ပြည်တွင်းပြည်ပ အားကစားသတင်းတွေကို စုစည်း ဖော်ပြ ပေးထားပါတယ်။
Kyaw Ko Ko Sint

ကုန်လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ အားကစားလောကမှာ ပြည်တွင်းရော ပြည်ပရော ရင်ခုန်စိတ်လှုပ်ရှား စရာ များစွာနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။

ဒီအထဲမှာမှ DuwunSportsပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့တဲ့ သတင်း ၁၀ပုဒ်ကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။



၁။ “အောင်လ မင်းအဆင်သင့်ဖြစ်ပြီလား”လို့ စိန်ခေါ်လိုက်တဲ့ နယ်သာလန်ဖိုက်တာ

-------------------------

ဂျာကာတာမြေကနေ အောင်လ မင်းအဆင်သင့်ဖြစ်ပြီလားလို့ ဒီရိုက်ဒါရဲ့ အမေးကို မြန်မာတစ်နိုင်ငံလုံး ကြားလိုက်ချိန်မှာတော့ ဒေါသူပုန်တွေ ထသွားပါတော့တယ်။

အောင်လအန်ဆန် ၃နှစ်၃မိုးပိုင်ဆိုင်ထားတဲ့ မစ်ဒယ်ဝိတ်ခါးပတ်ကို ဒီရိုက်ဒါက စိန်ခေါ်ထိုးသတ်ခွင့်ရသွားလို့ ဒီလို မေးခွင့်ရှိခဲ့တာပါ။

ဒါပေမယ့် မြန်မာလူထုကြီးကတော့ သူတို့ရဲ့ သူရဲကောင်းကို ပမာမခန့် လုပ်သလို အမေးမျိုးနဲ့ မေးလို့ ဒီရိုက်ဒါကို တော်တော်လေး မျက်မုန်းကျိုးသွားခဲပြီး ဒီသတင်းဟာ တစ်နိုင်ငံလုံးက အောင်လပရိသတ်တွေအတွက် ရင်ခုန် စိတ်လှုပ်ရှားရသလို ဒေါသလည်း ထွက်ခဲ့ကြရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

၂။ စိုးရိမ်ရအခြေအနေကြောင့် ဇော်သိန်းဝင်းကို ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ရန် ရခိုင်အသင်းစီစဥ်နေ

-------------------------

ဆိုင်ကယ်မတော်တဆမှုနဲ့ နံရိုးကျိုး ဒဏ်ရာအပြင် ဦးခေါင်းခွံအရိုးကျိုးအက်ဒဏ်ရာတွေရခဲ့တဲ့ ရခိုင်ကွင်းလယ်လူ ဇော်သိန်းဝင်းရဲ့ သတင်းဟာလည်း မြန်မာ့ဘောလုံး ပရိသတ်တွေအတွက် အင်မတန်မှ စိတ်မကောင်း ဝမ်းနည်း ဖွယ် သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ချစ်သူနှင့်အတူ ဆိုင်ကယ်စီးနင်း သွားခဲ့ရာမှ တဆင့် အက်ဆီးဒင့်ဖြစ်ခဲ့လို့ ချစ်သူကောင်မလေးကတော့ အရင် ဆုံး ပါးသွားခဲ့ပါတယ်။

ဇော်သိန်းဝင်းဟာ ရခိုင်ပြည်နယ် စစ်တွေမှာ အက်ဆီးဒင့် ဖြစ်ခဲ့လို့ ရခိုင်ဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကို လေယာဥ်နဲ့ အသင်းဖက်က တာဝန်ယူပြီး ပို့ဆောင် ကုသမှုပေးခဲ့ပေမယ့်လည်း ရန်ကုန်ဆေးရုံကြီးမှာပင် ကွယ် လွန်သွားခဲ့ရပါတယ်။

၃။ အောင်လအတွက် လက်စားချေမယ့် ဒေ့ဗ်

-----------------------

စင်ကာပူမှာ ဒီရိုက်ဒါကို အမှတ်မထင် ရှုံးနိမ့်ခဲ့ရတဲ့ အောင်လအတွက် ဒေ့ဗ်က သူ့ပြိုင်ပွဲမှာ အနိုင်ယူပြီး လက်စား ချေပေးမယ်လို့ မြန်မာပရိသတ်ကို အသိပေးခဲ့ပါတယ်။

ဒေ့ဗစ်ကလည်း ဝါရှင်တန်နဲ့ အမေရိကန်မှာ ပထမဆုံး မြန်မာ့ရိုးရာလက်ဝှေ့ တရားဝင် အသိအမှတ်ပြုပွဲကို ထိုးရ မှာ ဖြစ်ပြီး အောင်လအတွက် လက်စားချေပြီး မြန်မာပြည်သူတွေ ကျခဲ့တဲ့ ရှုံးမျက်ရည်ကို ဖြေဆည်ပေးမယ်လို့ ဒေ့ဗ် က ကတိပေးလိုက်တာပါ။

၄။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတဲ့ အောင်သူ့အဖြစ်

-------------------

အောင်သူ မြောင်ထောင်ကနေ ရတနာပုံကို ပြန်လာတော့ ထိုင်းလိဂ်-၁ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပရာချပ်အ သင်းက အမေရိကန်ဒေါလာ ၈၀၀၀နဲ့ ၁၀၀၀၀ ကြား ပေးပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီကမ်းလှမ်းမှုဟာ အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆီ မရောက်ခဲ့ပဲ ကြားထဲမှာပဲ ပျယ်လွင့်ခဲ့တဲ့အဖြစ် ကြောင့် ပရိသတ်တွေ မချိတင်ကဲ ဖြစ်ပြီး ပြောစရာ ဖြစ်ခဲ့ရပါတယ်။

၅။ ရော်နယ်ဒိုသာဆို ဒီလိုဘယ်တော့မှ မလုပ်ဘူးလို့ အပြောခံခဲ့ရတဲ့ မက်ဆီရဲ့ လုပ်ရပ်

-----------------------------

ချန်ပီယံလိဂ်ပွဲတစ်ပွဲက မက်ဆီရဲ့ ဘောလုံးလိုက်မလုတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခံလိုက်ရတာ က သူ့ပရိသတ်တွေကို ဆတ်ဆတ်ထိမခံဖြစ်ခဲ့ရပါတယ်။

မက်ဆီက သူ့ရှေ့က ဘောလုံး ဆွဲပြေးတဲ့ လူကို လုံးဝကပ်ခဲ့ခြင်းမရှိပဲ လမ်းလျှောက်ကြည့်နေခဲ့တဲ့ ရုပ်သံဟာ လူမှုကွန်ရက်ထက် ပျံ့နှံ့ခဲ့ပြီး အခုလို ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခံခဲ့ရတာပါ။

၆။ အင်တာမီလန်အသင်း ပြိုင်ပွဲအားလုံးကနေ နှုတ်ထွက်ကြောင်း တရားဝင် ထုတ်ပြန်

---------------------------------------------

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ပထမလှိုင်းကူးစက်မှုနှုန်းမြင့်မားနေတဲ့အချိန်မှာ ဒီဂယက်က စီးရီးအေပြိုင်ပွဲကိုလည်း ရိုက်ခတ်လာခဲ့ပါတယ်။ စီးရီးအေမှာ ဂျူဗီကစားသမား ရူဂါနီ စတင်ကူးစက်ခံခဲ့ရတာက အားလုံးကို တပ်လှန့်သံဖြစ်ခဲ့ပြီး ဘောလုံးလောကအတွက်လည်းစိုးရိမ်စရာတွေ အစပျိုးခဲ့တာဖြစ်လို့ ဒီသတင်းက တော်တော်လေးစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘောလုံးပရိသတ်တွေ စိတ်ဝင်တစားဖတ်ရှုခဲ့ကြပြီး အင်တာမီလန်အသင်း နုတ်ထွက်ခဲ့တဲ့ ကြေညာချက်က အားလုံးကို အံ့အားသင့်စေခဲ့ကာ လူဖတ်အများဆုံးသတင်းတစ်ပုဒ်အဖြစ်ရှိနေခဲ့ပါတယ်။ 

၇။ ဥရောပကို အမိုက်မှောင်ဖုံးလွှမ်းစေခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲ

-----------------------------

အီတလီကလပ် အတ္တလန္တာနဲ့ စပိန်ကလပ်ဗလန်စီယာတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ ဥရောပတိုက်ကို ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်ကူးစက်ပြန့်ပွားစေခဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်မယ်လို့ ယူဆခဲ့ရပါတယ်။ ဒီပွဲမကစားခင်က အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ၃ ဦးသာရှိနေသေးပြီး ဒီပွဲကစားခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အပြီး နောက်တစ်နေ့မှာပဲ ကူးစက်သူအများအပြားရှိလာခဲ့ပါတယ်။ ဒီပွဲကို ပရိသတ်ပေါင်းလေးသောင်းကျော် လာရောက်ကြည့်ရှုခဲ့ကြပြီး ကြည့်ရှုသူတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရှိမယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒီကတဆင့်ဆင့်ပွားကူးစက်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီပွဲအပြီး ၂ပတ်အကြာမှာ အီတလီက ကူးစက်သူပေါင်း ၇ သောင်းကျော်အထိ ရှိသွားခဲ့ပါတယ်။ ဗလန်စီယာပရိသတ်တွေလည်း အီတလီထိလိုက်လာအားပေးခဲ့ပြီး အပြန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိခဲ့ပြီး စပိန်မှာလည်း ကူးစက်သူမြင့်တက်ခဲ့လို့ ဥရောပကို အမိုက်မှောင်ဖုံးစေခဲ့တဲ့ ပွဲတစ်ပွဲဆိုတဲ့ ကောက်ချက်ချမှုတွေက ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ 

၈။ ပုသိမ်အကယ်ဒမီမှသည် ဥရောပဆီသို့

---------------------------------------

ဒီသတင်းကတော့ ထိုင်းလိဂ်ကို သွားရောက်ကစားနေတဲ့ မြန်မာကစားသမား အောင်ကောင်းမာန်ကို Duwun Sports က သီးသန့်အင်တာဗျူးပြုလုပ်ခဲ့အပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဧရာဝတီယူနိုက်တက်ကစားသမား အောင်ကောင်းမာန်ဟာ ထိုင်းလိဂ်ကလပ်ထရတ်အသင်းကို အငှားနဲ့သွားရောက်ကစား

ခဲ့တာဖြစ်ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အင်တာဗျူးပြုလုပ်ချိန်မှာ အောင်ကောင်းမာန်က ခြေစွမ်းပြကစားနေချိန်ဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကို ဖွင့်ဟခဲ့မှုက ပရိသတ်တွေကို တော်တော်လေး အကြိုက်တွေ့စေခဲ့ပါတယ်။ တူရကီလိဂ်ထိသွားရောက်ကစားဖို့ မျှော်

လင့်ထားကြောင်းကို အောင်ကောင်းမာန်က ဖွင့်ဟခဲ့ပြီး အားလုံးရဲ့ ထောက်ခံအားပေးမှုကို ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကစားပုံ၊ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့အာရုံကို ရရှိနေချိန်မှာ ဒီသတင်းက တော်တော်လေးရေပန်းစားသွားခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ဒီအတွက်ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။ 

မြန်မာဘောလုံးပရိသတ်တွေ တော်တော်လေးသဘောကျခဲ့တဲ့ သတင်းဖြစ်ခဲ့ကာ လူဖတ်အများဆုံးသတင်းထဲထိ စာရင်းပေါက်ခဲ့ပါတယ်။ 

၉။ ဂွာဒီယိုလာကို ဖာနန်ဒက်စ်တုံ့ပြန်ခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်များ ကျေနပ်နေ

----------------------------------

မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာကို တိတ်တိတ်နေဖို့အတွက် ဖာနန်ဒက်စ်က လက်ဟန်အမူအယာနဲ့ ပြသခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ခါးသီးပြိုင်ဘက်တွေဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာအရလည်း အရှိန်ပြင်းခဲ့ပြီး

ယူနိုက်တက်အသင်း လက်ပစ်ဘောရချိန်မှာ ဂွာဒီယိုလာက အချိန်ဆွဲချင်တဲ့ရည်ရွယ်ချက်နဲ့ ဘောလုံးကို မပေးဘဲ တွန့်ဆုတ်နေခဲ့ပါတယ်။ ဖာနန်ဒက်စ်က ဘောလုံးရရှိဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီနောက်မှာ သူတို့နှစ်ဦးကြား စကားအချေအတင်ပြောခဲ့ကြကာ

ဖာနန်ဒက်စ်က ဂွာဒီယိုလာကို တိတ်တိတ်နေဖို့ အမူအယာပြခဲ့ပါတယ်။ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရရှိခဲ့သလို သူတို့ကစားသမားကလည်း ပြိုင်ဘက်နည်းပြကို ရှိန်မနေဘဲ ကောင်းကောင်းတုံ့ပြန်ပြခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ တော်တော်လေးသဘောကျ

ခဲ့တဲ့ မြင်ကွင်းဖြစ်ခဲ့ကာ ရေပန်းစားတဲ့သတင်းအဖြစ် ရှိခဲ့ရပါတယ်။ 

၁၀။ ဒင်ဟိုကို ထောင်လိုမထားဘဲ ဟိုတယ်နီးပါး အဆောက်အအုံမှာထားရှိတယ်လို့ သိရ

--------------------------------------

ပတ်စ်ပို့နဲ့စာရွက်စာတမ်းအတုတွေကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရော်နယ်ဒင်ဟိုကို ပါရာဂွေးအာဏာပိုင်တွေက ကောင်းကောင်းမွန်မွန်ထားရှိခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ပါရာဂွေးဝန်ကြီးချုပ်ကိုယ်တိုင်က ဖွင့်ပြောခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ လူချစ်လူခင်များပြားတဲ့ ကစားသမားကြီးဟာ ထောင်အတွင်းမှာ

သက်တောင့်သက်သာနဲ့ ရှိနေလို့ သူ့ပရိသတ်တွေလည်း စိတ်ချမ်းသာခဲ့ရပါတယ်။ ဒင်ဟိုက ထောင်အတွင်းမှာ ဘောလုံးပွဲတွေတောင် ဦးဆောင်ကျင်းပပေးခဲ့ပြီး ကိုယ်တိုင်ပါဝင်ကစားခဲ့ကာ ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ပြီး သူ့ကိုထိန်းသိမ်းထားတဲ့ အဆောက်အုံဟာ ဟိုတယ်နီးပါးပြည့်စုံတဲ့နေရာမှာဖြစ်တယ်လို့ ပါရာဂွေးပြည်ထဲရေးဝန်ကြီးက

ဆိုခဲ့ပါတယ်။ ဒင်ဟိုကို ချစ်တဲ့ပရိသတ်အများအပြားရှိနေလို့လည်း ဒီသတင်းက လူစိတ်ဝင်စားမှုအရှိဆုံးသတင်းထဲ ပါဝင်ခဲ့တဲ့ မှတ်တမ်းကို ရရှိခဲ့ပါတယ်။ 


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က