ဗိုင်းရပ်စ်အသစ်ကို ဗြိတိန်မှာ ပြန်လည်ခြေရာခံခဲ့ရာ ယမန်နှစ် စက်တင်ဘာလအတွင်း ပထမဆုံး ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
Ko John

ဗြိတိန်မှာ စတင်တွေ့ခဲ့ရပြီး ပိုမိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုကို အရှေ့တောင်အာရှမှ ဗီယက်နမ်နိုင်ငံမှာ တွေ့ရှိလာရပြီးနောက် ယခုအခါ ထိုဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံထက်မနည်း ရှိလာပြီဖြစ်ပါတယ်။

(Photo: AFP/Getty Images)

ဗီယက်နမ်မှာတွေ့ရတဲ့ ကူးစက်ခံရသူဟာ ဗြိတိန်မှပြန်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းကို ပြန်ရောက်စဥ်ကတည်းက အသွားအလာကန့်သတ်ထားခဲ့ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၂ ရက်) ပြောပါတယ်။ COVID-19 ဖြစ်စေတဲ့ အဆိုပါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ဗြိတိန်မှာ ပြန်လည်ခြေရာခံ စစ်ဆေးခဲ့ရာ ယမန်နှစ် စက်တင်ဘာလအတွင်း ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း Public Health England (PHE) က ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း ဘာတွေသိထားပြီလဲ?

ထို့နောက် ဗိုင်းရပ်စ်ဟာ နိုဝင်ဘာလလယ်ပိုင်းအထိ လူတွေကြားမှာ အလွန်နည်းပါးတဲ့ ပမဏအဖြစ် ပျံ့နှံ့နေခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေကြောင်းကို တာဝန်ရှိသူတွေက ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှာ တရားဝင် ထုတ်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(Photo: Piroschka van de Wouw/Reuters)

ကမ္ဘာ့နိုင်ငံတွေက ဗိုင်းရပ်စ်အသစ် တွေ့ရှိခဲ့တဲ့ ဗြိတိန်နဲ့ ခရီးသွားလာမှုကို တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ လေ့လာမှုတွေအရ ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ မူလဗိုင်းရပ်စ်ထက် ၄၀ မှ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး COVID-19 Genomics Consortium UK (COG-UK) က ပြောကြားမှုအရ ထူးထူးခြားခြား ကြီးမားတဲ့ မျိုးဗီဇအပြောင်းအလဲများရှိတယ်လို့ ဆိုပါတယ်။

COG-UK က ပြောကြားမှုအရ မျိုးဗီဇပြောင်းလဲမှု သုံးခုဟာ ဇီဝဗေဒဆိုင်ရာ အရေးပါမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မျိုးဗီဇပြောင်းလဲမှု သုံးခုလုံးကို ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ spike protein ထဲမှာ ရှာဖွေတွေ့ရှိရပါတယ်။ ဗိုင်းရပ်စ်ရဲ့ spike protein (ဗိုင်းရပ်စ်မျက်နှာပေါ်ရှိ အချွန်အတက်လေးများ) ဟာ ခန္ဓာကိုယ်ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်မှုနဲ့ ဆက်နွယ်ပါတယ်။

(Photo: Ahmed Jadallah/Reuters)

လက်ရှိအချိန်အထိ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ဆွီဒင်၊ စပိန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ လက်ဘနွန်၊ စင်ကာပူ၊ ဩစတြေးလျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဖင်လန်၊ ပါကစ္စတန်၊ အမေရိကန်၊ တူရကီ၊ ဘယ်လ်ဂျီယံ၊ ချီလီ၊ ဘရာဇီး၊ မော်လ်တာ၊ နော်ဝေ၊ ပေါ်တူဂီ၊ တရုတ်၊ ထိုင်ဝမ်၊ အိုက်စ်လန်၊ အိုင်ယာလန်၊ အစ္စရေး၊ ဂျော်ဒန်၊ ဗီယက်နမ်တို့မှာ တွေ့ရှိထားပါတယ်။

၂၀၂၀ မှာ ချန်ထားခဲ့လို့မရတဲ့အရာ သို့မဟုတ် ကိုဗစ်ကပ်ရောဂါ


Author


က္က