ကန်ရာသီဖွားတွေက သပ်သပ်ရပ်ရပ် ဝတ်စားတတ်ပြီး ကိုယ်တိုင်းနဲ့ သေချာချုပ်လုပ်ထားတဲ့ အဝတ်တွေကို ပိုသဘောကျကြပါတယ်။

လူတစ်ယောက်ဟာ သူဘယ်ရာသီခွင်မှာ မွေးဖွားတယ်ဆိုတာပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ သူ့ကိုဘယ်လိုအရာတွေ လွှမ်းမိုးထားတတ်သလဲ၊ သူ့အကြိုက်စတာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ထပ်ပြီး အတိအကျပြောရရင် ဒီရာသီခွင်မှာ မွေးဖွားတဲ့သူနဲ့ အခြားရာသီခွင်မှာ မွေးဖွားတဲ့သူဟာ ဖက်ရှင်အမြင်၊ နောက် အရောင်ရွေးချယ်မှုစတာတွေကလည်း မတူညီကြပါဘူး။ မဒီတို့အနေနဲ့ ကိုယ်ဘယ်ရာသီခွင်မှာ မွေးဖွားတယ် ဆိုတာကို သိရုံနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ပိုရွေးချယ်သင့်တယ်၊ ဘယ်လို အရောင်မျိုးတွေကိုတော့ ပိုဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေးတွေ သိသွားစေနိုင်တာမို့ ရာသီခွင်နဲ့ဖက်ရှင် ဆက်စပ်ပုံကို ရေးပေးသွားမှာပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ကန်ရာသီဖွား (Virgo) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူတွေဟာ ကန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။

ကန်ရာသီဖွားတွေကတော့ အဝတ်အစားပိုင်းနဲ့ပတ်သက်ရင် အမြဲတမ်း သပ်သပ်ရပ်ရပ်လေး ဝတ်စားတတ်သူတွေပါ။ အဝတ်အစားကို ဆင်မြန်းတော့မယ်ဆိုရင် ကိုယ်ဝတ်မယ့်အဝတ်အစားက ဘယ်နေရာက တွန့်နေသလဲ၊ ခေါက်ရာထင်နေမလဲ ဆိုတာမျိုး သေချာကြည့် ပြင်ဆင်ပြီးမှ ဝတ်တတ်ကြ ပါတယ်။ ဒါ့ကြောင့်လည်း ဒီရာသီဖွားတွေဟာ အဝတ်အစားကို မပြင်မဆင်ဝတ်စားပြီး အပြင်ထွက်တယ်ဆိုတာ ဘယ်တော့မှမရှိဘူးလို့ သူတို့အသိုင်းအဝိုင်းက သိနေကြတာပါ။

ဖက်ရှင်နဲ့ပတ်သက်ပြီး ကန်ရာသီဖွားတွေရဲ့ ထူးခြားတဲ့အချက်ကတော့ ကိုယ်တိုင်းနဲ့သေချာအပ်ပြီး ချုပ်လုပ်ထားတဲ့ အဝတ်အစားမျိုးတွေကို ဝတ်ဆင်ရတာ သဘောပိုကျကြပါတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် သီးသန့်ချုပ်လုပ်ထားတဲ့ အကျႌမျိုး ၊ အဝတ်အစားမျိုး၊ ဒီဇိုင်းမျိုးတွေကိုသာ ပိုအလေးထားဝတ်စားတတ်ကြတဲ့ ကန်ရာသီဖွားတွေဟာ ငွေကုန်ကြေးကျများမယ်ဆိုရင်တောင် အရည်အသွေးကောင်းပြီး ကြာရှည်ခံမယ့် အဝတ်အစားဒီဇိုင်းတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်တဲ့။

ဒါ့အပြင် ကန်ရာသီဖွားတွေဟာ ကိုယ့်ရိုးရာဓလေ့နဲ့ နွယ်ပြီး ဒီဇိုင်းထုတ်ချုပ်လုပ်ထားတဲ့ အဝတ်အစားမျိုးတွေကို လည်း ဆင်မြန်းတတ်ကြပါသေးတယ်။ အထူးသဖြင့် ချည်သားနဲ့ချုပ်လုပ်ထားတဲ့ ရိုးရာထည်တွေ၊ bohemian ဖက်ရှင်ဒီဇိုင်းတွေ စတာတွေကို သေချာစုဆောင်းပြီး ဝတ်လေ့ရှိတာကြောင့် ဒီလိုအဝတ်အစား၊ အဆင်တန်ဆာ တွေ ရောင်းချတဲ့ ဖက်ရှင်ဆိုင်တွေ၊ အွန်လိုင်းရှော့တွေနဲ့တောင် ရင်နှီးသွားတဲ့အထိ ဖြစ်သွားတတ်တယ်လို့ ဆိုကြပါတယ်။

ဒီရာသီဖွားတွေဟာ ကိုယ်ရဲ့ personal style ကဘာဖြစ်တယ်ဆိုတာ သေချာနားလည်အောင် ကြိုးစား တတ်ကြပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံး အတွဲအစပ်နဲ့ ဖက်ရှင်ကဘာလဲဆိုတာကိုလည်း သိတဲ့သူတွေ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ထူးခြားတဲ့အချက်တစ်ချက်ကတော့ သူတို့ဝတ်နေကျပုံစံတွေနဲ့ ကွဲထွက်ပြီး တစ်ခါတစ်လေ ဝတ်ချင်တာလေးတွေ ဝတ်တတ်တာမျိုးပါ။ ဥပမာ ပုံမှန်အားဖြင့် Crop Top လေးတွေ၊ Off Shoulder အကျီ ဒါမှမဟုတ် dress ဒီဇိုင်းမျိုးတွေ ဝတ်လေ့မရှိပေမယ့် တစ်ခါတစ်လေ night out ထွက်တဲ့အခါမျိုးမှာ ဒီလိုအကျီဒီဇိုင်းမျိုးတွေ ဆင်မြန်းထားတာ မထင်မှတ်ဘဲ တွေ့ချင်တွေ့ရနိုင်တာမျိုးပါ။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ တစ်ဖက်မှာ သပ်သပ်ရပ်ရပ်နဲ့ အထာကျကျဝတ်ဆင်တတ်သလို တစ်ဖက်မှာလည်း စိတ်ထဲရှိလာရင် ရှိလာသလို စိတ်တိုင်းကျ ဆင်မြန်းတတ်သူတွေလည်း ဖြစ်တယ်ဆိုတာ သိသာသွားစေပါတယ်။

ကန်ရာသီဖွားတွေနဲ့ အလိုက်ဖက်ဆုံး အဝတ်အစားဒီဇိုင်းတွေကတော့ ချစ်စရာကောင်းတဲ့ဘက်ကိုပိုရောက်တဲ့ ဝမ်းဆက်ဒီဇိုင်းလေးတွေပါ။ အကျီနဲ့ဘောင်းဘီဝမ်းဆက်ဒီဇိုင်းလေးတွေ၊ ကြိုးတစ်ချောင်းအကျီလေးတွေနဲ့ စကတ်ဝမ်းဆက်လေးတွေ၊ နောက်စကတ်ကိုမှ ဒူးကျော်ကျော်လောက်ကို ခပ်ပွပွ ခပ်ကားကား ဒီဇိုင်းလေးတွေနဲ့ ၁၉၈၀ ပြည့် အဝတ်အစားဒီဇိုင်းတွေကို အတတ်နိုင်ဆုံး ရွေးချယ်ဆင်မြန်းကြည့်ပါ။

အရောင်တွေအနေနဲ့ ကန်ရာသီဖွားတွေ ရွေးချယ်သင့်တဲ့အရောင်တွေကတော့ လိမ္မော်ရောင်၊ အဖြူရောင်၊ မီးခိုးရောင် နဲ့ အဝါရောင်တို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကအခြားသောနီညိုနဲ့ မှောင်တဲ့ကာလာတွေ ဘယ်လောက်ကြိုက်ကြိုက် အနည်းဆုံး အပေါ်မှာပြောထားတဲ့ အရောင်လေးရောင်ပါအောင် တွဲစပ်ဝတ်ဆင်ဖို့ သတိထားရမှာပဲ ဖြစ်ပါတယ်။

ဆံပင်အပြင်အဆင်နဲ့ ပတ်သက်လာရင် ကန်ရာသီဖွားတွေဟာ ဆံပင်အားလုံးကို စုစည်းထားတာမျိုး၊ စုပြီးထုံးထားတာမျိုးကို သဘောကျနှစ်ခြိုက်ကြတာမို့ ကိုယ်ဝတ်မယ့်အဝတ်အစား၊ ဖက်ရှင်နဲ့ လိုက်ဖက်မှု ရှိအောင် ဆံပင်အပြင်အဆင်ကို အပြောင်းအလဲလေး လုပ်ကြည့်ဖို့ လိုပါတယ်။ ကန်ရာသီဖွားတွေအနေနဲ့ ဆံပင်ကိုတစ်ဝက်ချည် တစ်ဝက်ချပြင်ဆင်တာမျိုးတွေ၊ ဒါမှမဟုတ် ကလစ်အလှလေးတွေနဲ့ အလှဆင်တာ၊ scarf လေးတွေချည်ပြီး အလှဆင်တာမျိုးလေးတွေ ပြင်ဆင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ထပ် ကန်ရာသီဖွားတွေအနေနဲ့ သတိထားရမယ့်အချက်ကတော့ အဆင်တန်ဆာပိုင်းပါ။ ကန်ရာသီဖွား တွေဟာ အဆင်တန်ဆာတွေ အထူးတလည် ဝတ်ဆင်ရတာမျိုး သဘောမကျတတ်ကြသူတွေမို့ အမြဲမဟုတ်ရင်တောင် တစ်ခါတစ်လေလောက်တော့ အဆင်တန်ဆာလေးတွေ ကို တွဲဖက်ဆင်မြန်း ဖို့လိုပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ ကန် ရာသီဖွားအမျိုးသမီး အနုပညာရှင်တွေကတော့ Beyonce Knowles၊ Pink၊ Blake Livelyနဲ့ Zendaya စတဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စိုးမြတ်သူဇာ၊ နဝရတ်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ ချမ်းချမ်း၊ နန်းဆုရတီစိုး၊ သံသာဝင်းနဲ့ နဒီဝင့်နိုင် စတဲ့သူတွေက ကန်ရာသီဖွားတွေပါ။

 

Share

Loading Next Article...
က္က