ကာကွယ်ဆေးထွက်လာမှုနဲ့အတူ COVID-19 တိုက်ဖျက်ရေး အားရကျေနပ်မှုအပေါ် WHO သတိပေး

ယခုအခါ ကမ္ဘာမှာ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ရရှိလာနေပြီး နိုင်ငံအချို့မှာ ထိုးနှံမှုများစတင်နေမှုနဲ့ ရက်ပိုင်းအတွင်း စတင်ရန်ပြင်ဆင်နေပြီဖြစ်ပေမဲ့ အစိုးရတွေနဲ့ နိုင်ငံသားတွေအနေနဲ့ ထိုရောဂါကို သတိထားစောင့်ကြည့်ခြင်း မပြုတော့ဘဲ မနေကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးခဲ့ပါတယ်။

(Photo: PA Media)

ရုရှားနိုင်ငံက ၎င်းတို့ရဲ့ ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးကို လူအမြောက်အမြားကို ထိုးနှံပေးမှုတွေ ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ထို့အတူ ဗြိတိန်က Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးထားပြီး လာမယ့် ရက်ပိုင်းအတွင်း စတင်ထိုးနှံရန် ပြင်ဆင်နေပါတယ်။



ကာကွယ်ဆေးတွေ စတင်ထိုးနှံနိုင်တော့မယ့် အခြေအနေက လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၆၅ သန်းကျော်ကို ကူးစက်ခဲ့ပြီး ၁.၅ သန်းကျော် သေဆုံးစေခဲ့တဲ့ COVID-19 ကို မကြာမီ တိုက်ဖျက်နိုင်တော့မယ့် မျှော်လင့်ချက်တွေ မြင့်တက်လာစေပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ာစီးပွားရေးထိခိုက်မှုနဲ့ လူဦးရေ ဘီလီယံနဲ့ချီပြီး ပုံမှန်ဘဝတွေ ကမောက်ကမ ဖြစ်ခဲ့ကြရပါတယ်။


(WHO အကြီးအကဲ Tedros) (Photo: WHO/Reuters)

"ကာကွယ်ဆေးတွေ အခြေအနေတိုးတက်မှုက ကျွန်တော်တို့ကို တက်ကြွမှုဖြစ်စေပြီး အခုဆိုရင် ဥမင်လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို ကျွန်တော်တို့ စတင်မြင်တွေ့နိုင်ပါပြီ၊ ဒါပေမဲ့ ကာကွယ်ဆေးပေါ်လာတာနဲ့ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြီးက ပြီးဆုံးသွားပြီလို့ သိနားလည်မှု တိုးလာနေတဲ့အပေါ် WHO အနေနဲ့ စိုးရိမ်မိပါတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးပေါ်လာတာနဲ့ ကပ်ရောဂါကူးစက်မှုကြီးက ပြီးဆုံးသွားပြီလို့ သိနားလည်မှု တိုးလာနေတဲ့အပေါ် WHO အနေနဲ့ စိုးရိမ်မိပါတယ်

ကပ်ရောဂါတိုက်ဖျက်ရေး ရှည်လျားတဲ့ခရီးလမ်း ရှိနေဆဲဖြစ်ပြီး နိုင်ငံသားတွေနဲ့ အစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေက ထိုခရီးလမ်းကြောင်းနဲ့ မည်သည့်အချိန်မှာ ကပ်ရောဂါပြီးဆုံးလိမ့်မယ်ဆိုတာ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ Tedros က ဆိုပါတယ်။

(Photo: Reuters)

"ဒီနှစ်က ခက်ခဲကြမ်းတမ်းတဲ့နှစ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ လူတွေ ပင်ပန်းနေကြတယ်၊ ဒါပေမဲ့ ဆေးရုံတွေဟာ မနိုင်မနင်းနဲ့ အခက်ခဲဆုံးအခြေအနေ ဖြစ်နိုင်ပါတယ်၊ လက်ရှိ အမှန်တရားက နေရာအများအပြားမှာ COVID-19 ကူးစက်မှုက အလွန်မြင့်တက်နေပြီး ဆေးရုံတွေ၊ အထူးကြပ်မတ်ကုဆောင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအဖို့ အလွန်ကြီးမားတဲ့ ဖိအားကြုံနေရပါတယ်" လို့ WHO အကြီးအကဲက ပြောပါတယ်။

ဒီနှစ်က ခက်ခဲကြမ်းတမ်းတဲ့နှစ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ လူတွေ ပင်ပန်းနေကြတယ်၊ ဒါပေမဲ့ ဆေးရုံတွေဟာ မနိုင်မနင်းနဲ့ အခက်ခဲဆုံးအခြေအနေ ဖြစ်နိုင်ပါတယ်

လက်တလောမှာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးက ဥရောပနဲ့ အမေရိကန်မှာ ခွင့်ပြုချက်စောင့်ဆိုင်းနေပြီး ယခုနှစ်မကုန်ခင်မှာ အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုတွေ စတင်နိုင်ပါတယ်။ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေး၊ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီရဲ့ ကာကွယ်ဆေး၊ ရုရှားထုတ် Sputnik V ကာကွယ်ဆေးတို့က COVID-19 ကို ၉၀ ရာခိုင်းနှုန်းအထက် ကာကွယ်ပေးနိုင်ကြောင်း အသီးသီး ကြေညာထားပါတယ်။

(Photo: AFP)

ဗြိတိန်မှ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကလည်း COVID-19 ကို ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။ ထိုသို့ ကာကွယ်ဆေးတွေ လက်တွေ့အသုံးပြုနိုင်လာတော့မယ့် အလားအလာကောင်းတွေရှိနေပေမဲ့လည်း COVID-19 နဲ့ ပတ်သက်ပြီး သိနားလည်မှု လွဲမှားနိုင်ခြင်းအပေါ် WHO က စိုးရိမ်နေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ကာကွယ်ဆေးက COVID လုံးဝ ပပျောက်သွားအောင် မစွမ်းဆောင်ပါဘူး

WHO ရဲ့ အရးပေါ်အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမိုက်ရိုင်ယန်က ကာကွယ်ဆေးထွက်ပေါ်လာခြင်းအပေါ် အားရကျေနပ်မှုနဲ့ ပတ်သက်ပြီး သောကြာနေ့ (ဒီဇင်ဘာ ၄ ရက်) မှာ သတိပေးခဲ့ပါတယ်။ ကာကွယ်ဆေးတွေဟာ COVID-19 တိုက်ဖျက်ရေးမှာ အဓိက အစိတ်အပိုင်းဖြစ်ပေမဲ့ ကာကွယ်ဆေးချည်းသက်သက်ဖြင့် ကပ်ရောဂါကို ပြီးဆုံးစေလိမ့်မှာ မဟုတ်ကြောင်း ၎င်းကဆိုပါတယ်။

(ဒေါက်တာမိုက်ရိုင်ယန်) (Photo: Denis Balibouse)

"ကာကွယ်ဆေးက COVID လုံးဝ ပပျောက်သွားအောင် မစွမ်းဆောင်ပါဘူး" လို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။ အချို့နိုင်ငံတွေဟာ အလွန်တင်းကျပ်တဲ့ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေ အချိန်အတိုင်းအတာတစ်ခု ဆက်လက် လုပ်ဆောင်နေရန် လိုအပ်လိမ့်မှာဖြစ်ပြီး ထိုသို့ မလုပ်ဆောင်ပါက ကူးစက်မှုတွေ ထိုးတက်လာတဲ့ အန္တရာယ်ရှိလိမ့်မယ်လို့ ၎င်းက ရှင်းပြပါတယ်။

ကိုဗစ်ကာကွယ်ဆေးမှာ တစ်ကြိမ်ထိုးပြီးပါက တစ်သက်တာမကာကွယ်နိုင်ဟု ကျန်းမာရေးဝန်ကြီးဆို

"အချို့နိုင်ငံတွေမှာ ကျွန်တော်တို့ အရေးပါတဲ့ကာလမှာ ရောက်ရှိနေပါတယ်၊ နိုင်ငံအချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပြိုလဲတဲ့အခြေအနေပါ" လို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။ WHO က COVID-19 ကာကွယ်ဆေးကို သာတူညီမျှ ဖြန့်ဖြူးရေးအတွက် COVAX ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးအစီအစဥ်ကို ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ပူးပေါင်းပါဝင်ထားပြီး ဖြစ်ပါတယ်။

(WHO သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan) (Photo: Reuters)

WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က သူမအနေနဲ့ COVAX အစီအစဥ်ကနေ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်မှာ ကာကွယ်ဆေး သန်း ၅၀၀ ဖြန့်ဖြူးပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ကနဦး အစီအစဥ်အရ ကျန်းမာရေးဝန်ထမ်းများနဲ့ အသက် ၆၅ နှစ်အထက် အပါအဝင် COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကုန်မှာ COVAX အစီအစဥ်အောက်က နိုင်ငံတွေရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်မှာဖြစ်တဲ့ ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၂ ဘီလီယံ ရရှိဖို့ဖြစ်ပါတယ်

"ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ၂၀၂၁ ခုနှစ်ကုန်မှာ COVAX အစီအစဥ်အောက်က နိုင်ငံတွေရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်မှာဖြစ်တဲ့ ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၂ ဘီလီယံ ရရှိဖို့ဖြစ်ပါတယ်" လို့ Soumya Swaminathan က သတင်းစာရှင်းလင်ပွဲမှာ ပြောပါတယ်။

COVID-19 ကို ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်ဆေးထုတ်လုပ်ရန် အမေရိကန်သိပ္ပံပညာရှင်များ လေ့လာနေ

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း COVID-19 ကာကွယ်ဆေးဟာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ တစ်ကြိမ်ထိုးပြီးပါက တစ်သက်တာနီးပါး ကာကွယ်ပေးနိုင်တာမျိုးမဟုတ်ဘူးလို့ ပြောထားပါတယ်။ ယခု ထွက်ရှိလာတဲ့ ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံရတာဖြစ်ပြီး ထိုသို့ ထိုးပြီးပါလည်း မည်သည့် အချိန်ကာလအတိုင်းအတာအထိ COVID-19 ကို ကာကွယ်ပေးနိုင်ကြောင်း မသိရှိရသေးဘူးလို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က