အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖက်ရှင်မျိုးကို ပိုင်ဆိုင်သူတွေကတော့ သိဟ်ရာသီဖွားတွေပါ။

လူတစ်ယောက်ဟာ သူဘယ်ရာသီဖွားဖြစ်တယ်ဆိုတာပေါ် မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ အကြိုက်၊ သူ့ကိုလွှမ်းမိုးထားတဲ့အရာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီလူဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်တယ်၊ ဘယ်လို အရောင်မျိုးလေးတွေ ရွေးချယ်ဆင်မြန်းသင့်တယ်ဆိုတာ တွေကိုလည်း သူ့ရာသီခွင်ကိုကြည့်ပြီး ပြောပြနိုင်တာမျိုးရှိပါတယ်။ ဒါ့ကြောင့် မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးခဲ့တာ ခုဆိုရင် သိဟ်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်းတောင် ရောက်လာခဲ့ပါပြီ။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် သိဟ်ရာသီဖွား (Leo) ဆိုတာ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၂၂ ရက်အတွင်း မွေးဖွားသူတွေပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ သိဟ်ရာသီဖွားတွေရှိခဲ့ရင် ကိုယ့်ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်ရမယ်၊ ဘာတွေရှောင်ကြဉ်ဆင်မြန်းရမယ်ဆိုတာ တစ်ချက်ဖတ်ကြည့်လိုက်ပါဦး။

သိဟ်ရာသီဖွားတွေဟာ ကြုံလာသမျှအခက်အခဲတွေကို ဘာမှမမှုဘဲ ရင်ဆိုင်ဖြေရှင်းဖို့အသင့်ရှိနေတဲ့ သဘောသဘာဝအရ ဖက်ရှင်ပိုင်းမှာလည်း ရဲရင့်တဲ့သူတွေပါ။ သူတို့ဟာ ကာလာအဆန်းတွေ၊ ထူးခြားတဲ့ ဒီဇိုင်းတွေဝတ်ဖို့ မတွန့်ဆုတ်သလို အခြားလူတွေက ကိုယ်ဒီလိုဝတ်ထားလို့ ငါ့ကိုကြည့်နေမလားဆိုတဲ့ စိတ်မျိုးလည်း မရှိတတ်ကြပါဘူး။

တစ်နည်းပြောရရင် အမြဲတမ်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနေတတ်တဲ့ သိဟ်ရာသီဖွားတွေဟာ ဖက်ရှင်ပိုင်းဆိုင်ရာဆိုရင်လည်း သူတို့ဆင်မြန်းထားတာနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိနေသူတွေလို့ ဆိုရပါလိမ့်မယ်။

ဒီရာသီဖွားတွေအနေနဲ့ ကိုယ်သဘောကျနှစ်ခြိုက်ပြီဆိုရင် ထူးခြားဆန်းပြားတဲ့ဒီဇိုင်းမျိုးတွေလည်း ဝတ်ရဲတယ်ဆိုပေမယ့် အခုဘာခေတ်စားနေသလဲဆိုပြီး trend နောက်လိုက်ပြီး ဝတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကတော့ သူတို့ရဲ့ထူးခြားချက်တစ်ခုပါ။ ဖက်ရှင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ထူးခြားတဲ့နောက်ထပ်အချက်တစ်ချက် ကတော့ ဒီဇိုင်နာထုတ် အဆင်တန်ဆာတွေကို သဘောကျနှစ်ခြိုက်ကြပြီး၊ ဒီဇိုင်နာထုတ် ဖက်ရှင်ဒီဇိုင်းတွေဆိုလည်း ငွေကုန်ကြေးကျခံကာ ဝယ်ယူလေ့ရှိတာပါတဲ့။

ကိုယ့်အဝတ်အစား၊ အဆင်တန်ဆာနဲ့ပတ်သက်ရင် ပေါချောင်ကောင်းတွေ ဝတ်တဲ့အထဲ သိဟ်ရာသီဖွားတွေ ဘယ်တော့မှမပါဝင်ပါဘူး။ အနည်းဆုံးကိုယ်က brand တွေ၊ ဈေးသိပ်ကြီးတာတွေမဝယ်နိုင်ဘူးဆိုရင်တောင် ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့အကောင်းဆုံးဆိုတာကိုပဲ ဝယ်ယူဆင်မြန်းလေ့ရှိကြသူတွေပါ။

သိဟ်ရာသီဖွားတွေရဲ့ဖက်ရှင်ဟာ သူတစ်ပါးနဲ့ခြားနားနေတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ အားလုံးက ဒီနှစ်မှာ ဘာခေတ်စားတယ်ဆိုတာမျိုးအတိုင်း လိုက်ဆင်မြန်းကြရင် သိဟ်ရာသီဖွားက အဲ့ဒါရဲ့ ဆန့်ကျင်ဘက်ကိုအမြဲသွားတတ်လို့ပါ။ ဥပမာ ပွဲတစ်ပွဲကို အခြားလူတွေအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး တက်ကြတဲ့အချိန် သိဟ်ရာသီဖွားမဒီကတော့ သိပ်မမြင့်တဲ့ဖိနပ်လေးနဲ့သာ ပွဲတက်ပါလိမ့်မယ်။ သူများနဲ့ကွဲပြားလွန်းတဲ့ ဖက်ရှင်ကြောင့်ပဲ အများကြားမှာ အမြဲထင်ရှားနေသူတွေဟာ သိဟ်ရာသီဖွားတွေပါပဲ။

ဒါ့အပြင် သူတို့တွေဟာ ရုံးတက်တဲ့အခါ၊ အလုပ်သွားရတဲ့အချိန်တွေမှာတောင် suit တွေဘာတွေနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူတွေမို့ အားလုံးကြားမှာ စမတ်ကျလွန်းတဲ့ ရာသီဖွားဆိုရင်လည်း မမှားပါဘူး။

သိဟ်ရာသီဖွားတွေအနေနဲ့ ရွေးချယ်ဆင်မြန်းသင့်တဲ့အရောင်တွေကတော့ ရွှေရောင်နဲ့ငွေရောင်ပဲ ဖြစ်ပါတယ်။ လက်ဝတ်လက်စား အဆင်တန်ဆာအနေနဲ့ဆိုရင်တော့ ကျောက်မျက်ရတနာတွေထဲမှာ စိန်ကို ရွေးချယ်ဝတ်ဆင်ဖို့ တိုက်တွန်းထားသလို ရွှေကလည်း သိဟ်ရာသီဖွားတွေအတွက် သင့်တော်ပါတယ်တဲ့။ အဝတ်အစားဒီဇိုင်းတွေထဲမှာ သိဟ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့စတိုင်ကတော့ sexy ဖြစ်တဲ့ဘက်သွားတဲ့ စတိုင်လ်နဲ့ အဝတ်အစားတွေပါပဲ။ Dress အမိုက်စားလေးတွေကလည်း သိဟ်ရာသီဖွားတွေ ရွေးချယ်သင့်တဲ့ အရာတွေလို့ ဆိုပါတယ်။

ဆောင်ရန်တွေပြီးတော့ သူများနဲ့မတူ တမူထူးခြားအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေ ဖက်ရှင်ပိုင်းဆိုင်ရာမှာ အထူးသိထားရမယ့်အချက်ကတော့ စိတ်မပါလို့ဆိုပြီး ဖြစ်သလို မပြင်မဆင်ဘဲ အပြင်ထွက်တာမျိုး မလုပ်သင့်ပါဘူး။ ဒီရာသီဖွားတွေဟာ သေချာဝတ်စားထားမှသာ အားလုံးရဲ့အာရုံကို သိမ်းပိုက်နိုင်မယ့်သူတွေပါ။ ဒါ့ကြောင့် ကိုယ့်စတိုင်လ်ကို အမြဲဝံ့ဝံ့ကြွားကြွားနဲ့ အများငေးမောရအောင် ဆင်မြန်းတတ်ဖို့ အရေးကြီးပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ သိဟ်ရာသီဖွားအမျိုးသမီး အနုပညာရှင်တွေကတော့ Madonna၊ Jennifer Lopez၊ Sandra Bullock၊ Jennifer Lawrence နဲ့ Demi Lovato စတဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သိဟ်ရာသီဖွား အနုပညာရှင်တွေ အများအပြားရှိပါတယ်။ သက်မွန်မြင့်၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ချစ်သုဝေ၊ ဟန်တီ၊ ဝါဆိုမိုးဦး၊ ဆုမြတ်နိုးဦး၊ ဝင့်ယမုံလှိုင်၊ အေသင်ချိုဆွေ၊ ဝိုင်းလေး၊ စန္ဒီမြင့်လွင်၊ ရွှေပိုးအိမ်၊ စိုးနန္ဒာကျော်၊ ရတနာမိုင် တို့က သိဟ်ရာသီဖွားတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က