COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပြီးနောက် အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် အမေရိကန်ဆေးဝါးကွပ်ကဲရေး အဖွဲ့အစည်းထံမှာ ခွင့်ပြုချက်လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။

(Photo: Pfizer)

Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်များအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။



တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက် (သို့မဟုတ်) ကိုဗစ်ကာကွယ်ဆေးများ

ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်အရ ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား စိုးရိမ်စရာများမရှိဘူးလို့ ဆိုပါတယ်။ မကြာမီမှာ COVID-19 ကာကွယ်ဆေးရရှိလာတော့မယ့် သတင်းထွက်ပေါ်လာပြီးနောက် Pfizer ရဲ့ ရှယ်ယာတန်ဖိုးဟာ ၂ ရာခိုင်နှုန်းနဲ့ BioNTech ရဲ့ ရှယ်ယာတန်ဖိုးက ၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်းလည်း သိရပါတယ်။

(BioNTech ပူးတွဲတည်ထောင်သူ သိပ္ပံပညာရှင် Ugur Sahin) Photo: AFP)

Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း အမေရိကန်အခြေစိုက် Moderna Inc. ကာကွယ်ဆေးရုရှားထုတ် Sputnik V ကာကွယ်ဆေးတို့ကလည်း COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော်မှ ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်မှုရလဒ်တွေကို အခြေခံပြီး ထုတ်ပြန်ပြောကြားထားပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့ အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက အသက် ၆၀ ကျော်နဲ့ ၇၀ ကျော်အရွယ်တွေမှာ သန်စွမ်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပြီး ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ အသက်အရွယ်အုပ်စုကို ကာကွယ်ပေးနိုင်မယ့် မျှော်လင့်ချက်မြင့်တက်လာပါတယ်။ 

ထို့အတူ တရုတ်မှာ ဖော်စပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေလည်းရှိပြီး အချို့ကို အစိုးရက အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။ တရုတ်ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေးကို လူ ၇၀၀ ဝန်းကျင်မှာ စမ်းသပ်မှုရလဒ်အရ ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကိုဗစ်လူနာတွေကုသရာမှာ Remdesivir ဆေးအသုံးပြုမှုအပေါ် WHO အကြံပြုချက်ထုတ်

ယမန်နှစ် ဒီဇင်ဘာလကုန် တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိမှာ ကမ္ဘာတစ်ဝန်း လူဦး‌ရေ ၅၇ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁.၃ သန်းကျော်နဲ့ ပြန်လည်သက်သာသူ ၃၉ သန်းကျော်ရှိခဲ့ပါတယ်။ ကာကွယ်ဆေးရရှိလာမှုဟာ COVID-19 တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက်ဖြစ်နေပြီး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ပညာရှင်တွေက ဘေးကင်းထိရောက်တဲ့ ကာကွယ်ဆေးရရှိနိုင်ရန် အားထုတ်ကြိုးပမ်းနေကြပါတယ်။

Share

Loading Next Article...
က္က