ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်အလှည့်ကျတဲ့ ရေးပေးသွားမယ့် ရာသီဖွားကတော့ တူရာသီဖွား(Libra) ပဲ ဖြစ်ပါတယ်။ တူရာသီဖွားတွေဟာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာလ ၂၂ ရက် မွေးဖွားသူတွေပါ။

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်အလှည့်ကျတဲ့ ရေးပေးသွားမယ့် ရာသီဖွားကတော့ တူရာသီဖွား(Libra) ပဲ ဖြစ်ပါတယ်။ တူရာသီဖွားတွေဟာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာလ ၂၂ ရက် မွေးဖွားသူတွေပါ။

တူရာသီဖွားတွေဟာ ခုခေတ်တစ်ကျော့ပြန်ခေတ်စားနေတဲ့ ၁၉၈ဝပြည့်ဖက်ရှင်မျိုးတွေ သဘောကျနှစ်ခြိုက်ကြ သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခုခေတ်စားနေသလို ထင်မှတ်မထားတဲ့ အတွဲအစပ်တွေနဲ့ ဖက်ရှင်ရေစီးကြောင်း ကို ပိုမိုသစ်လွင်အောင် တွဲစပ်ဆင်မြန်းနေကြသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။ တူရာသီဖွားရဲ့ ဖက်ရှင်လို့ဆို လိုက်ရင် သူဟာ အပေါ်အောက် အတွဲအစပ်ပိုင်းမှာ သူများထက်ပိုထူးခြားတဲ့သူဆိုပြီး သိကြတာ များပါလိမ့်မယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ဟိုးအရင်ကတည်းက တူရာသီဖွားတွေဟာ မိန်းမဆန်တဲ့ အတွန့်အဖတ်အကျီလေးတွေ၊ Crop top လးတွေ၊ Off Shoulder လို အကျီမျိုးတွေကိုအောက်ကနေ စကတ်အကားလေးတွေ၊ tight skirtစတာလေးတွေနဲ့ ဝတ်မယ့်အစား ဘောင်းဘီအပွ၊ Boyfriend jeans စတာမျိုးတွေနဲ့ တွဲဝတ်တတ်ကြတာမျိုးတွေမို့ ဖက်ရှင်နဲ့ပတ်သက်ရင် သူများအမြင်၊ သူများတွေရဲ့အကြိုက်နဲ့ မတူတာ သိသာစေခဲ့ပါတယ်။

ခုလိုပြောလို့ တူရာသီဖွားတွေက မိန်းကလေးဆန်တဲ့ဖက်ရှင်၊ ဆက်စီကျတဲ့ပုံစံမျိုးလေးတွေ သဘောကျတာပဲလို့ ကောက်ချက်ချရင်တော့ မှားသွားပါလိမ့်မယ်။ ဒီရာသီဖွားမဒီတွေဟာ ဒီနေ့မိန်းကလေးဆန်ဆန် ချစ်စရာကောင်းအောင် ဆင်မြန်းပြီး နောက်နေ့ကျရင် ယောက်ျားလေးဆန်ဆန် ဖလန်နယ်ရှပ်အကွက်နဲ့ skinny jean ပြန်ဝတ်ချင်ဝတ်နေတတ်တာပါ။ ဘယ်လိုတွေပဲ တွဲဖက်ဆင်မြန်းဆင်မြန်း တူရာသီဖွားမဒီဟာ တခြားလူတွေနဲ့ မတူတဲ့ ဖက်ရှင်အတွဲအစပ်ကြောင့် အားလုံးရဲ့အာရုံစိုက်မှုတစ်ခုကိုတော့ ရရှိတတ်ကြပါတယ်။

ဖက်ရှင်နဲ့ပတ်သက်ရင် ရူးတဲ့ တူရာသီဖွားတွေရဲ့ပြဿနာက ကြိုက်တဲ့အဝတ်အစားတွေ့ရင် စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဝယ်ဝယ်မိနေတာပါပဲ။ တစ်လကုန်သွားလို့ ကိုယ့်ပိုက်ဆံတွေဘယ်ရောက်သွားသလဲ တွက်ကြည့်လိုက်ရင် အများဆုံးကုန်တာကတော့ အဝတ်အစားဖိုးတွေပါ။ ဒါပေမယ့် သူတို့တွေဟာ အဝတ်အစားအတွက် ပိုက်ဆံငွေကြေးသုံးရတာကိုတော့ ဘယ်တော့မှမနှမြောတတ်ကြပါဘူးတဲ့။

အဝတ်အစားနဲ့ပတ်သက်ရင် ကိုယ်သဘောကျတဲ့ အကျီ၊ အဝတ်အစား၊ အဆင်တန်ဆာစတာတွေကို သူတစ်ပါးက မပြောမဆိုယူဝတ်တာ၊ ငှားဝတ်တာမျိုးတွေကို စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပေမယ့် တစ်နေရာကိုသွားဖို့ ဘာဝတ်ရမှန်းမသိဖြစ်နေတဲ့ အသိမိတ်ဆွေတွေက အကူအညီတောင်းခံတာမျိုးကိုတော့ တူရာသီဖွားတွေက အမြဲတမ်း စိတ်လိုလက်ရ အကြံပေးလေ့ရှိကြပါတယ်။

တူရာသီဖွားတွေရဲ့အကောင်းဆုံး ဖက်ရှင်အရည်အချင်းတစ်ခုကို ပြောပါဆိုရင်တော့ ဂန္တဝင်ဆန်ဆန် အဝတ်အစားမျိုးတွေကိုတောင် အမိုက်စားဖက်ရှင်မျိုး ရအောင် ရောစပ်ဝတ်ဆင်တတ်တာပါ။ ချစ်စရာကောင်းလွန်းတဲ့ ဇာအကျီလက်ရှည်လေးကို Gothic ဖက်ရှင်မျိုးဖြစ်သွားအောင်လည်း မထင်မှတ်ထားတဲ့အမြင်နဲ့ အပေါ်၊အောက် တွဲစပ်ဆင်မြန်းနိုင်တာကြောင့် ဖက်ရှင်နဲ့ပတ်သက်ရင် ထူခြားလွန်းတဲ့ ရာသီခွင်လို့ ဆိုပါရစေ။

တူရာသီဖွားတွေအတွက် အဝတ်အစား၊ အဆင်တန်ဆာနဲ့ပတ်သက်ပြီး ရွေးချယ်ဆင်မြန်းသင့်တဲ့ ကာလာတွေတော့ အပြာနု၊ ရင့်နဲ့ မီးခိုးစတဲ့ကာလာတွေပဲဖြစ်ပါတယ်။ဖက်ရှင်နဲ့ပတ်သက်လာရင် အမြဲအမြင်ရှိတဲ့ရာသီဖွားဖြစ်ပေမယ့် သတိထားရမယ့်အချက်ကလေးတွေလည်း ရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ အရောင်တွေကိုကစားတဲ့အခါ အချိုးညီညီလေး ကစားပြီး ဝတ်ဆင်ပါ။ တစ်ခါတစ်လေ ကိုယ့်သဘောကျ စိတ်ထဲရှိတဲ့အရောင်တွေ အပေါ်အောက် ဆင်မြန်းလိုက်ပေမယ့် တအားကြီး ရင့်သွားတာမျိုး၊ အရောင်နှစ်ခုက တအားမျက်စိနောက်စေတာမျိုးတွေ ဖြစ်တတ်တာမို့ အဲ့ဒီအချက်ကို သတိထားရမှာပါ။သဘောကျတယ်ဆိုရင် အကျီနဲ့ဘောင်းဘီ အတွဲအစပ်ပေါ်ကနေ ဂျက်ကတ်တစ်ထည် ထပ်ဝတ်တာ၊ အဲ့လိုပဲ အကျီ နဲ့ စကတ်ပေါ်ကနေ long coat လေးတွေ ထပ်ဝတ်တာ Layer ဖက်ရှင်တွေက တူရာသီဖွားတွေအတွက် လိုက်ဖက်မှုရှိတဲ့ပုံစံမျိုးပါ။ ဖြစ်နိုင်မယ်ဆိုရင် မိန်းကလေးတအားဆန်တာ၊ ဆက်စီတအားဖြစ်လွန်းတာမျိုးတွေ ရှောင်ပြီး မိန်းမဆန်ပေမယ့် သူများတွေ သိပ်မဝတ်တဲ့ ခပ်ရှုပ်ရှုပ်အထာမျိုး သွားတာ အကောင်းဆုံးပါပဲ။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားအထာကျတဲ့ အမျိုးသမီး တူရာသီဖွားအနုပညာရှင်တွေကတော့ Kate Winslet၊ Hilary Duff၊Gwen Stefani နဲ့ Avril Lavigne တို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ခိုင်သင်းကြည်၊ ခရစ္စတီးနားခီ၊ ချောရတနာ၊ ဆုပန်ထွာ၊ ယွန်းဝတီလွင်မိုး၊ နန်းဆုဦး၊ မေမြတ်နိုး တို့က တူရာသီဖွားတွေဖြစ်ပါတယ်။

 

 

 

 

Share

Loading Next Article...
က္က