခုန်နေတာမျိုး မပြုလုပ်သင့်ပါ

၃။ ကိုယ်တာဝန်ယူရမယ့်ကိစ္စကို ဆင်ခြေတွေနဲ့ မရှောင်တိမ်းသင့်ပါ 

၄။ ရောင်းချင်ဇောအားကြီးပြီး လိမ်ညာရောင်းချတာမျိုး မပြုသင့်ပါ 

ဒီ အချက်လေးတွေကို ရှောင်ကြဉ်ပြီး အထက်ကပြောတဲ့ အချက်တွေကိုသာ လိုက်နာသွားမယ်ဆိုရင်တော့ အရောင်းပိုင်းလောကမှာ ဆရာတစ်ဆူဖြစ်လာမှာ ကျိန်းသေပါတယ်။ 

ဆက်လက်ပြီး PR လောကထဲ ဝင်မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့အရာများ နဲ့ HR လောကထဲဝင်မယ်ဆိုရင် မဖြစ်မနေသိထားရမယ့်အရာများ မှာ ဖတ်ရှုလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/34ydLi9  ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က