ကူးစက်ခံရမှုအန္တရာမြင့်မားတဲ့ အသက်အရွယ်အုပ်စုကို ကာကွယ်ပေးနိုင်မယ့် မျှော်လင့်ချက်မြင့်တက်လာပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက အသက် ၆၀ ကျော်နဲ့ ၇၀ ကျော်အရွယ်တွေမှာ သန်စွမ်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပြီး ကူးစက်ခံရမှုအန္တရာမြင့်မားတဲ့ အသက်အရွယ်အုပ်စုကို ကာကွယ်ပေးနိုင်မယ့် မျှော်လင့်ချက်မြင့်တက်လာပါတယ်။

(Photo: Oxford University)

ကာကွယ်ဆေးကို မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၅၆၀ မှာ ဒုတိယအဆင့် ထိုးနှံစမ်းသပ်ခဲ့မှုရလဒ်တွေဟာ အားတက်စရာဖြစ်ကြောင်း သုတေသီတွေက Lancet ဆေးပညာဂျာနယ်မှာ ပြောထားပါတယ်။ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကို ပိုမိုများပြားတဲ့ လူဦးရေနဲ့လည်း တတိယအဆင့် (နောက်ဆုံးအဆင့်) စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး ခရစ္စမတ်မှာ ရလဒ်များသိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။



တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက် (သို့မဟုတ်) ကိုဗစ်ကာကွယ်ဆေးများ

နောက်ဆုံးအဆင့် စမ်းသပ်မှုတွေရဲ့ အစောပိုင်းရလဒ်တွေကို လာမယ့် သီတင်းပတ်များအတွင်း သိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးသုံးမျိုးဖြစ်တဲ့ Pfizer နဲ့ BioNTech ၊ Moderna နဲ့ Sputnik V တို့က COVID-19 ကို ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ အသီးသီး ကာကွယ်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေအရ တွေ့ရှိထားပါတယ်။

ဗြိတိန်အစိုးရက အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး သန်း ၁၀၀၊ Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေး သန်း ၄၀ နဲ့ Moderna ကာကွယ်ဆေး ငါးသန်းကို မှာကြားထားပြီး ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာပင် တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးဟာ အလယ်အဆင့်စမ်းသပ်မှုအရ အောင်မြင်မှုရှိခဲ့ကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။

Pfizer ကိုဗစ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်၊ ရက်ပိုင်းအတွင်း အမေရိကန် FDA ခွင့်ပြုချက်လျှောက်မည်

တရုတ်မှာ ဖော်စပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေရှိပြီး အချို့ကို အစိုးရက အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။ တရုတ်ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေးကို လူ ၇၀၀ ဝန်းကျင်မှာ စမ်းသပ်မှုရလဒ်အရ ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Share

Loading Next Article...
က္က