ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့ အလှည့်ကျတဲ့ ရာသီဖွားကတော့ အောက်တိုဘာလ ၂၃ ရက်ကနေ နိုဝင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားတဲ့ ဗြိစ္ဆာရာသီဖွား (Scorpio) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ သူ့ရဲ့အကြိုက်၊ သူ့ကိုလွှမ်းမိုးထားတဲ့အရာတွေကို သူမွေးဖွားတဲ့ ရက်၊ လ၊ ရာသီခွင်တွေကိုကြည့်ပြီး သုံးသပ်ခန့်မှန်းနိုင်ပါတယ်။ ဒီလိုပဲ သူဟာ ဘယ်ရာသီဖွား ဖြစ်တယ်ဆိုတာပေါ် မူတည်ပြီးတော့လည်း အဲ့ဒီလူဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်တယ်၊ ဘယ်လို အရောင်မျိုးလေးတွေ ရွေးချယ်ဆင်မြန်းသင့်တယ်ဆိုတာ ပြောပြနိုင်တာမျိုးရှိပါတယ်။ ဒါ့ကြောင့် မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးသွားမှာဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ထင်မှတ်မထားတဲ့ အတွဲအစပ်တွေကြောင့် အားလုံးကြားမှာအမြဲထင်ရှားတဲ့ တူရာသီဖွားတွေရဲ့ ဖက်ရှင်

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့ အလှည့်ကျတဲ့ ရာသီဖွားကတော့ အောက်တိုဘာလ ၂၃ ရက်ကနေ နိုဝင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားတဲ့ ဗြိစ္ဆာရာသီဖွား (Scorpio) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်လာရင် ဆက်စီကျကျလေးပဲဝတ်မလား၊ ဒါမှမဟုတ် ရိုးရိုးလေးပဲ ဝတ်ထားမလား သေချာတာကတော့ ပျင်းစရာကောင်းတဲ့ ပုံစံမျိုး၊ တအားသမာရိုးကျဆန်တဲ့စတိုင်လ်မျိုးတွေ သူတို့ သဘောမကျကြပါဘူး။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ဒီရာသီဖွားတွေရဲ့ဖက်ရှင်ဟာ တခြားသူတွေထက် ထူးခြားမှုတော့အမြဲရှိနေတယ်လို့ ဆိုလိုတာပါ။

သူတို့တွေဟာ အများနဲ့ဆင်တူဝတ်ရတာမျိုးဆိုရင်တောင် သူတို့က အပေါ်၊အောက်အတွဲအစပ်၊ ဒါမှမဟုတ် အဆင်တန်ဆာမှာ တစ်ခုခုထပ်ပြီး ဖြည့်စွက်ဆင်မြန်းတတ်ကြပါတယ်။ ဥပမာ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီနဲ့ ထမီလေး ဝတ်ထားတယ်ဆိုရင် သူဝတ်ထားတဲ့ ရင်ဖုံးအင်္ကျီမှာ သူများနဲ့မတူတဲ့ ဒီဇိုင်းထွင်ထားတာလေး ပါနေတာမျိုးပေါ့။ မဟုတ်လည်း အင်္ကျီမှာ ရင်ထိုးလေးတွေ ထူးခြားအောင် ဆင်မြန်းထားတာမျိုး သူများနဲ့ကွဲပြားနေအောင် ၊ သူများထက်ဆန်းသစ်အောင် တစ်ခုခုကြိုးစားအားထုတ်ပြီး ဆင်မြန်းတတ်ကြပါတယ်။

ဒါပေမယ့် ဒီရာသီဖွားရဲ့ ဝတ်စားဆင်ယင်မှုကလည်း အခုသူတို့ဘာဖြစ်ချင်နေလဲ၊ ဘာလုပ်ချင်နေသလဲ၊ ဘာတွေခံစားနေရသလဲဆိုတဲ့ သူတို့ခံစားချက်အပေါ် အများကြီးမူတည်နေပြန်ပါတယ်။ နောက်ထူးခြားတဲ့အချက်တစ်ချက်က တခြားရာသီဖွားတွေလို အပေါ်ကတီရှပ်၊ အောက်ကဘောင်းဘီ ပုံမှန်ဆင်မြန်းနေရင်း ပွဲတက်တစ်ခုခုရှိမှ ဂါဝန်တွေ၊ dress တွေထဝတ်သလိုမျိုးလည်း ဗြိစ္ဆာရာသီဖွားတွေ မလုပ်ကြပါဘူး။ သူတို့စိတ်ထဲဖီလင်လာတဲ့အတိုင်း ဒီနေ့ မိန်းကလေးဆန်ဆန်ဝတ်ပြီး၊ နောက်နေ့ကျတော့ ယောက်ျားလေးတစ်ယောက်လို တီရှပ်၊ ဂျင်းဘောင်းဘီတွဲဝတ်ချင်ဝတ်ကြတာမျိုးပါ။

စည်းတွေဘောင်တွေ ကျော်ပြီး ဝတ်ဆင်ဖို့လည်း မတွန့်ဆုတ်တဲ့ဗြိစ္ဆာရာသီဖွားတွေဟာ ဒီအဝတ်အစားဆို ဒီအရောင်ပဲ ရွေးသင့်တယ်ဆိုတာမျိုးတွေ၊ ဒီအကျီဒီဇိုင်းမျိုးဆိုရင် ဒီလိုဘောင်းဘီ၊ စကတ်မျိုးနဲ့ပဲ တွဲဝတ်တယ်ဆိုတာမျိုးတွေ လက်မခံတတ်ကြတာတော့ အဆန်းမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း သူတို့ဖက်ရှင်ကိုကြည့်လိုက်ရင် အများက မြင်နေကျမဟုတ်တာကြောင့် ကို့ရိုးကားယားဆန်လိုက်တာလို့ မှတ်ချက်ပေးတတ်ကြပေမယ့် ဖက်ရှင်အကြောင်းကို သိနားလည်တဲ့သူတွေ၊ ဖက်ရှင်ချစ်သူတွေကြားမှာတော့ ဗြိစ္ဆာရာသီဖွားတွေက စတားပါပဲ။

ဒီရာသီဖွားတွေဟာ တစ်ယောက်ယောက်နဲ့ချိန်းထားတာမျိုးရှိရင် ဆက်စီဖြစ်တဲ့ အဝတ်အစား၊ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားမျိုး ကို ရွေးချယ်ဆင်မြန်းလေ့ရှိသလို အလုပ်အတွက် ဆိုရင်လည်း စမတ်ကျကျ Suit တွေဘာတွေကို အထာကျကျဝတ်ဆင်လေ့ရှိပါတယ်။ဒီအချက်ကဘာကိုသိသာသွားစေသလဲဆိုတော့ သူတို့ဟာ အဝတ်အစားဝတ်တဲ့အခါတိုင်းမှာတော့ သူတို့ဖီလင်ပေါ် မူတည်ပြီးဝတ်ဆင်သည့်တိုင် ကိုယ်သွားမယ့်နေရာ၊ ကိုယ့်နေ့စဉ်ဘဝစတာတွေကိုတော့ အမြဲထည့်တွက်တယ်ဆိုတာပါပဲ။

ဗြိစ္ဆာရာသီဖွားတွေနဲ့ ပတ်သက်ပြီး နောက်ထပ်မှတ်သားစရာ အချက်တစ်ချက်က သူတို့ဟာ fashion trend နောက်ကို ဘာမသိညာမသိ လိုက်ဝတ်နေတာထက်စာရင်၊ ကိုယ့်ဖက်ရှင်အမြင်ကို ကိုယ်ယုံကြည်မှု ရှိနေတာမျိုးပါ။ သူများတွေရဲ့ အလွှမ်းမိုးလည်း သိပ်မခံတတ်ကြပါဘူး။

အားသားချက်တွေရှိသလို ကိုယ့်ဖက်ရှင်နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်ကတော့ တစ်ချို့အချိန်တွေမှာ ကိုယ်ဝတ်ချင်နေတာကို ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ဝတ်တာမျိုးတွေက အဆင်ပြေတာမျိုးရှိသလို မပြေတာမျိုးတွေလည်း ရှိတယ်ဆိုတာကိုပါ။ ဒါ့အပြင် အဆင်တန်ဆာလေးတွေကိုလည်း မမေ့မလျော့ တွဲဖက်ဆင်မြန်းပေးဖို့ လိုအပ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေအနေနဲ့ မိန်းကလေးတအားဆန်လွန်းတဲ့ အဆင်တန်ဆာ ဒီဇိုင်းမျိုးတွေ ဖြစ်နိုင်ရင်ရှောင်ပြီး အိတ်တွေဆိုရင်လည်း သေးတာထက် ကြီးတဲ့ အိတ်မျိုးလေးတွေ ကိုင်သင့်ပါတယ်။ မျက်မှန်ကတော့ ဗြိစ္ဆာရာသီဖွားတစ်ယောက်အတွက် မဖြစ်မနေကိုလိုအပ်တဲ့ အဆင်တန်ဆာပါ။

ဗြိစ္ဆာရာသီဖွားတစ်ယောက်အတွက် ဆင်မြန်းလိုက်တာနဲ့ အများစုက တန်းပြီးသတိထားမိသလို ကိုယ်တိုင်လည်း ရွေးချယ်သင့်တဲ့အရောင်ကတော့ အနီရောင်နဲ့ပတ်သက်တာတွေပါ။ အနီရဲရဲ၊ နီညိုစတဲ့အရောင်တွေက ဗြိစ္ဆာရာသီဖွား မဒီတွေကို ပိုဆွဲဆောင်မှုရှိစေတဲ့အရောင်တွေဖြစ်သလို ကိုယ့်ကိုယ္ကိုယ်လည်းယုံကြည်မှုတိုးပွားစေမှာ မယုံမရှိပါနဲ့။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ အမျိုးသမီး ဗြိစ္ဆာရာသီဖွား အနုပညာရှင်တွေကတော့ Julia Roberts၊ Scarlett Johansson၊ Anne Hathaway နဲ့ Shailene Woodley စတဲ့သူတွေပဲ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က