ဒီတစ်ခေါက်မှာတော့ မိန်းကလေးဆန်တဲ့ ဖက်ရှင်တွေကို ခုံမင်တဲ့ ကရကဋ်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ သူဘယ်ရာသီခွင်မှာ မွေးဖွားတယ်ဆိုတာပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ သူ့ကိုဘယ်လိုအရာတွေ လွှမ်းမိုးထားတတ်သလဲ၊ သူ့အကြိုက်စတာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ထပ်ပြီး အတိအကျပြောရရင် ဒီရာသီခွင်မှာ မွေးဖွားတဲ့သူနဲ့ အခြားရာသီခွင်မှာ မွေးဖွားတဲ့သူဟာ ဖက်ရှင်အမြင်၊ နောက် အရောင်ရွေးချယ်မှုစတာတွေကလည်း မတူညီကြပါဘူး။ မဒီတို့အနေနဲ့ ကိုယ်ဘယ်ရာသီခွင်မှာ မွေးဖွားတယ် ဆိုတာကို သိရုံနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ပိုရွေးချယ်သင့်တယ်၊ ဘယ်လို အရောင်မျိုးတွေကိုတော့ ပိုဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေးတွေ သိသွားစေနိုင်တာမို့ ရာသီခွင်နဲ့ဖက်ရှင် ဆက်စပ်ပုံကို ရေးပေးသွားမှာပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ကရကဋ်ရာသီဖွား (Cancer) နဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ ဇွန်လ ၂၁ရက်ကနေ ဇူလိုင် ၂၂ရက်အတွင်း မွေးဖွားသူတွေ ပါရင် အဲ့ဒီမဒီတွေဟာ ကရကဋ်ရာသီဖွားတွေပါ။

ဒီ ကရကဋ်ရာသီဖွားတွေကတော့ ဂန္ထဝင်ဆန်တဲ့ ဖက်ရှင်မျိုးလေးတွေကို နှစ်ခြိုက်စွာဝတ်ဆင်တတ်ကြပါတယ်။ သူတို့ရဲ့ personal style ကလည်း Classic style ဒါမှမဟုတ် Girly style တွေ ဖြစ်ကြတာများပါတယ်။ မိန်းကလေးဆန်ဆန် အတွန့်အဖတ်၊ အနုအရွယ်အကျီလေးတွေ၊ dressလေးတွေ၊ Crop Top လေးတွေ၊ နောက် Off Shoulder ပုံစံလေးတွေကိုမှ ထူးခြားတဲ့ကာလာလေးတွေနဲ့ဆိုရင်တော့ ဒီလိုအကျႌအဝတ်အစား ဒီဇိုင်းလေးတွေဟာ ကရကဋ်ရာသီဖွားတွေရဲ့ အကြိုက်လို့ သတ်မှတ်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဒီရာသီဖွားတွေဟာ အဝတ်အစားနဲ့သူတို့ရဲ့အမှတ်တရတွေကို အမြဲတွဲမှတ်ထားတတ် ကြသူတွေပါ။ ဒီအကျႌလးဝတ်တုန်းက ဘယ်သူနဲ့ဘယ်သွားခဲ့တဲ့နေ့လေး၊ ဘယ်သူနဲ့စခင်ခဲ့တဲ့နေ့လေး ဆိုတာမျိုးတွေပေါ့။ နောက်ထပ် ကရကဋ်ရာသီဖွားတွေရဲ့ ထူးခြားတဲ့အချက်တစ်ချက်ကတော့ သူတို့တွေဟာ သူတို့သဘောကျနှစ်ခြိုက်တဲ့ အဝတ်အစားတွေကို တစ်နှစ်လုံးနီးပါးလည်း ဝတ်ချင်ဝတ်နေတတ်တာပါပဲ။ သူတို့က သူတို့ကြိုက်တဲ့အဝတ်အစားကိုဆို ကိုယ့်သူငယ်ချင်းအရင်းကြီးတွေလို ဆက်ဆံတတ်သူတွေလို့ တောင် တင်စားထားတာဖတ်ရပါတယ်။

မိန်းကလေးဆန်တဲ့ ဖက်ရှင်နဲ့ Classic ဖက်ရှင်မျိုး သဘောကျတတ်ကြပေမယ့် သူတို့တွေဟာ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကိုတော့ အထူးသတိထားရွေးချယ်တွဲစပ် ဝတ်လေ့ရှိကြပါတယ်။ ကိုယ်နဲ့သိပ်အဆင်မပြေဘူးထင်ရင် အတင်းကြိုးစားပြီး ဝတ်လေ့တော့မရှိပါဘူး။

ကရကဋ်ရာသီဖွားတွေရဲ့ ဖက်ရှင်အမြင်နဲ့ပတ်သက်ပြီး သုံးသပ်ကြည့်ပါဆိုရင်တော့ သူတို့တွေဟာ သူတို့စတိုင်ကို သူများနဲ့မတူ တမူထူးခြားအောင်တော့ အားထုတ်တတ်ကြသူတွေပါ။ တစ်နည်းအားဖြင့် သူများတွေမလိုက်ဖက်ဘူးလို့ သတ်မှတ်ထားတဲ့ အရာတွေကို သူတို့တွေက တွဲစပ်ပြီးအထာကျတယ်ဆိုတာ သိအောင်လုပ်တတ်သူတွေပေါ့။ ဥပမာ သူများတွေက ဇာအကျႌလက်ရှည်နဲ့ဂျင်းဘောင်းဘီတွဲဝတ်တာမျိုး၊ စကတ်အရှည်ကြီးနဲ့ ဆွယ်တာအကျီခပ်ပွပွတွဲဝတ်တာမျိုး၊ အပေါ်က spot လုံး ပွင့်ရိုက်ဒီဇိုင်းတွေကို အောက်က အစင်းတွေ၊အကွက်တွေနဲ့ တွဲချဝတ်လိုက်တာမျိုးတွေ သူတို့လုပ်ပြတတ်ပါတယ်။

ဒီရာသီဖွားတွေရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ခရေဇီဖြစ်တာက ညအိပ်ဝတ်စုံတွေ၊ sport bra တွေ၊ အတွင်းခံတွေ မကြာခဏ ဝယ်တတ်တာပါ။ သူများတွေသတိမထားမိဘူးဆိုပြီး အတွင်းခံ၊ ညအိပ်ဝတ်စုံတွေကို အသစ်မလဲပဲ နှစ်ပေါင်းများစွာ ဝတ်တဲ့သူတွေထဲ ဒီရာသီဖွားတွေမပါပါဘူး။

Classic style ကိုနှစ်ခြိုက်တဲ့ ကရကဋ်ရာသီဖွားတွေအတွက် လိုက်ဖက်ပြီး အရွေးချယ်သင့်ဆုံး ကာလာတွေကတော့ ဖြူစွတ်နေတဲ့ အဖြူမျိုးနဲ့ ငွေရောင်ပါပဲ။ ဖက်ရှင်နဲ့ပတ်သက်ပြီး ကရကဋ်ရာသီဖွားအနေနဲ့ ကိုယ်ရွေးချယ်တဲ့အကျီ၊ အဝတ်အစားရဲ့ ပွင့်ရိုက်ဒီဇိုင်းတွေက ချစ်စရာပိုကောင်းအောင် သေးသေးနုတ်နုတ်နဲ့ ကာလာဆန်းတာလေးတွေ ပိုရွေးပြီး ကြောင်ကြောင်ကျားကျား ဒီဇိုင်းတွေ ရှောင်ကြဉ်စေချင်ပါတယ်။ ဒါ့အပြင် အပေါ်၊ အောက် တွဲစပ်မှုအတွက်လည်း အရောင်တွေကို သေချာကစားပြီး တွဲစပ်ပါ။ နောက်သတိထားရမယ့်အချက်ကတော့ ကိုယ်က တခြားရာသီဖွားတွေလောက် မိတ်ကပ်လိမ်းခြယ်ရတာ ဝါသနာမပါဘူး၊ စိတ်မပါဘူးဆိုရင်တော့ နည်းနည်းလေးတော့ ပြင်ဆင်ပြီး သွားလာစေချင်ပါတယ်။

ကိုယ်တိုင်က ချစ်စရာကောင်းပြီး မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးတွေနှစ်ခြိုက်တဲ့သူဖြစ်တာကြောင့် ဒီလိုအတွဲအစပ်ဖက်ရှင်မျိုးအတွက် အဆင်တန်ဆာတွေကို မေ့ထားလို့မရပါဘူး။ ကရကဋ်ရာသီဖွားတွေ အနေနဲ့ အဆင်တန်ဆာအနေနဲ့ စုဆောင်းပြီး မထပ်အောင်ဆင်မြန်းသင့်တဲ့အရာက နားစွဲလေးတွေပါ။ နားစွဲတွေမှာမှ သေးသေးမျှင်မျှင်လေးတွေကနေ statement earrings အကြီးကြီးတွေထိ စုဆောင်းထားဖို့ အကြံပေးပါရစေ။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ ကရကဋ်ရာသီဖွား အမျိုးသမီး အနုပညာရှင်တွေကတော့ Princess Diana၊ ၊ Ariana Grande၊ Khloe Kardashian၊ Lindsay Lohan၊ Olivia Munn စတဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မိုးဟေကိုနဲ့ မိုးယုစံ တို့က ကရကဋ်ရာသီဖွားတွေပါ။

Share

Loading Next Article...
က္က