ဘယ်သူတွေရဲ့ သားသား၊ မီးမီးလေးတွေ ပါမလဲ ကြည့်လိုုက်ရအောင်နော်။

၂၀၁၈ခုနှစ်ထဲမှာ အနုပညာရှင်များရဲ့ မျိုးဆက်သစ်လေး (၉) ဦး မွေးဖွားခဲ့ပါတယ်။ သားဦးသမီးဦးလေးတွေလည်း ရှိသလို ဒုတိယရင်သွေးလေးတွေ ရရှိသူတွေလည်း ရှိပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဘယ်အနုပညာရှင်က သားသမီး ရတနာလေးတွေ ပိုင်ဆိုင်ခဲ့တယ် ဆိုတာ ကြည့်လိုက်ရအောင်နော်။


Photo : ကောင်းကောင်း FB

၁။ အဆိုတော် ကောင်းကောင်းရဲ့သားဦးလေး

အဆိုတော် ကောင်းကောင်းနဲ့ နီလာထူူး (Mei Mei) တို့ရဲ့ သားဦးလေးက၂၀၁၈ခုနှစ် ဇန်နဝါရီ(၂) ရက်နေ့က မွေးဖွားခဲ့တာဖြစ်လို့ မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာပါ။ သားဦးလေးမို့ သူတို့နှစ်ယောက်စလုံးက ချစ်မဝဖြစ်နေကြပါတယ်။ သားလေးက ဖေဖေဆိုပြတဲ့ သီချင်းတွေကို နားထောင်ရင်း ဂီတတွေနဲ့ ရင်းနှီးနေပါပြီ။ သားသားလေးကိုတော့ လက်ရှိမှာ “အိုမဟာလေး” ဆိုပြီး အိမ်ခေါ်နာမည်လေး ပေးထားတာ တွေ့ရပါတယ်။

Photo : အာဇာနည် FB

။ Rဇာနည်ရဲ့ ဒုတိယမြောက် သားလေး ချစ်ချစ်တုန်

Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက် သားလေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းက ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားဦးလေး ဖစ်ဖစ်တုန် က မောင်နှမလို ချင်လို့ ဒုတိယရင်သွေးလေးကို ယူဖြစ်တာလို့ သိရပါတယ်။ ညီလေးကို အရမ်းချစ်တဲ့ ဖစ်ဖစ်တုန်က ညီလေးကို ချစ်ချစ်တုန်လို့ သူကိုယ်တိုင် နာမည်ပေးထားပါတယ်။ နာမည်နဲ့လိုက်အောင် တစ်မိသားစုလုံး တုန်နေအောင်ချစ်ကြတဲ့ ချစ်ချစ်တုန်လေးက အခုဆိုရင် ၁၁လ သားအရွယ်ကို ရောက်ရှိနေပါပြီ။

Photo : စိုးပြည့်ပြည့်စံ FB

စိုးပြည့်ပြည့်စံရဲ့ သားဦးလေး

သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံရဲ့ သားဦးလေးကိုတော့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ(၂) ရက်နေ့က ရန်ကုန်မြို့ အကယ်ဒမီဆေးရုံမှာ မွေးဖွားခဲ့တာပါ။၇ပေါင်နဲ့ ၁၃အောင်စရှိတဲ့ သားလေးဟာ တုတ်တုတ်ခဲခဲလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ သားသားကို စိုးပြည့်ပြည့်စံရဲ့ ပရိသတ်တွေက သားသားထော်လို့ ခေါ်ပြီး ဘုန်းပြည့်ပိုင်လို့ အမည်ပေးထားပါတယ်။

Photo :ချောရတနာ FB

၄။ ချောရတနာရဲ့သမီးလေး

ချောရတနာက ဒုတိယမြောက် ရင်သွေးလေးကို ၂၀၁၈ခုနှစ် မတ်လ(၁၂)ရက်နေ့က ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေးတစ်ယောက် ရထားတဲ့ ချောရတနာက သမီးလေးတစ်ယောက် ထပ်ရလို့ အရမ်းပျော်နေပါတယ်။ သမီးလေးက အခုဆို (၉)လအရွယ်ကို ရောက်နေပါပြီ။ ချောရတနာဟာ သမီးလေး ကိုယ်ဝန်လွယ်ထားတဲ့ အချိန်ကတည်းက ကြော်ငြာလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ချစ်ဖို့ကောင်းတဲ့ သမီးလေးဟာ တစ်အိမ်လုံးရဲ့ အသည်းကျော်လေးပါ။ သမီးလေးကိုုတော့ ချစ်စနိုးနဲ့ Co Co လို့ပဲ ခေါ်နေကြပါတယ်။

Photo : ဖော်ကာ

၅။ ဖော်ကာရဲ့ သားဦးလေး

ကလေးအရမ်းလိုချင်နေတဲ့ အဆိုတော် ဖော်ကာက ၂၀၁၈ခုနှစ် သြဂုတ်လ(၃)ရက်နေ့မှာ သားဦးလေး တစ်ယောက် ပိုင်ဆိုင်ခဲ့လို့ မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲ့ရပါတယ်။ ဖော်ကာနဲ့ သားသားလေးတို့ဟာ မွေးလချင်းတူတယ်လို့ သိရပါတယ်။ အခုဆိုရင် သားလေးက လေးလသားအရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သားလေးကိုတော့ လက်ရှိမှာ “ဂျက်ချေ” ဆိုပြီးခေါ်နေတာ တွေ့ရပါတယ်။

Photo : မြင့်မြတ် FB

၆။ မြင့်မြတ်ရဲ့ သားဦးလေး

မြင့်မြတ်ရဲ့ သားဦးလေး က လူ့လောကထဲကို ၂၀၁၈ သြဂုတ်လ(၇) ရက်နေ့က ရောက်ရှိလာခဲ့တာပါ။ သားလေးဟာ မွေးပြီးပြီးခြင်းမှာ (၅)ပေါင်နဲ့ (၈)အောင်စရှိပါတယ်။ မြင့်မြတ်ဟာ သူ့ရဲ့ သားလေးကို သူနဲ့ မွေးနေ့ချင်းတူအောင် ရွေးချယ်ခွင့်ရခဲ့လို့လည်း အရမ်းပျော်ခဲ့ရပါတယ်။ ချစ်စရာကောင်းတဲ့ မြင့်မြတ်ရဲ့ သားလေးဟာ အခုဆိုရင် လေးလသားအရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သားလေးကို လက်ရှိမှာ ပရိသတ်တွေကရောအနုပညာအသိုင်းအဝိုင်းက လူတွေ အားလုံးက ဂျူနီယာမြင့်မြတ်လေး..ဂျင်းကောင်ပေါက်စလေးဆိုပြီး ချစ်စနိုး နာမည်လေးတွေ ပေးထားတာတွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး

၇။ ယွန်းဝတီလွင်မိုးရဲ့ သားဦးလေး

ယွန်းဝတီလွင်မိုးက သားဦးလေးကို သြစတြေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ ၂၀၁၈ခုနှစ် သြဂုတ်လ(၇) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေးမီးဖွားပြီး (၅)ရက်မြောက်နေ့မှ ကလေးမွေးပြီးကြောင်းကို ယွန်းဝတီလွင်မိုးက ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ သားဦးလေးကို Liam လို့ ခေါ်ပြီးမြန်မာနာမည်ကို “လွင်ထက်”လို့ အမည်ပေးထားပါတယ်။ အခုဆိုရင် သားသားလေးဟာ လေးလသားအရွယ်ရောက်နေပြီး ဘိုးဘိုး လွင်မိုးနဲ့ မေမေ ယွန်းဝတီလွင်မိုးလိုပဲ ပရိသတ်အချစ်တော်လေး ဖြစ်နေပါပြီ။


Photo : ကြာစိ FB

၈။ ကြာစိရဲ့ သမီးဦးလေး

ဟာသသရုပ်ဆောင် လူရွှင်တော် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ရဲ့ သမီးလေးကို ၂၀၁၈ခုနှစ် စက်တင်ဘာ(၂၄) ရက်နေ့က တောင်ကြီး မြို့နယ်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးက အခုဆိုရင် (၃) လအရွယ် အရွယ်လေးကို ရောက်နေပါပြီ။ သမီးလေးကိုတော့ ဆုသဒ္ဓါမြတ်နိုး ဆိုတဲ့ နာမည်လေးပေးထားပါတယ်။

Photo : မေထွဋ်ခေါင် FB

၉။ မေထွဋ်ခေါင်ရဲ့ ဒုတိယမြောက်သားလေး

သရုပ်ဆောင် ဆီဇာညီညီနဲ့ မေထွဋ်ခေါင်တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ၂၀၁၈ခုနှစ် နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့တာပါ။ ၇ ပေါင်နဲ့ ၅အောင်စ ရှိတဲ့ သားလေးဟာ တုတ်တုတ်ခဲခဲ နဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေတောင် ချစ်မဝဖြစ်နေရပါတယ်။သမီးဦးလေး ရရှိထားတဲ့ သူတို့ဇနီးမောင်နှံဟာ သားလေးတစ်ယောက် ထပ်ရလို့ အရမ်းကိုပျော်လို့နေပါတယ်။ သားလေးရဲ့ နာမည်ကိုတော့ ခန့်သူရအောင် လို့ မှည့်ထားပါတယ်။



က္က