ဘယ်သတင်းတွေ ဖြစ်မလဲ။

ယခုဖော်ပြပေးမယ့် သတင်းတွေက Duwun စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံးနဲ့ပရိသတ်တွေ ဖတ်ရှုမှု အများဆုံးသတင်းတွေထဲကနေ သတင်း(၁၀) ပုဒ်ကို ကောက်နုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဒီသတင်း(၁၀)ပုဒ်ကတော့ ………………

photo : ငြိမ်းချမ်း

မိသားစုစားဝတ်နေရေးအတွက် ဘဝရပ်တည်မှုအခြေအနေကို ပြောပြလာတဲ့ ငြိမ်းချမ်း

ဒီသတင်းလေးက ပရိသတ်တွေကို စိတ်ခံစားချက် တစ်ခု ပေးစွမ်းခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဘဝကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ လူရွှင်တော် တစ်ဦးရဲ့ ဘဝအခြေအနေကို သိခွင့်ရလိုက်တဲ့သတင်းလေးပါ။

ပရိသတ်တွေရဲ့ ဘဝအမောတွေကို သူ့ရဲ့ ဟာသဉာဏ်နဲ့ ဖြေဖျောက်ပေးတတ်သူ လူရွှင်တော် ငြိမ်းချမ်းက ရတဲ့ အနုပညာကြေးတွေကို ချွေချွေတာတာနဲ့ သုံးတတ်သူတစ်ဦးပါ။ အနုပညာလောကရဲ့ ခေတ်ကောင်းခဲ့တဲ့ အချိန်တွေမှာ ရတဲ့ အနုပညာကြေးတွေကို စုဆောင်းပြီးချွေတာသုံးတတ်တာကြောင့် ယခုလိုအခြေအနေမျိုးမှာ သေသေသပ်သပ်လေးနဲ့ ဘဝကို ရပ်တည်နေနိုင်တာလို့ ဆိုပါတယ်။

Photo : နှိုင်းယှဥ်မြင့်မိုရ်

ပိုင်ဖြိုးသုရဲ့ စေတနာကို ချီးကျူးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် သူမကိုယ်တဲ့ ဖုန်းလေး ပျက်သွားလို့ စိတ်မကောင်းဖြစ်နေချိန်မှာ ပိုင်ဖြိုးသုက သူမမှာ ဆီက ဖုန်းအသစ်တစ်လုံးကို လက်ဆောင်ပေးခဲ့တာပါ။ အရမ်းကို စိတ်ထားဖြူစင်လှတဲ့ ပိုင်ဖြိုးသုရဲ့ စိတ်ထားလေးကို နှိုင်းယှဉ်မြင့်မိုရ်က ချီးကျူးစကားဆိုခဲ့တာပါ။

ဒီသတင်းလေးကလည်း ပိုင်ဖြိုးသုရဲ့ စိတ်သဘောထားဖြူစင်မှုကို ဖော်ပြတဲ့ သတင်းတစ်ခုဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကို အပြည့်အဝရခဲ့တဲ့ သတင်းလေးလည်း ဖြစ်ပါတယ်။  

https://www.duwun.com.mm/entertainment/local-celebrity/piuiue-estnakiu-ikliukte-iywmmiu-id12914

photo : လွင်မိုး

ရှက်စရာကောင်းတဲ့ အကယ်ဒမီပေးပွဲလို့ သုံးသပ်လိုက်တဲ့ လွင်မိုး

ဒီသတင်းကတော့ အနုပညာလောကသားတွေထဲမှာရော ပြည်သူတွေကြားထဲမှာပါ လှုပ်ခတ်သွားတဲ့ သတင်းတစ်ခုပါ။ ၂၀၁၈ခုနှစ် အကယ်ဒမီ ပေးပွဲကြီး အပြီးမှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး လွင်မိုးက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အကယ်ဒမီဟာ အရမ်းကို ရှက်စရာကောင်းခဲ့တဲ့ ပွဲတစ်ပွဲကို ဆိုပါတယ်။

https://www.duwun.com.mm/entertainment/local-celebrity/akydmieppekui-wksaekatyluiuilate-lmiu-id13019

photo : သင်ဇာဝင့်ကျော်

ချစ်သူကို အလင်းပြလိုက်တဲ့သင်ဇာဝင့်ကျော်

အမျိုးသားထုကြီးကြား လှုပ်ခတ်သွားတဲ့ သတင်းပါ။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ကြောင့် အမျိုးသားပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ချစ်သူဟာ ဘယ်သူများ ဖြစ်နေမလဲဆိုပြီးစိတ်ဝင်စားနေကြတဲ့ အချိန်မှာ သူမရဲ့ ချစ်သူကို အလင်းပြခဲ့တာပါ။ နိုင်ငံခြားသား ချစ်သူ ဖြစ်တာကြောင့်လည်း ပရိသတ်တွေကြားထဲမှာ ပြောစမတ်တွင်သွားခဲ့ပါတယ်။

https://www.duwun.com.mm/entertainment/local-celebrity/sukui-alpluikte-zaweka-id14446

မိုးဟေကို ကို မျက်နှာချင်းမဆိုင်ရဲလောက်အောင် အားနာမိတယ်ဆိုတဲ့ ဒါရိုက်တာ စတီးလ်

လူငယ်တွေအတွက်မျှော်လင့်ပြီး ရိုက်ကူးထားတဲ့ ‘ရှေ့သွားနောက်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးဟာ လူငယ်ပရိသတ်တွေကြားထဲ ထင်သလောက်မပေါက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒရာမာ မကြိုက်တဲ့ လူငယ်တွေအတွက် ဒရာမာကားရိုက်ခဲ့မိတဲ့ သူကိုယ့်တိုင်လည်း နောင်တရခဲ့တယ်လို့ သူက ဆိုပါတယ်။

https://www.duwun.com.mm/entertainment/cele-yatkwat/miuehkiu-kiu-mkwamiueelakeaa-aanamityiute-daiuktastil-id20907

ဦးကင်းဆုံးရတာ ရောဂါကြောင့်မဟုတ်ဘူးလို့ ဇနီးဖြစ်သူပြော

ကင်းကောင်ဆုံးပါးသွားတဲ့ သတင်းဟာ ပရိသတ်တွေကြားထဲမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ စိတ်ထိခိုက်ခဲ့ရတဲ့ သတင်းတစ်ခုပါ။ ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်တတ်တဲ့ ကင်းကောင်းဟာ ဇန်နဝါရီလ(၂၂) ရက်နေ့မှာ ရုတ်တရက်ဆုံးပါးခဲ့တာပါ။ ကင်းကောင်းတစ်ယောက် ဘာကြောင့် ဆုံးပါးသွားရတာလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးဇနီးဖြစ်သူက ဦးကင်းရဲ့ အပေါင်းအသင်းတွေကို ယခုလို ပြောပြခဲ့ပါတယ်။

https://www.duwun.com.mm/entertainment/cele-yatkwat/ik-uta-eagaekamhutuliu-znisuepa-id10771

အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားအပေါ် ဇဏ်ခီရဲ့ တုံ့ပြန်မှု

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားဟာပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဇာတ်ကားအောင်မြင်ရုံတင်မကပါဘူး မြန်မာ့ရုပ်ရှင်လောကကိုပါ ချိန်းခြောက်လာတဲ့ ဇာတ်ကားတစ်ကားအနေနဲ့ တည်ရှိနေခဲ့တာပါ။ အဲ့ဒီဇာတ်ကား ရုံတင်ပြီး သိပ်မကြာခင်မှာဘဲ အွန်လိုင်းစာမျက်နှာပေါ်မှာ ဇာတ်ကားအစဆုံး ထွက်ပေါ်လာတာကြောင့် ဂယက်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

https://www.duwun.com.mm/entertainment/local-celebrity/anluiepmwa-pnente-paytmzatkaaep-zie-tupnm-id13091

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန် ကွယ်လွန်

လူကြမ်း သရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝရီ(၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။   မိသားစုဘဝအတွက် ရုန်းကန်ရင်းရေသန့်ဗူး ပို့ရင်း ရုန်းကန်ခဲ့ရတဲ့ သူဟာ ရင်ကြပ်ရောဂါခံစားနေရတာကြောင့် ဆေးကုသမှုခံနေရတာပါ။ သူရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်း အဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။

https://www.duwun.com.mm/entertainment/local-celebrity/lukmupea-imsin-kyln-id9833

Photo : YE Tun

ကရင်ပြည်နယ်မှာ စေ့စပ်လိုက်ပြီဆိုတဲ့ ဖိုးချစ်

ဇာတ်မင်းသားဖိုးချစ်တစ်ယောက် မေလ(၁) ရက်နေ့မှာ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းက ပရိသတ်တွေကြားထဲ တော်တော့်ကို Surprise ြဖစ်ခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေမှာတောင် ဖြေလေ့မရှိတဲ့ ဖိုးချစ်က ရုတ်တရက် ကရင်ပြည်နယ်မှာ စေ့စပ်ပွဲလုပ်လိုက်တဲ့အကြောင်းက ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။

https://www.duwun.com.mm/entertainment/local-celebrity/kpnymwa-essppe-lupete-ius-id14289

သိန်း(၅၀)နဲ့ အာမခံရသွားတဲ့ ဝေဠုကျော်

ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်တစ်ယောက် ပထမဆုံး ရုံးချိန်းမှာ အာမခံ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ အာမခံ လျှောက်ထားမှုမှာ သိန်း(၅၀)နဲ့ အာမခံ ရသွားခဲ့တာပါ။

https://www.duwun.com.mm/entertainment/cele-yatkwat/inne-aamwiate-eweka-id10738

Share

Loading Next Article...
က္က