ချမ်းသာတဲ့နိုင်ငံတွေက ၎င်းတို့ရဲ့ လူဦးရေအားလုံးအတွက် ကာကွယ်ဆေးအမြောက်အမြား ကြိုတင်ဝယ်ယူထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါကဲ့သို့ နိုင်ငံတွေက COVID-19 ကာကွယ်ဆေးတွေ ကြိုတင်ဝယ်ယူပြီး သိုလှောင်သိမ်းရန် ပြင်ဆင်နေခဲ့ကြသလို ကာကွယ်ဆေးထိုနှံမှုတွေလည်း စတင်နေခဲ့ကြပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးရရှိမှုနဲ့ ထိုးနှံမှုတွေဟာ လများနဲ့ချီ ကြာမြင့်နိုင်သော်လည်း ကမ္ဘာ့အနောက်ခြမ်း နိုင်ငံအများအပြားဟာ ကပ်ရောဂါဆိုးကြီးကနေ ရုန်းထွက်နိုင်ရေး လမ်းကြောင်းကို ခြေလှမ်းပြင်နေကြပြီလို့ ဆိုနိုင်ပါတယ်။ သို့သော် ဆင်းရဲတဲ့ နိုင်ငံတွေအတွက်ကတော့ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး ကပ်ရောဂါဆိုးကြီးကနေ ရုန်းထွက်နိုင်မယ့် လမ်းကြောင်းက များစွာပိုမိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းနေပါအုံးမယ်။



ကာကွယ်ဆေးထွက်လာမှုနဲ့အတူ COVID-19 တိုက်ဖျက်ရေး အားရကျေနပ်မှုအပေါ် WHO သတိပေး

တစ်ကမ္ဘာလုံး COVID-19 ကာကွယ်ဆေးရရှိရေး ရည်ရွယ်ချက်ဖြင့် စီစဥ်ဆောင်ရွက်နေတဲ့ COVAX အစီအစဥ်က လာမယ့် ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ကာကွယ်ဆေး ၂ ဘီလီယံ ဝယ်ယူရရှိရန် ညှိနှိုင်းလုပ်ဆောင်နေခဲ့ပါတယ်။ သို့သော် လက်ရှိအချိန်အထိ ကာကွယ်ဆေးများပို့ဆောင်ရန် အမှန်တစ်ကယ် သဘောတူညီမှုနဲ့ ငွေကြေးကိစ္စရပ်တို့မှာ အတည်ပြုထားနိုင်ခြင်း မရှိသေးဘူးလို့ AP သတင်းက ဆိုပါတယ်။

(Photo: AFP)

လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၇၃ သန်းကျော်ကို ကူးစက်ခဲ့ပြီး ကူးစက်ခံရသူ ၁.၆ သန်းကျော် သေဆုံးစေခဲ့တဲ့ COVID-19 က နိုင်ငံများကြား သာတူညီမျှမရှိမှုကို ပေါ်လွင်စေခဲ့ပြီး ကျန်းမာရေးစနစ်နဲ့ စီးပွားရေးအားနည်းတဲ့ နိုင်ငံတွေမှာ ပိုမိုပြင်းထန်တဲ့ အခြေအနေကို ရင်ဆိုင်ကြရပါတယ်။

COVAX ကာကွယ်ဆေးအစီအစဥ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO)၊ ကာကွယ်ဆေးရရှိရေး ပူးပေါင်းအဖွဲ့အစည်း GAVI နဲ့ ကပ်ရောဂါတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ CEPI တို့က အကောင်အထည်ဖော်ခဲ့ပြီး COVID-19 ကာကွယ်ဆေးကို နိုင်ငံအားလုံး သာတူညီမျှရရှိရန် ရည်ရွယ်လုပ်ဆောင်နေပါတယ်။ သို့သော် ယခုအခါမှာတော့ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ကျန်ရှိတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား COVID-19 ကာကွယ်ဆေး သာတူညီမျှ ခွဲဝေရရှိနိုင်တဲ့ အခွင့်အရေးဟာ လျင်မြန်စွာ မှေးမှိန်လာနေကြောင်း ကျွမ်းကျင်သူအချို့က ပြောပါတယ်။

(Photo: Reuters)

လက်ရှိမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ဝယ်ယူရရှိနိုင်မှုဟာ အကန့်အသတ်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေက ၎င်းတို့ရဲ့ လူဦးရေအားလုံးကို COVID-19 ကနေ ကာကွယ်နိုင်ရန် ကာကွယ်ဆေးအရေအတွက် အမြောက်အမြား ကြိုတင်ဝယ်ယူထားကြပြီး ဖြစ်ပါတယ်။ ထိုအတောအတွင်း COVAX အစီအစဥ်မှာ ပါဝင်ထားတဲ့ ဆင်းရဲတဲ့ နိုင်ငံအချို့ကတော့ ကာကွယ်ဆေးမရရှိမှာကို စိုးရိမ်ပူပန်ပြီး အခြား နည်းလမ်းတွေကိုလည်း ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးက နှစ်ကာလရှည်ကြာ အာနိသင်ရှိလိမ့်မယ်လို့ အမေရိကန်ကာကွယ်ဆေး အကြီးအကဲ ယူဆ

"ဒါက ရိုးရှင်းတဲ့ တွက်ချက်မှုပါပဲ" လို့ Global Health ရဲ့ အကြီးအကဲ Arnaud Bernaert က ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ (World Economic Forum) မှာ ပြောခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဆေးဝါးထုတ်လုပ်ရေးတွေကနေ COVID-19 ကာကွယ်ဆေး ခန့်မှန်းခြေ ၁၂ ဘီလီယံ ထုတ်လုပ်မယ်လို့ မျှော်လင့်ထားပြီး ထိုအရေအတွက်မှ ၉ ဘီလီယံခန့်ကို ချမ်းသာတဲ့ နိုင်ငံတွေက ကြိုတင်မှာကြား ဝယ်ယူထားကြပြီး ဖြစ်တယ်လို့ Arnaud Bernaert က ဆိုပါတယ်။

(Photo: Reuters)

"COVAX က လုံလောက်တဲ့ ကာကွယ်ဆေးအရေအတွက် မရနိုင်ပါဘူး၊ COVAX က ဒီကာကွယ်ဆေးတွေကို အတော်လေး နောက်ကျပြီး ရရှိတာမျိုး ဖြစ်နိုင်ပါတယ်" လို့ Arnaud Bernaert က သုံးသပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVAX အနေနဲ့ ကာကွယ်ဆေး သန်း ၂၀၀ အထိအတွက် ဥပဒေလုပ်ထုံးလုပ်နည်းအရ သဘောတူစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

COVAX က နောက်ထပ် COVID-19 ကာကွယ်ဆေး သန်း ၅၀၀ အတွက် သဘောတူညီမှုတွေရှိထားပေမဲ့ ဥပဒေကြောင်းအရ စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။ COVAX နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကာကွယ်ဆေး သန်း ၂၀၀ ဟာ Serum Institute of India ကုမ္ပဏီမှ ဖြစ်ပါတယ်။ WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က သူမအနေနဲ့ COVAX အစီအစဥ်ကနေ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်မှာ ကာကွယ်ဆေး သန်း ၅၀၀ ဖြန့်ဖြူးပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

(Photo: Reuters)

ကနဦး အစီအစဥ်အရ ကျန်းမာရေးဝန်ထမ်းများနဲ့ အသက် ၆၅ နှစ်အထက် အပါအဝင် COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ဖြစ်ပါတယ်။ "ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ၂၀၂၁ ခုနှစ်ကုန်မှာ COVAX အစီအစဥ်အောက်က နိုင်ငံတွေရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်မှာဖြစ်တဲ့ ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၂ ဘီလီယံ ရရှိဖို့ဖြစ်ပါတယ်" လို့ Soumya Swaminathan က ဒီဇင်ဘာလအစောပိုင်း သတင်းစာရှင်းလင်ပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

COVID-19 ကို ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်ဆေးထုတ်လုပ်ရန် အမေရိကန်သိပ္ပံပညာရှင်များ လေ့လာနေ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က