ဇန်နဝါရီလ ၂၀ ရက်ကနေ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူတွေက ကုံရာသီဖွားတွေပါ။

လူတစ်ယောက်ဟာ သူဘယ်ရာသီခွင်မှာ မွေးဖွားတယ်ဆိုတာပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ သူ့ကိုဘယ်လိုအရာတွေ လွှမ်းမိုးထားတတ်သလဲ၊ သူ့အကြိုက်စတာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ထပ်ပြီး အတိအကျပြောရရင် ဒီရာသီခွင်မှာ မွေးဖွားတဲ့သူနဲ့ အခြားရာသီခွင်မှာ မွေးဖွားတဲ့သူဟာ ဖက်ရှင်အမြင်၊ နောက် အရောင်ရွေးချယ်မှုစတာတွေကလည်း မတူညီကြပါဘူး။ မဒီတို့အနေနဲ့ ကိုယ်ဘယ်ရာသီခွင်မှာ မွေးဖွားတယ် ဆိုတာကို သိရုံနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ပိုရွေးချယ်သင့်တယ်၊ ဘယ်လို အရောင်မျိုးတွေကိုတော့ ပိုဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေးတွေ သိသွားစေနိုင်တာမို့ ရာသီခွင်နဲ့ဖက်ရှင် ဆက်စပ်ပုံကို ရေးပေးသွားမှာပဲ ဖြစ်ပါတယ်။



ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ကုံရာသီဖွား (Aquarius) ရဲ့ ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်ကနေ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူတွေက ကုံရာသီဖွားတွေပါ။

ကုံရာသီဖွားတွေရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်ကို ပြောပါဆိုရင် သူတို့ရွေးချယ်တဲ့ အဝတ်အစားဒီဇိုင်း၊ အထူးသဖြင့် ပွင့်ရိုက်ဒီဇိုင်းတွေက သူများတွေဝတ်တဲ့ ဒီဇိုင်းမျိုးတွေနဲ့ အမြဲကွဲပြားနေတတ်တာပါ။ တခြားလူတွေက ခုခေတ်စားနေတဲ့ အပွင့်အခက်၊ အစက်အပြောက်ဒီဇိုင်း စတာတွေကို ရွေးမယ်ဆိုရင် ကုံရာသီဖွားတွေက သူတို့နဲ့မတူညီပဲ သီးသန့်ဆန်တဲ့ အခြားပွင့်ရိုက်ဒီဇိုင်းတွေ ဝတ်ဆင်ပါလိမ့်မယ်။ ဟိုအရင် ၈ဝပြည့်နှစ်က အင်္ကျီအဝတ်အစားဒီဇိုင်းတွေကို အစောပိုင်းပြန်လည်ဝတ်ဆင် တတ်သူတွေဟာ ကုံရာသီဖွားတွေပါ။

သူတို့တွေဟာ ဖက်ရှင်ရေစီးကြောင်း တပတ်ပြန်လည်တာကို ကောင်းစွာနားလည်တဲ့အပြင် ဘယ်လိုတွဲစပ်ရမယ်ဆိုတာကိုပါ သိနေကြသူတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကုံရာသီဖွားတွေဟာ သူတို့ကိုစိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုပေးတဲ့ အဝတ်အစားမျိုးတွေကိုသာ အမြဲရွေးချယ်တတ်ကြပါတယ်။ ခုလက်ရှိခေတ်စားနေတဲ့ အင်္ကျီအဝတ်အစား ဒီဇိုင်းမျိုးတွေကို ဒီတိုင်းဝတ်ရတာထက် လူတွေမထင်ထားတဲ့ ဖက်ရှင်အမြင်နဲ့ ထူးခြားစွာတွဲစပ်တတ်ကြပြီး အရင်ခေတ်ကဒီဇိုင်းတွေနဲ့ ခုခေတ်ဒီဇိုင်းကို ပေါင်းစပ်ဝတ်တတ်ကြသူတွေကလည်း ကုံရာသီဖွားတွေပါ။

ခေါင်းမာတဲ့ကုံရာသီဖွားတွေနဲ့အတူ ရှော့ပင်လုပ်မယ်ဆိုရင် သူတို့ကိုအကြံပေးတာထက် သူတို့ကိုယ့်ကိုအကြံ ပေးတဲ့ ဒီဇိုင်းမျိုးကိုသာ ဝယ်လိုက်တာ ပိုကောင်းပါတယ်။ ကုံရာသီဖွားတွေအနေနဲ့ တစ်ခါတလေမှာတော့ ကိုယ့်ကိုအပြောင်းအလဲဖြစ်စေတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးလေးတွေ စမ်းဝတ်ကြည့်သင့်ပါတယ်။ ကိုယ်က မိန်းကလေးအရမ်းဆန်တဲ့စတိုင်မျိုး မဟုတ်ဘူးဆိုရင်တော့ တစ်ခါတစ်လေတော့ ချစ်စရာကောင်းတဲ့ dress လေးတွေ၊ အင်္ကျီလေးတွဝတ်ပြီး အားလုံးရဲ့အမြင်ကို ပြောင်းပစ်ကြည့်တာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ကုံရာသီဖွားတွေ ရွေးချယ်ပြီးဆင်မြန်းကြည့်သင့်တဲ့ အဝတ်အစားဒီဇိုင်းတွေထဲမှာ အတွန့်အဖတ်ဘလောက်စ်လေးတွေ၊ wrap dress မျိုးလေးတွေ၊ bodycon လို အကျပ်လေးတွေ၊ Midi စကတ်လေးတွေ ပါနေတာကြောင့်ပါ။

အရောင်နဲ့ပတ်သက်ရင်တော့ ကုံရာသီဖွားတွေဟာ အစကတည်းက အရောင်လွင်လွင်လေးတွေ သဘောကျတတ်တာကြောင့် ခုခေတ်စားမယ့် အစိမ်းတောက်တောက်၊ စိမ်းပြာရောင်၊ လိမ္မော်တောက်တောက် စတာလေးတွေပါ ထပ်ပြီး ဝတ်ကြည့်လိုက်ပါဦး။ ကုံရာသီဖွားတွေရဲ့ ရွေးချယ်သင့်တဲ့အရောင်ကလည်း အစိမ်း၊ အပြာနဲ့ စိမ်းပြာရောင်တွေဖြစ်တာမို့ အထူးတလည်တောင် အရောင်ရွေးနေစရာမလိုတော့ပါဘူး။

ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာဆိုရင် ဒီရာသီခွင်အတွက် လူတွေသတိထားမိတဲ့ အရာက ခြေထောက်နဲ့ ခြေကျင်းဝတ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုးသိုင်းဖိနပ်လေးတွေ၊ ဖိနပ်ဒေါက်သိပ်မမြင့်တဲ့ အရှုပ်ဒီဇိုင်း sandal လေးတွေ ရွေးဝတ်ပါ။ စကတ်လေးတွေဆိုရင် သိပ်မတို သိပ်မရှည်တဲ့ စကတ်မျိုးတွေက သင့်တော်ပါတယ်။ ခြေခုံလောက်ထိ ရှည်လွန်းတဲ့ dress၊ ဂါဝန်နဲ့ဘောင်းဘီမျိုးတွေ ရှောင်ပါ။

ကုံရာသီဖွားတွေအနေနဲ့ သတိထားရမယ့်အချက်က တစ်စုံတစ်ယောက်က အကြံပေးလို့ ခုလက်ရှိခေတ်စားနေတဲ့ နောက်ဆုံးပေါ် အဝတ်အစားမျိုးတွေကို လိုက်မဝတ်ဘဲ ကိုယ့်စိတ်ထဲ သဘောကျပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အဝတ်အစားမျိုးတွေကိုသာ ဝတ်ပါ။ ဘာလို့လဲဆိုတော့ သူများပြောတာကို လိုက်ဝတ်ပြီး စိတ်မသက်မသာခံစားရတတ်တဲ့သူတွေထဲ ကုံရာသီဖွားတွေ ပါနေတတ်တာကြောင့်ပါ။

အဆင်တန်ဆာပိုင်းနဲ့ပတ်သက်ရင်တော့ ခုလက်ရှိ statement နားကပ်၊ ဆွဲကြိုး စတဲ့ နားကပ်ခပ်ကြီးကြီး၊ ဆွဲကြိုးကြီးကြီးတွေ ပြန်ခေတ်စားနေတာမို့ ဝတ်နေကျ မျှင်မျှင်သေးသေးလေးတွေအစား ပွဲတက်၊ ပါတီသွား၊ music festival ဘာညာသွားရင်တော့ စမ်းပြီးဝတ်ကြည့်လိုက်ပါ။ အမျှင်သေးသေးလေးတွေပဲ သဘောကျရင်တော့ ဆွဲကြိုးဆိုအကုံးမျှင်မျှင်လေးတွေပါတဲ့ Layered necklace လေးတွေ ဆွဲကြည့်ဖို့ အကြံပေးချင်ပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ ကုံရာသီဖွားတွေကတော့ Jennifer Aniston၊ Shakira ၊ Elizabeth Olsen ဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တွေကတော့ တင်ဇာမော်နဲ့ ဆန်းသစ်လ တို့ပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ထင်မှတ်မထားတဲ့ အတွဲအစပ်တွေကြောင့် အားလုံးကြားမှာအမြဲထင်ရှားတဲ့ တူရာသီဖွားတွေရဲ့ ဖက်ရှင်

ဖက်ရှင်နဲ့ပတ်သက်ရင် တခြားသူလွှမ်းမိုးတာ မခံတတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေရဲ့အကြောင်း

လှတာထက် သက်သောင့်သက်သာရှိတဲ့ ဒီဇိုင်းမျိုးကို ဦးစားပေးရွေးတတ်တဲ့ ဓနုရာသီဖွားတွေရဲ့ဖက်ရှင်

စမတ်ကျတဲ့အဝတ်အစားဒီဇိုင်းတွေကို သဘောကျနှစ်ခြိုက်တဲ့ မကာရရာသီခွင်ရဲ့ ဖက်ရှင်



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က