ဒီတစ်ခေါက်အလှည့်ကျတဲ့ ရေးပေးသွားမယ့် ရာသီဖွားကတော့ ဒီဇင်ဘာလ ၂၂ရက်ကနေ ဇန်နဝါရီလ ၁၉ရက် အတွင်း မွေးဖွားတဲ့ မကာရရာသီဖွား (Capricorn) ပဲ ဖြစ်ပါတယ်။

ရာသီခွင် (၁၂) မျိုးရှိတဲ့အထဲ ကိုယ်က ဘယ်ရာသီဖွားဆိုတာကို သိမယ်ဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ ဘယ်လိုအရောင်တွေ ကြိုက်နှစ်သက်ပြီး ဘယ်လိုအရောင်ကိုတော့ဖြင့် ရွေးချယ်သင့်တယ်၊ ကိုယ့်ကိုလွှမ်းမိုးထားတဲ့အရာတွေက ဘာဖြစ်တယ်ဆိုတာကိုပါ ရာသီခွင်ကတစ်ဆင့် သိရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ့်ရဲ့ဖက်ရှင်စတိုင်ကိုလည်း ရာသီခွင်နဲ့ချိတ်ဆက်ပြီး လိုက်ဖက်မှုရှိတာ၊ မရှိတာ၊ မဝယ်သင့်တဲ့အရာ၊ ဘယ်အရောင်လေးတွေကတော့ ကိုယ်ဆင်မြန်းသင့်တဲ့အရောင် စသဖြင့် သုံးသပ်ခန့်မှန်း ပြောဆိုနိုင်ပါသေးတယ်။ ဒါ့ကြောင့် မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးသွားမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်အလှည့်ကျတဲ့ ရေးပေးသွားမယ့် ရာသီဖွားကတော့ ဒီဇင်ဘာလ ၂၂ရက်ကနေ ဇန်နဝါရီလ ၁၉ရက် အတွင်း မွေးဖွားတဲ့ မကာရရာသီဖွား (Capricorn) ပဲ ဖြစ်ပါတယ်။

မကာရ ရာသီဖွားတွေက များသောအားဖြင့် အပေါ်၊အောက်တွဲဖက်ဆင်မြန်းတဲ့အခါ ဖြစ်သလိုတွေ့ကရာ အလွယ်တကူ မတွဲစပ်ကြပဲ ကိုယ့်အသွင်၊ ကိုယ့်ဖက်ရှင်ကို စမတ်ကျတဲ့ဘက်ရောက်အောင် တွဲဝတ်တတ်ကြ သူတွေပါ။ ဖက်ရှင်နဲ့ပတ်သက်ရင် တစ်ဖက်လူက ကြည့်လိုက်တာနဲ့ သန့်နေတာပဲ ဆိုတဲ့မှတ်ချက်မျိုးပေးရတဲ့ အထိ အထာကျကျ၊ စမတ်ကျကျ ဆင်မြန်းတတ်သူတွေပေါ့။

ဒီရာသီဖွားတွေဟာ ကိုယ်ဝတ်မယ့်အဝတ်အစားဒီဇိုင်းတွေက ဘယ်နေရာမှာ ရှိတတ်တယ်၊ ဘယ်နေရာမှာ ဝယ်ရင်အဆင်အပြေဆုံးဖြစ်တယ်ဆိုတာမျိုးကလည်း အမြဲလေ့လာနေတတ်ကြသူတွေပါ။ အထူးသဖြင့် သူတို့တွေဟာ ကိုယ်အကြိုက်ဆုံးလိုချင်နေတဲ့ဒီဇိုင်းကို ဘယ်နေရာမှာ စျေးသက်သက်သာသာနဲ့ရနိုင်မလဲ၊ လျှော့စျေးနဲ့ရောင်းပေးနေတဲ့ အဝတ်အထည်တွေဆိုရင်တောင် ဘယ်ဒီဇိုင်းက အသန့်ဆုံးနဲ့ စမတ်ကျကျ ဖြစ်မလဲ အမြဲဦးစားပေးစဉ်းစားရွေးချယ်တတ်ကြသူတွေဆိုရင်လည်း မမှားပါဘူး။ ကိုယ်ပေါ်မှာသပ်ရပ်ပြီး ထင်းနေမယ့် Suit လေးတွေ မကာရမဒီတွေအတွက် ခုချိန်အရွေးချယ်သင့်ဆုံး ဒီဇိုင်းပါ။ Business Suit တွေကို ဝတ်ဆင်ရတာ သဘောကျတဲ့ဒီရာသီဖွားတွေအနေနဲ့ Suit ဒီဇိုင်းသစ်တွေကို ရုံးတက်၊ ကုမ္ပဏီအတွက်တင်မဟုတ်ဘဲ ခုဆိုရင် ကိုယ်သဘောကျတဲ့နေရာတွေကို အမိုက်စားဆင်မြန်းနိုင်နေပြီလေ။

မကာရရာသီဖွားတွေရဲ့ ထူးခြားချက်က သူတို့ဟာအလုပ်ကို အလေးထားတဲ့သူတွေဖြစ်တာမို့ သူတို့ရွေးချယ်တဲ့ အဝတ်အစားဒီဇိုင်းတွေဟာ လက်တွေ့ကျပြီး သူတို့ Lifestyle နဲ့ကွက်တိဖြစ်တာများပါတယ်။ ကိုယ်မဝတ်တဲ့အဝတ်အစားဒီဇိုင်းမျိုး ဘယ်လောက်ခေတ်စားနေပါစေ လှည့်ကြည့်မယ့်သူတွေထဲ မကာရရာသီဖွားတွေ မပါပါဘူး။

အဝတ်အစားဝယ်တော့မယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်နဲ့ဒီအဝတ်အစား အဆင်ပြေမပြေ၊ ကိုယ်သွားမယ့်နေရာ၊ ကိုယ်သွားမယ့်ပွဲ စတာတွေကိုပဲအမြဲစဉ်းစားတတ်ကြသူတွေပါ။ တစ်ခါတလေ ကိုယ်သဘောကျတဲ့ ဒီဇိုင်းမျိုးရှာမတွေ့ဘူးဆိုရင် အပ်ချုပ်ဆိုင်မှာ ကိုယ်တိုင်းနဲ့သေချာအပ်ဝတ်လေ့ရှိတဲ့ရာသီဖွားကလည်း မကာရရာသီဖွားပဲ ဖြစ်ပါတယ်။

မကာရရာသီဖွားတွေအနေနဲ့ နောက်ထပ်ရွေးချယ်သင့်ပြီး လိုက်ဖက်တဲ့စတိုင်ကတော့ Classic style လေးတွေပါ။ ရိုးရှင်းပေမယ့် ကြည့်လိုက်တာနဲ့ ထင်းကနဲ အဆင့်ရှိရှိ အားလုံးကိုဆွဲဆောင်နိုင်မယ့် ဖက်ရှင်မျိုး ဆိုရင် မကာရရာသီဖွားနဲ့ Classic ဖက်ရှင်စတိုင်ကို ခွဲခြားလို့ရမယ်မထင်ပါဘူး။

ဘောင်းဘီတွေထဲမှာဆိုရင် ခုနောက်ပိုင်းခေတ်စားတဲ့ Mid Rise ခါးအမြင့်အကွက်ဒီဇိုင်းလေးတွေနဲ့ ရှပ်အဖြူလေးတွေ တွဲဝတ်တာမျိုး၊ စကတ်ဆိုရင်လည်း သူများနဲ့မတူထူးခြားတဲ့ စကတ်အကား၊ Midi စကတ်လေးတွေ ဝတ်တာမျိုးနဲ့ မကာရရာသီဖွားတွေက လိုက်ဖက်ပါတယ်။

အဆင်တန်ဆာအနေနဲ့ဆိုရင်တော့ ဒီရာသီဖွားတွေက သိပ်အများကြီး မဝတ်ဆင်တတ်ကြပါဘူး။ ဝတ်ရင်လည်း ရိုးရိုးလေးတွေလို့ ထင်ရပေမယ့် သူတို့ဝတ်ဆင်ထား တဲ့ ကျောက်မျက်ရတနာတွေက စျေးကြီးပေးရတဲ့ဟာတွေပဲ ဖြစ်နေတတ်ပါတယ်။ ဆံပင်အပြင်အဆင်ပိုင်းနဲ့ပတ်သက်ရင် ရှည်ရှည်တိုတို သိပ်ဂရုမစိုက်တတ်ပေမယ့် ဒီရာသီဖွားဟာ ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျနေအောင်တော့ ငါးမိနစ်အတွင်း ပြင်ဆင်တတ်သူတွေပါ။

အမြဲတမ်းပုံစံတစ်မျိုးတည်းသွားနေတာမျိုးကို ပျင်းလာရင် တစ်ခါတစ်လေ Cargo ဘောင်းဘီမျိုးတွေ၊ Ripped Jeans တွေ ၊ Cropped Jacket၊ ရှေ့ကြယ်သီးတပ် ဂျင်းစကတ်လေးတွေ၊ sneaker စတာလေးတွေနဲ့ လူငယ်ဆန်ဆန်လေး ပေါ့ပေါ့ပါးပါး ဆင်မြန်းကြည့်ပါ။ ဒါ့အပြင် Dressတွေက ဝတ်နေကျမဟုတ်ဘူးဆိုရင်တော့ တစ်ခါတလေ အပြောင်းအလဲအနေနဲ့ ဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

မကာရရာသီဖွားတွေ ရွေးချယ်ရမယ့်အရောင်တွေကတော့ အစိမ်းရောင်တို့၊ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ ကာလာနဲ့ပတ်သက်ရင် အရောင်ရင့်ရင့်တွေကို ခေါင်းကနေ ခြေဖျားအထိ ဝတ်တာမျိုး၊ ဒါမှမဟုတ် ကာလာအဆန်းနှစ်ခုကို အပေါ်အောက်တွဲဝတ်တာမျိုးတွေကလည်း မကာရရာသီဖွားတွေကို ဆွဲဆောင်မှုရှိစေတယ်ဆိုတာ မမေ့ပါနဲ့။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားအထာကျတဲ့ မကာရအမျိုးသမီးနိုင်ငံတကာ အနုပညာရှင်တွေကတော့ Kate Moss၊ January Jones၊ Kate Middleton နဲ့ Mary J. Blige တို့ဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တွေကတော့ ဝိုင်းစုခိုင်သိန်း ၊ အွန်ဆိုင်း၊ သဇင်ထူးမြင့် ၊ သန္တာဗိုလ် ၊ ပန်းရောင်ခြယ် နဲ့ ပန်းသွေးခြယ် တို့ပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ထင်မှတ်မထားတဲ့ အတွဲအစပ်တွေကြောင့် အားလုံးကြားမှာအမြဲထင်ရှားတဲ့ တူရာသီဖွားတွေရဲ့ ဖက်ရှင်

ဖက်ရှင်နဲ့ပတ်သက်ရင် တခြားသူလွှမ်းမိုးတာ မခံတတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေရဲ့အကြောင်း

လှတာထက် သက်သောင့်သက်သာရှိတဲ့ ဒီဇိုင်းမျိုးကို ဦးစားပေးရွေးတတ်တဲ့ ဓနုရာသီဖွားတွေရဲ့ဖက်ရှင်

Share

Loading Next Article...
က္က