ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ဓနုရာသီဖွား (Sagittarius) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ မဒီတို့ထဲမှာ နိုဝင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူတွေရှိရင် အဲ့ဒီပျိုမေတွေဟာ ဓနုရာသီဖွားတွေပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ သူဘယ်ရာသီခွင်မှာ မွေးဖွားတယ်ဆိုတာပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ သူ့ကိုဘယ်လိုအရာတွေ လွှမ်းမိုးထားတတ်သလဲ၊ သူ့အကြိုက်စတာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ထပ်ပြီး အတိအကျပြောရရင် ဒီရာသီခွင်မှာ မွေးဖွားတဲ့သူနဲ့ အခြားရာသီခွင်မှာ မွေးဖွားတဲ့သူဟာ ဖက်ရှင်အမြင်၊ နောက် အရောင်ရွေးချယ်မှုစတာတွေကလည်း မတူညီကြပါဘူး။ မဒီတို့အနေနဲ့ ကိုယ်ဘယ်ရာသီခွင်မှာ မွေးဖွားတယ် ဆိုတာကို သိရုံနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ပိုရွေးချယ်သင့်တယ်၊ ဘယ်လို အရောင်မျိုးတွေကိုတော့ ပိုဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေးတွေ သိသွားစေနိုင်တာမို့ ရာသီခွင်နဲ့ဖက်ရှင် ဆက်စပ်ပုံကို ရေးပေးသွားမှာပဲ ဖြစ်ပါတယ်။

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ဓနုရာသီဖွား (Sagittarius) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ မဒီတို့ထဲမှာ နိုဝင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူတွေရှိရင် အဲ့ဒီပျိုမေတွေဟာ ဓနုရာသီဖွားတွေပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ထင်မှတ်မထားတဲ့ အတွဲအစပ်တွေကြောင့် အားလုံးကြားမှာအမြဲထင်ရှားတဲ့ တူရာသီဖွားတွေရဲ့ ဖက်ရှင်

ဖက်ရှင်နဲ့ပတ်သက်ရင် တခြားသူလွှမ်းမိုးတာ မခံတတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေရဲ့အကြောင်း

ဓနုရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်လာရင် ဖက်ရှင်ကျဖို့ဆိုတာထက်၊ ဘာတွေ trendy ဖြစ်နေတယ်ဆိုတာထက် အပေါ်၊အောက်ဘယ်လိုအဆီအငေါ်တည့်ပြီး၊ လိုက်ဖက်မှုရှိအောင် တွဲစပ်ရမယ်ဆိုတာကို ပိုစိတ်ဝင်စားကြသူတွေပါ။ အထူးသဖြင့် သူတို့ဟာ ခေတ်စားနေတဲ့ အဝတ်အစားဒီဇိုင်းတွေထက် ကိုယ့်အတွက် သက်သောင့်သက်သာရှိတဲ့ ဒီဇိုင်းမျိုးတွေကိုသာ ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။

ဒီရာသီဖွားတွေရဲ့ စတိုင်လ်အများစုကတော့ မိန်းကလေးဆန်တဲ့အင်္ကျီဒီဇိုင်းတွေကို သဘောကျတဲ့ စတိုင်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် သူတို့က ဆက်စီကျတဲ့ ဒီဇိုင်းတွေထက်တော့ ချစ်ဖို့ကောင်းတဲ့ဘက်ကိုပိုသွားတဲ့ အဝတ်အစားတွေကို ပိုသဘောကျနှစ်ခြိုက်ကြပါတယ်။ အပေါ်မှာပြောသလို သူတို့သက်သောင့် သက်သာရှိမယ့် အဝတ်အစားမျိုးကိုသာရွေးတာမို့ သူတို့စိတ်ထဲ လူကြားထဲအနေရခက်မယ် ထင်တာနဲ့ အဲဒီလိုအဝတ်အစားမျိုးကို လှည့်မကြည့်တတ်ကြပါဘူး။

ဓနုရာသီဖွားတွေရဲ့ဖက်ရှင်အကြောင်း ဆက်ပြောရရင် သူတို့တွေဟာ သူများနဲ့မတူတဲ့ အင်္ကျီအဝတ်အစား၊ အဆင်တန်ဆာအရောင်ရွေးချယ်မှုလေးတွေ ရှိတတ်ကြတာပါ။ အထူးသဖြင့် ကာလာတောက်တောက်လေးတွေ ဝတ်လာတဲ့နေ့မျိုးဆို သူတို့ရဲ့ဖက်ရှင်ကြောင့် အားလုံးက ကြွေဆင်းသွားကြရတာများပါတယ်။ ဒါပေမယ့် နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ကိုယ်ဝတ်မယ့်အဝတ်အစားက ကိုယ်သိပ်ကြိုက်တဲ့ ကာလာလေး ဆိုရင်တောင် ပွင့်ရိုက်ဒီဇိုင်းတွေက ကိုယ်သဘောမကျတာမျိုးဆိုရင်တော့ အစမ်းဝတ်ကြည့်ဖို့တောင် တွန့်ဆုတ်တတ်ကြတာလည်း ဓနုရာသီဖွားတွေပါပဲ။

ချည်သားအဝတ်အစားတွေဟာာ ဓနုရာသီဖွားတွေအတွက် အရွေးချယ်သင့်ဆုံး အသားဖြစ်ပြီး စကတ်ရှည်ရှည်လေးတွေ၊ ဂျင်းဘောင်းဘီဆိုရင်လည်း Boyfriend Jeans လို သိပ်မကျပ်တဲ့ မပွတပွဒီဇိုင်းလေးတွေ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် အင်္ကျီအပေါ်ကထပ်ဝတ်လို့ရတဲ့ ခြုံထည်ဒီဇိုင်းမျိုးတွေနဲ့လည်း ဒီရာသီဖွားတွေက အထူးလိုက်ဖက်လှပါတယ်တဲ့။

ဖိနပ်တွေထဲမှာဆိုရင်တော့ sneakerတွေ၊ တောင်တက် boot ဖိနပ်တွေ နောက် ပေါ့ပေါ့ပါးပါး ကြိုင်းသိုင်း ဖိနပ်အပါး sandal ဒီဇိုင်းဖိနပ်တွေက ဓနုရာသီဖွားတွေ ရွေးချယ်သင့်ဆုံး ဖိနပ်အမျိုးအစားတွေပါပဲ။ ဒါလေးတွေနဲ့ ကိုယ်ဆင်မြန်းထားတဲ့ ချစ်စရာအသွင်လေးကို ပိုပေါ်လွင်အောင် တွဲစပ်တတ်ဖို့အရေးကြီးပါတယ်။ တစ်ခါတလေ ကိုယ်က ဒေါက်ဖိနပ်အမြင့်စီးချင်တယ်ဆိုရင် အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ ဥပမာ မစီးခင်တစ်ရက် အစမ်းအစီးကျင့်ထားတာမျိုး၊ ဖနောင့်နေရာနာမယ်ထင်ရင် ဖိနပ်ကိုကပ်ခွာလေးတွေ ကြိုကပ်ထားတာမျိုး လုပ်ဖို့လည်း မမေ့ပါနဲ့၊ ဘာလို့လဲဆိုတော့ ဓနုရာသီဖွားတွေရဲ့ စရိုက်ကိုက လွတ်လပ်ပြီးပေါ့ပါးတာကို နှစ်ခြိုက်သလောက် နည်းနည်းအဆင်မပြေဘူး ခံစားရတာနဲ့ စိတ်ထဲဘယ်လိုမှ နေလို့မကောင်းတော့တဲ့ စရိုက်မျိုးရှိတတ်လို့ပါ။

ဓနုရာသီဖွားတွေဟာ မိတ်ကပ်လိမ်းခြယ်ရတာမျိုးကို သဘောကျပါတယ်။ ဒါ့အပြင် ကျောက်မျက်ရတနာလေး တွေ ဝတ်ဆင်ရတာကိုလည်း မြတ်နိုးတတ်သူတွေပါ။ သူတို့ရဲ့နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဆံပင်အပြင်အဆင်နဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ပြင်ဆင် အမြဲလိုက်ဖက် နေတာပါပဲ။ ဥပမာ ရိုးရိုးရှင်းရှင်း ပိုနီတေးလေးစည်းပြီးတော့ပဲ အပြင်ထွက်မလား၊ ဒါမှမဟုတ် ဆံပင်တစ်ခြမ်းကို shave လုပ်လိုက်မလား၊ ဒါမှမဟုတ် dreadlock ပဲ လုပ်ချပစ်မလား၊ ဆံပင်ပုံစံ၊ အပြင်အဆင်အားလုံးနဲ့အဆင်ပြေတာ ဓနုရာသီဖွားတွေပါ။

ဖက်ရှင်နဲ့ပတ်သက်ပြီး ရှောင်ရမယ့်အချက်ကတော့ အဝတ်အစားရွေးတဲ့အခါ ပွင့်ရိုက်ဒီဇိုင်းတွေကို တအားပြုးပြဲတာမျိုးတွေ မရွေးပါနဲ့။ အဆင်တန်ဆာမှာလည်း အမိုက်စားလက်ကိုင်အိတ်တွေ၊ အိတ်အကြီးကြီးတွေ အမြဲမကိုင်ဘဲ တစ်ခါတလေ အိတ်အသေးလေးတွေ၊ လက်ပွေ့အိတ်လေးတွေလည်း ကိုင်သင့်ပါတယ်။ ဘာတွေဝတ်ဝတ်၊ ဘယ်လိုအဆင်တန်ဆာတွေ ဆင်မြန်းဆင်မြန်း ဓနုရာသီဖွားတွေ ရွေးသင့်တဲ့အရောင်ကတော့ ခရမ်းရောင်၊ ပန်းခရမ်း၊ ပန်းရောင် စတဲ့အရောင်ပါတာတွေပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ ဓနုရာသီဖွားအမျိုးသမီး အနုပညာရှင်တွေကတော့ Britney Spears၊ Scarett Johansson၊ Taylor Swift နဲ့ Miley Cyrus တို့ပဲဖြစ်ပါတယ်။ ဓနုရာသီဖွား ပြည်တွင်းအနုပညာရှင်တွေကတော့ နန္ဒာလှိုင်၊ L ဆိုင်းဇီ၊ ဂျင်းနီနဲ့ လိမ္မော်သီးတို့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က